နှင်း၏ စေညွှန်ရာ...( ၁၀ )

in #myanmar7 years ago (edited)

ကျွန်တော်သည် သားစိုးကို တိတ်တိတ်နေရန်အချက်ပြလိုက်ပြီး ဂူအပြင်ဘက်ကို မေးငေါ့ ပြလိုက်လေသည်။ ထိုသဏ္ဍာန်သည် ရပ်သွားလိုက် ဆက်တိုးလာလိုက်နှင့် ဂူနှင့် မတော်နီးကပ်လာပေပြီ။ ကျွန်တော်တို့သည် မီးဖို အရှိန်ကို ထပ်မြှင့်ရန် ထင်းစများကို ထပ်ထိုးလိုက်ပြီး အခြေအနေကို စောင့်ကြည့်နေကျလေသည်။ ထိုသဏ္ဍာန်သည် ထပ်၍ နီးကပ်စွာတိုးလာသောအခါ သဲကွဲစွာမြင်ရလေတော့သည်။ ဝက်ဝံတစ်ကောင်ဖြစ်ပြီး အရပ်အားဖြင့် ၆ပေခန့်မြင့်မားလေသည်။

IMG_20190121_135250.png
source

ဝက်ဝံကြီးသည် အနီးကပ်လာမှ သွားကြီးများကိုဖြဲကာ အော်လေတော့သည်။ကျွန်တော်တို့သည်လည်း ကြောက်လန့်တကြားဖြင့် ထင်းစများဖြင့် ဝှေ့ရမ်းကာ ခြောက်လွှတ်ကျလေသည်။ ကျွန်တော်တို့ အသံကြောင့် တစ်ဖွဲ့လုံးနိုးလာကာ အသံကုန်ဟစ်၍ ခြောက်ကျလေသည်။ ထင်းစများဖြင့်လည်း ပစ်ပေါက်ကျလေသည်။ ဝက်ဝံကြီးသည် ထင်းစများကို ရိုက်ချရင်း နောက်သို့ တဖြည်းဖြည်း ဆုတ်ခွါသွားလေသည်။ ကျွန်တော်တို့ တစ်ဖွဲ့လုံးသည်လည်း အသံမျိုးစုံဖြင့် အော်ဟစ်ခြောက်လန့်ကျလေသည်။ ကျွန်တော်တို့ အော်သံသည် တိတ်ဆိတ်သော သန်ခေါင်အချိန်တွင် တစ်တောလုံးပဲ့တင်ထပ်နေလေသည်။

v61ifkc743.png
source

အတွေ့အကြုံနုနယ်သည့် လူငယ်များဖြစ်သည့်အပြင် တောကောင်ကြီးနှင့် ထိပ်တိုက်တွေ့လိုက်ရသောအခါ ကျွန်တော်တို့သည် သွေးပျက်မတက် ကြောက်လန့်သွားကျလေသည်။ မိန်းကလေးများသည် ငိုယိုကျပြီးလျှင် အိမ်ပြန်မည်ဟု ပြောနေကျလေသည်။ ဆရာပိုင်နှင့် ဆရာရန်ပင် အနည်းငယ် တုန်လှုပ်စပြုလာပေသည်။ သို့သော် ဆရာများဖြစ်သည့်အတွက် တပည့်များကို ချော့မော့ကာ အားတင်းထားရန် အဆက်မပျက်အားပေးနေလေသည်။ ဒီတိုင်းဆိုလျှင် ကျွန်တော်တို့အတွက် အန္တရာယ်ပင်ကျရောက်နိုင်လာသည်။ အမြန်ဆုံးနှင့် အန္တရာယ်ကင်းစွာ ထွက်ခွါနိုင်ရန် အရေးကြီးလာပေသည်။ ကျွန်တော်တို့သည် အရေးပေါ်အခြေအနေအတွက် တိုင်ပင်ဆွေးနွေးကျပြန်သည်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

၆​ပေ​လောက်​ရှိတဲ့ဝက်​၀ံကြီး...လူတစ်​​ယောက်​ကိုအသာ​လေးကိုင်​​ပေါက်​လိုက်​လို့ရတယ်​ထင်​တယ်​...​ကြောက်​စရာကြီး ....

Posted using Partiko Android

ကြောက်စရာကြီးနေမှာနော် အပြင်မှာ တကယ်သာတွေ့ရရင်

လှလိုက်တဲ့ နှင်းတောင်တန်းကြီး

Posted using Partiko Android

ဟုတ်ပါတယ်

လွတ်မြောက်ဖို့ လမ်းစတွေ့ပါစေ

လွတ်မြောက်ဖို့ လမ်းစပါဘဲ ဘထွေးရေ

အပိုင်းရှည်​ကြီးဘဲ

Posted using Partiko Android

ဟုတ်ပါတယ်

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.078
BTC 66534.83
ETH 1775.30
USDT 1.00
SBD 0.42