နှင်း၏ စေညွှန်ရာ ( ၂ )

in #myanmar8 years ago

'' ဆရာရန် သိပ်အဝေးကြီးမသွားနဲ့နော် နယ်မြေက စိမ်းတော့ အန္တရာယ်ဖြစ်မှာစိုးရတယ် ပြီးတော့ မုန်တိုင်းက ချက်ချင်းဆိုသလို ရပ်သွားတာ ကျွန်တော့စိတ်ထဲ တစ်မျိုးဘဲ''

ထိုစကားကို ပြောဆိုလိုက်သူမှာ နည်းပြ ဆရာ ဆရာ နေပိုင်ဖြစ်လေသည်။ ဆရာရန်နိုင်မှလည်း

'' ok ဆရာပိုင် ကျွန်တော်တို့ ကိုယ်၅၀ထက် ပိုမသွားဘူး မတွေ့ရင် အမြန်ဆုံး ပြန်လာခဲ့မယ်''

ကျွန်တော်တို့ အဖွဲ့သည် နှင်းဖွဲဖွဲကျနေသော အမှောင်ထုအတွင်းသို့ တိုးဝှေ့လာကျသည်။ ကံအားလျှော်စွာပင် လိုဏ်ဂူနှင့် ခြေလှမ်း ၁၀၀ခန့်တွင် ထင်းရှုးပင်ခြောက်ကြီးတစ်ပင်ကို တွေ့လိုက်ရလေသည်။ ယခင်က သစ်ခုတ်သမားများ ဖြတ်ပိုင်းထားဟန်ရှိသော ထိုထင်းရှုးပင်ကြီးသည် ယခုအခါ ခြောက်သွေ့နေပြီဖြစ်လေသည်။ အကိုင်းများကို နိုင်သလောက်ချိုးကျရင်း ဖြတ်ပိုင်းထားသော ပင်စည်အတုံးလိုက်ကြီးကို ကျောင်းသား ၃ယောက်က ထမ်းလာကျသည်။ ထို့နောက် ကျွန်တော်တို့ လူစုသည် လိုဏ်ဂူ ရှိရာသို့ ပြန်လာကျလေသည်။ လိုဏ်ဂူသို့ ရောက်သောအခါ မီးဖိုကျပြီး ပါလာသော အသားခြောက်များကို ကင်စားကျရင်း စကားစမြည်ပြောကျလေသည်။

image
source

ထိုအချိန်တွင် လေကြမ်းတစ်ချက်တိုက်ခတ်လာကာ နှင်းမုန်တိုင်းသည် တစ်ကျော့ ပြန်လာပြန်လေသည်။ ကျွန်တော်တို့ အဖွဲ့သည် လေမတိုက်နိုင်သော ဂူ အတွင်းပိုင်းသို့ ထပ်တိုးလာကာ မီးဖိုများ ပြန်ဖိုကျလေသည်။ ဂူအတွင်းပိုင်းသည် နွေးနွေးထွေးထွေးရှိကာ အအေးသက်သာလာလေသည်။ မီးဖိုကြောင့်လည်း အအေးဒဏ်သိပ်မခံရတော့ဘဲ နေသာထိုင်သာ ဖြစ်လာကျလေသည်။ ကျွန်တော်တို့သည် လက်မှ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ကျော်ပေပြီ။ ကျွန်တော်တို့သည် မအိပ်နိုင်ကျသေးဘဲ
မီးဖိုဘေးတွင် ထိုင်နေကျကာ မုန်တိုင်းအခြေအနေနှင့် ခရီးစဉ် ရှေ့ဆက်သင့် မဆက်သင့်ကို တိုင်ပင်ဆွေးနွေးနေကျလေသည်။

image
source

ဆက်ရန်...

@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဇာတ်လမ်းဆင်ထားပုံ ကောင်းတယ်ဗျာ

Posted using Partiko Android

ဟုတ် ကိုစော ကျေးဇူးပါ ဆက်လက်အားပေးပါအုံး

Posted using Partiko Android

ညနက်လာတော့ အန္တရာယ် တစ်ခုခုများ ကျလာမလားပဲ နော်
သည်ူထိတ်ရင်ဖို ပဲ

ညနက်လေ ပိုသတိထားရမဲ့ အခြေအနေပါ

Posted using Partiko Android

ကြ နဲ့ ကျမှားနေသလားလို့


ဆက်ရေးပါအုံးမစုရေ အဲ့လိုစာပေမျိုးတွေကို အရင်ကအတော်စိတ်ဝင်စားတယ်။ ဖတ်လည်းဖတ်ဖြစ်တယ်။ စွန့်စားခန်းပါတဲ့ စာပေဖြစ်ဖြစ် ဇာတ်ကားပဲဖြစ်ဖြစ် စိတ်ဝင်စားတယ်။ ကိုယ်တိုင်သာ စွန့်စားဖို့ဝန်လေးနေတက်တာ😁 စွန့်စားရင် နတ်ကိုင်မှာလည်းကြောက်ရသေးတာကိုး😂😂 နတ်က ဘယ်နေရာကိုင်တယ်မသိဘူး အကိုင်ခံရတဲ့သူတွေထအော်ရင်အသံတော်တော်ကျယ်ကြတယ်ဗျ အဲ့ဒါကြောင့် စွန့်မစားရဲဘူး နတ်ကိုင်မှာကြောက်တယ်😂😂

Posted using Partiko Android

နတ်က အကိုင်ကြမ်းပုံရတယ်နော့ တစ်ခါလောက်တော့ စမ်းကြည့်ပါလား ကမိုးဇော်

Posted using Partiko Android

😂😂😂🤑🤑😘

Posted using Partiko Android

မ​နေ့ကဗို့လုပ်​ပြီးမဖတ်​လိုက်​ရလို့...ဒီ​နေ့ပြန်​လာဖတ်​တာပါ....​တောင်​တက်​အဖွဲ့​တွေရဲ့နယ်​​မြေစိမ်းတစ်​ခုမှာစိတ်​လှုပ်​ရှားစရာ​တွေနဲ့ဆက်​လက်​ဖတ်​ဖို့​စောင့်​​နေပါတယ်​...

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.099
BTC 64827.97
ETH 1922.06
USDT 1.00
SBD 0.39