သစ်ခွလှလှ စိုက်ကျမယ်

in #myanmar5 years ago

သစ်ခွတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမိတာ မကြာသေးပါဘူး။ ဘေးအိမ်က ပြောင်းသွားတဲ့ ဆရာမကြီးတစ်ယောက်က သူ့သစ်ခွပန်းအိုးလေးကို အမှတ်တရပေးသွားရာကနေ စ ခဲ့တာပါ။ သစ်ခွပန်းအိုးလေးတစ်လုံးတော့ အဖော်အဖြစ်နဲ့ နောက်ထပ်ပန်းအိုးလေး ၃လုံးထပ်ဝယ်ဖြစ်ပါတယ်။ ဒါနဲ့ သစ်ခွပင်လေးတွေ အဖော်အပေါင်းနဲ့ စိုက်ဖြစ်သွားပါတော့တယ်။ စိုက်ထားပြီဆိုတော့လည်း ရေလောင်း အစာကျွေး စသည်ဖြင့်ပေါ့။ ပြီးတော့ ကိုယ်စိုက်ထားတဲ့ သစ်ခွပင်လေးတွေ အမြန်ပန်းပွင့်စေချင်တာရယ် အပင်မြန်မြန်ကြီးလာစေချင်တာရယ်ကြောင့် စိုက်ပျိုးရေး စာအုပ်တွေဖတ် လေ့လာမှုတွေလည်း လုပ်ဖြစ်ခဲ့ပါတယ်။

image
source

image
source

ဒါနဲ့ဘဲ သစ်ခွပန်းလေးတွေ အကြောင်းလေ့လာဖြစ်ခဲ့ပါတယ်။ သစ်ခွတွေမှာ နိုင်ငံခြားမျိုးစပ်တဲ့ အုပ်စု မြန်မာအုပ်စုနဲ့ နိုင်ငံခြားမျိုးအုပ်စု ဆိုပြီးကွဲပြားသွားတာ လေ့လာဖတ်ရှု့ခဲ့ရပါတယ်။ သစ်ခွအမျိုးအစားတွေကတော့ တော်တော်များပါတယ်။ ကျွန်မတို့ မြန်မာအုပ်စု သစ်ခွတွေကတော့ ပန်းပွင့်ရင် အခိုင်လိုက်ပွင့်တာများပြီး ကြာရှည်ခံလေ့မရှိပါဘူး။ နိုင်ငံခြားသစ်ခွတွေကတော့ အခိုင်လိုက်ပွင့်တာလည်းရှိသလို တစ်ပွင့်ချင်းပွင့်တာလည်း ရှိပါတယ်။ သစ်ခွ အမျိုးအစားတွေအနက် ကတ်တလီရာ ဒန်းဇင်းလေဒီ နမ် ဒမ်ဒရိုဘီယမ် စတာတွေကတော့ လူကြိုက်များလှပါတယ်။

image
source

image
source

သစ်ခွတွေဟာ ပြုစုရတာလည်း အရမ်း မခက်ခဲသလို အနည်းကယ် ဂရုစိုက်ပေးရုံနဲ့ လှလှပပအိမ်မှာ စိုက်ပျိုးထားနိုင်ပါတယ်။ ပုံမှန်ရေလောင်းမယ် အားဆေးလေးထည့်ပေးမယ် ပိုးမဝင်အာင် ဂရုစိုက်မယ်ဆိုရင် လှပတဲ့ သစ်ခွပန်းလေးတွေ ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ မြန်မာသစ်ခွတွေကိုကျတော့ ကျမက အိမ်ဘေးက သစ်ပင်မှာ အုန်းဆံဖက်တွေနဲ့ကပ်ချည်ထားပါတယ်။ တစ်ပတ်ကို ၂ကြိမ်လောက် အုန်းဆံဖတ်စိုရုံရေလောင်းပေးရင်ရပါတယ်။ တယုတယစိုက်ပျိုးဖို့ သိပ်မလိုအောင် အကြမ်းခံပါတယ်။ နိုင်ငံခြားသစ်ခွမျိုးတွေကိုတော့ ပန်းအိုးလေးနဲ့ အိမ်ရှေ့မှာစင်လေးခံပြီး စိုက်ပျိုးထားပါတယ်။ အုန်းဆံဖတ်နဲ့ စိုက်ရင်တော့ ရေလောင်းဖို့ သိပ်မလိုပါဘူး။ အုန်းဆံစိုရုံလောင်းရင် ရပါတယ်။မီးသွေးနဲ့ ဆိုရင်တော့ရေများများလောင်းရပါတယ်။ ပြီးရင် ကြက်ဥအကာတွေကိုလည်း ထည့်နိုင်ပါတယ်။ ဒီလောက်ဆိုရင် အလှစိုက်ပျိုးဖို့အတွက်အဆင်ပြေလောက်ပြီ ထင်ပါတယ်။ မိမိအိမ်ရှေ့လေးမှာ လှပတဲ့ သစ်ခွလေးတွေ ပွင့်လန်းနိုင်ကျပါစေရှင်...

@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အိမ်မှာ နှစ်ပင်စိုက်တာ ရေလောင်းတာများသလား
ဘာဖြစ်လဲသိဘူး အရွက်လေးတွေဝါနေတယ်

တပတ်ကို ၂ကြိမ်လောက်ဘဲ စိုအောင်လောင်းရင် ရပြီဘထွေး အပင်ဝါနေတာဆိုတော့ နေရောင်ကောင်းကောင်းကော ရလား

နေရောင်မထိရဘူးဆိုလို အရိပ်မှာထားတာ

ဟုတ်ဘူး ဘထွေး နေရောင်ကောင်းကောင်းလိုအပ်တယ်

Wow...မိုက်​တယ်​...
သစ်​ခွ​တွေလှမှလှ....သ​ဘောကျမိတယ်​...
စိုက်​ပျိုး​နည်း​ဝေမျှ​ပေးလို့​ကျေးဇူးပါ...

Posted using Partiko Android

ပန်းလေးတွေ ပွင့်လာရင် စိတ်ကြည်နူးရတယ် ညီမရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

လှလိုက်​တာ သစ်​ခွပန်း​လေး​တွေ

အလှတစ်မျိုးဆီပါဘဲ

မြန်မာသစ်ခွလှလှ လေးတွေ တောထဲကနေ အပင်တက်ပြီး တရုတ်တေဆီ ရောင်းတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် ဗန်းမော်ကဘဲ ခုတော့ မလုပ်တော့ပါဘူး ။

အခုဆို အဲ့လိုသစ်ခွတွေ ကုန်လောက်ပါပြီ ပေါက်ဖော်ဆီရောက်လို့

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02