နှင်း၏ စေညွှန်ရာ ( ၁ )

in #myanmar8 years ago (edited)

လေအကွယ်ဘက်လိုဏ်ဂူအတွင်းပိုင်းသို့ ပေ၅၀ခန့် ထက်၍ တိုးဝင်လိုက်ကျသည်။ ချမ်းလွန်းသဖြင့် ခိုက်ခိုက်တုန်နေပြီဖြစ်ရာ သည် လိုဏ်ဂူကို တွေ့ရ၍ တော်သေးသည် ဆိုရမည်။ ကျွန်တော် အပါအဝင် တက္ကသိုလ်တောင်တက်အသင်းမှ ကျောင်းသားကျောင်းသူ ၂၀ခန့်နှင့် အတူ နည်းပြ ဆရာ ၂ဦးပါဝင်သော လေ့လာရေး အဖွဲ့သည် ရေခဲတောင်လေ့လာရေးထွက်လာကျစဉ် နှင်းမုန်တိုင်းတိုက်ခတ်လာခြင်းကြောင့် ယခုကဲ့သို့ လမ်းပျောက်သွားကျခြင်းဖြစ်သည်။ ကျွန်တော်တို့သည် လူစုမကွဲစေရန် တစ်ဦးနှင့်တစ်ဦး တွဲချည်ထားကျပြီး မုန်ဒဏ်ကြောင့် လွင့်စင်ကျလာသော ရေခဲပွင့်များကို ရှောင်တိမ်းရင်း မုန်တိုင်းဒဏ် ခံနိုင်မည့် လေကွယ်ရာကို အမြန်ဆုံး ရှာဖွေခဲ့ကျသည်။

image
source

မူလလမ်းကြောင်းမှ သွေဖယ်၍ လေဒဏ်ကို ခံနိုင်မည့် အကွယ်တစ်ခုကို ရှာဖွေရာမှ ဤ ကျောက်ဂူကြီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကျောက်ဂူ အဝသည် ကျယ်ပြန့်ပြီး ဧည့်ခန်းသဖွယ် ဖြစ်နေကာ အတွင်းပိုင်းသည် တဖြည်းဖြည်း ကျဉ်းမြောင်းသွားဟန်ရှိသည်။ ကျွန်တော်တို့လူစုသည် တောကောင်များ ရှိမရှိ တချက်စစ်ဆေးလိုက်ကာ ဂူအတွင်း ခိုလှုံဝင်ရောက်ခဲ့ကျသည်။ ကျွန်တော်သည် လက်ပတ်နာရီကို ကြည့်လိုက်တော့ ညနေ ၆နာရီကျော်ပေပြီ။ ကျွန်နော်တို့ မုန်တိုင်းဒဏ်ခံနေရသည်မှာ ၂နာရီ နီးပါးခန့်ကြာမြင့်ပြီ ဖြစ်ပြီး မကြာမီ မှောင်လာပေတော့မည်။ ကျွန်တော်တို့ အဖွဲ့သည် လေကွယ်ရာဘက်တွင် ပါလာသော မီးကျစ်ကိုထွန်းညှိထားလိုက်ကျသည်။ နည်းပြဆရာက တစ်တိုင်သာ ထွန်းညှိစေပြီး လောင်စာချွေစေသည်။ ထို့နောက် ကျွန်တော်တို့သည် မုန်တိုင်း အခြေအနေကို အကဲခတ်ကာ အကယ်၍ မုန်တိုင်းစဲသွားသည်ဆိုအုံးတော့ ရှေ့ဆက်ဖို့ အဖြစ်နိုင်တော့ပေ။

image
source

ထို့ကြောင့် ယခုညတော့ဖြင့် ဒီဂူထဲမှာပင် အနားယူရန် ဆရာများမှ ဆုံးဖြတ်လိုက်ကျသည်။ မုန်တိုင်းစဲလျှင်တော့ သစ်တိုသစ်ခြောက်များ ထင်းရှုးသစ်တုံးများ ထင်းရှုးသီးများကို စုဆောင်း၍ မီးဖိုဖိုကာ အချမ်းပြေနိုင်ကောင်းပါသည်။ မိန်းကလေးများမှလည်း ပါလာသော ရွက်ဖျင်တဲအိပ်များကို ဖွင့်ကာ အဖွဲ့လိုက် ဝိုင်းထိုင်နေကျသည်။ နာရီဝက်ခန့် ကြာသော အခါ မုန်တိုင်းသည် တဖြည်းဖြည်းစဲလာဆလသည်။ နည်းပြဆရာ တစ်ဦးနှင့် ကျွန်တော်အပါအဝင် ကျောင်းသား ၅ယောက်ခန့်သည် ဂူပေါက်မှ နေ၍ အခြေအနေကို စောင့်ကြည့်ကျသည်။ ထို့နောက် အပြင်ဘက်တွင် မှောင်နေပြီဖြစ်ရာ လက်နှိပ်ဓာတ်မီးကိုယ်စီနှင့် ထင်းရှာရန် ထွက်ခဲ့ကျလေသည်။

ဆက်ရန် ...

@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဝထ္ထုတပုဒ်​ စ​တော့တာလား

ဟုတ် အသစ် စပြီ ဦးယု

ဝတ္ထုကောင်းတစ်ပုဒ် ဖတ်ရတော့မယ့်အတွက် ကျေးဇူးပါမတ်မတ်စု။

အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ် ကိုမဟော်

ဒါက ရေးဟန်စတိုင်တစ်မျိုးပေါ့ မစု

ယောက်ျားလေးနေရာက ရေးကြည့်တာ ဘထွေးရေ

နိဒါန်းအစမှာကိုဘယ်​လိုအ​ကြောင်းအရာများဖြစ်​လာမလဲဆိုတာစိတ်​၀င်​စားမိ​နေပြီ.....ဆက်​လက်​ဖတ်​ပါ့မယ်​....

Posted using Partiko Android

အားပေးတဲ့အတွက် ကျေးဇူးပါ ညီမရေ စွန့်စားခန့်လေးတွေ ထိန့်လန့်စရာလေးတွေ လျှို့ဝှက်ချက်တွေနဲ့ နှင်းရဲ့ စေညွှန်ရာ စပါပြီ

နောက်တစ်ပုဒ်ပေါ့

Posted using Partiko Android

ဟုတ်တယ် ကိုစော

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 62912.45
ETH 1707.26
USDT 1.00
SBD 0.40