နှင်း၏ စေညွှန်ရာ...( ၈ )

in #myanmar6 years ago

'' သားတို့ ဒီနေရာကို သေချာကြည့်စမ်း''

ကျွန်တော်တို့သည် ဆရာ ဓာတ်မီးဖြင့်ထိုးပြထားသော နေရာကို ကြည့်ရှု့လိုက်ကျသော အခါ ကျောက်ဂူထက်တွင် စက်ဝိုင်းသဏ္ဍာန်လှည့်၍ နက္ခတ်တာရာ သဏ္ဍာန် ရေးခြစ်ထားသည်ကို တွေ့ရလေသည်။ ဥပမာအားဖြင့် ကျောက်စာဏ္ဍာန်စာလုံးများကို စက်ဝိုင်းအတွင်း ကြယ်များ လများထဲတွင် ရေးခြစ်ထားလေသည်။ ကျွန်တော်တို့သည် သိလိုဇောဖြင့် ဆက်လက်တိုးဝင်ခဲ့ကျလေသည်။ ပေ ၅၀ခန့်ရောက်သောအခါ လိုဏ်ဂူသည် လမ်းဆုံးသွားသကဲ့သို့ ပို၍ ကျဉ်းမြောင်းသွားကာ ကြောင်တစ်ကောင်စာမျှစာ ဝင်နိုင်သော အနေအထားဖြစ်လေသည်။ ထို့ကြောင့် ကျွန်တော်တို့သည် လာရာလမ်းအတိုင်းပြန်လှည့်ရန်သာ ရှိလေတော့သည်။ ဆရာပိုင်သည် အပြန်တွင် နံရံထက်မှ စာများကို ဖုန်းဖြင့် ရိုက်ကာ မှတ်တမ်းတင်ခဲ့လေသည်။

image
source

ကျွန်တော်တို့ ပြန်ထွက်လာတော့ ရာသီဥတု အခြေအနေအနည်းငယ်ပြောင်းလဲလာဟန်ရှိလေသည်။ နှင်းခဲများ အဆက်မပျက်ကျဆင်းလာခြင်းမရှိတော့ဘဲ နှင်းမှုန်များသာ ကျဆင်းနေတော့သည်။ အချိန်အားဖြင့်လည်း နေ့လယ် ၁နာရီကျော်သွားပေပြီ။ ကျွန်တော်တို့သည် အချိုရည် ဗူးများနှင့် အသားခြောက်အနည်းငယ်ခန့်ကို အစာပြေစားကျလေသည်။ ထို့နောက် ရာသီဥတုအအြေနေကို ဆက်လက်စောင့်ဆိုင်းကျပြီး မုန်တိုင်းအရိပ်ကင်းစင်သည်နှင့် ဆရာပိုင် ကျွန်တော် သားစိုးနှင့် ကျောင်းသားအချို့သည် ဂူအပြင်သို့ ထွက်ခွါခဲ့ကျလေသည်။ ကျွန်တော်တို့သည် ထင်းရှုးတောင်ကုန်းပေါ်သို့ တဖန်တက်ခဲ့ကျပြန်လေသည်။ တောင်ကုန်းပေါ်ရောက်သည်နှင့် ကျွန်တော်တို့သည် ဖုန်းလိုင်းမိလိုမိငြားရှာဖွေကျပြန်သည်။

image
source

သို့သော် ထိုကြိုးပမ်းမှုသည် အချည်းနှီးပင်။ ထို့နောက် ထိုထက်ပိုမြင့်သော တောင်ပေါ်သို့ ဆက်လက်တက်ခဲ့ကျပြန်လေသည်။ ကျွန်တော်တို့သည် ခက်ခဲစွာဖြင့်တောင်ပေါ်ရောက်အောင်တက်ခဲ့ကျပြီး လာလမ်းကို ရှာဖွေခဲ့ကျလေသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့တက်ရမည့် ဒီလူးတောင်ထိပ်၏ မြောက်ဘက်တွင် တည်ရှိနေကြောင်း ရေဒါဖြင့်သိရှိရလေသည်။ အမှန်တကယ် လမ်းပြမြေပုံတွင် တောင်၏ အရှေ့ဘက် တောင်ကုန်းများကို ဖြတ်ကာ တက်ရမည်ဖြစ်သည်။ လမ်းလွဲထွက်လာခြင်းကြောင့်သာ ဖြစ်ပေမည်။ ထို့နောက် ဆရာပိုင်နှင့် ကျွန်တော်တို့သည် သံလိုက်အိမ်မြှောင် ရေဒါနှင့် လမ်းပြမြေပုံများကို ခရီးလမ်းကို တွက်ချက်ကျပြီးလျှင် ရာသီဥတု ကောင်းသည်နှင့် အသင့်တော်ဆုံးအဖြစ် ရွေးချယ်ထားသော လမ်းကြောင်းမှ ပြန်ကျရန်ဖြစ်လေသည်။ ထို့နောက် ညနေစောင်းပြီဖြစ်သဖြင့် လိုအပ်သော လောင်စာများရှာဖွေကာ ကျောက်ဂူကြီးရှိရာသို့ ပြန်လာခဲ့ကျလေသည်။

ဆက်ရန်...
@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အရေးအသားကတော့ မိုက်တယ်ဗျို့

ကြိုးစားရေးသားထားပါတယ် အားပေးပါအုံး ဘထွေးရေ

ဒီအပိုင်းဖတ်​ပြီး၊​နောက်​တစ်​ပိုင်းအတွက်​စိတ်​၀င်​စားမိပါတယ်​....ဇာတ်​လမ်းအဆန်းအပြားမို့ကြိုက်​နှစ်​သက်​ပါတယ်​....

Posted using Partiko Android

ဆက်လက်ရေးသားသွားပါ့မယ် ညီမရေ အားပေးတဲ့အတွက် ကျေးဇူးပါ

တစ်ခါတစ်ခေါက်တော့ တတ်ဖူးချင်သား နှင်းတောင်ပေါ်

Posted using Partiko Android

တောင်တက်အသင်းတွေနဲ့ လေ့ကျင့်ရင် ဖြစ်နိုင်ပါတယ်

နှင်း၏​စေညွှန်​ရာ ​ဆောင်းတဠင်​ဆို​တောဘအကိုက်​ပါလ

တွေးမိတာလေး ရေးမိပါသည်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63501.83
ETH 2650.23
USDT 1.00
SBD 2.81