ထာဝရ ခရီးသည်

in #myanmar8 years ago

တဖြည်းဖြည်းနဲ့ myanmar tagလေးတောင် အောက်အနည်းငယ် ရောက်လာပါပြီ။ မြန်မာလို ပိုလ့်တင်သူဦးရေလည်း တဖြည်းဖြည်းနဲ့နည်းပါးလို့လာပါပြီ။ လက်ချိုးရေရင်တောင် Msc Noနဲ့ Daily postတင်သူ လက် ၁၀ချောင်း မပြည့်တော့ပါဘူး။ ကျမတို့ရဲ့ Msc ကပ္ပတိန်ကြီးကတောင် Steemသင်္ဘောကြီး နစ်မြှပ်သွားရင် သင်္ဘောပေါ်က နောက်ဆုံးဆင်းသူဟာ သူဖြစ်ရမယ်လို့ ကြွေးကြော်ထားပါပြီ။ ဘာမဆိုင် ညာမဆိုင် သွားမြင်ယောင်မိတာလေးက တိုက်တန်းနစ်သင်္ဘောကြီးနစ်မြှပ်စဉ်က သင်္ဘော ကပ္ပတိန်ဟာ သင်္ဘောနဲ့အတူ နစ်မြှပ်သွားတဲ့ ဇာတ်ဝင်ခန်းလေးပါ။

image
source
တင်မမျှ ပိုလ့်တော်တော်များများဟာလည်း steemitဟာ မျှော်လင့်ချက်နည်းပါးနေပါပြီဆိုတဲ့ အကြောင်းအရာတွေက ခပ်များများဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံး ကျန်တဲ့ လက်တစ်ဆုတ်စာ လူနည်းစုလေးဟာ အခုချိန်ထိ Steemit သင်္ဘောကြီးကို သံယောဇဉ်ကြီးစွာနဲ့ ဆုတ်ကိုင်ထားကျဆဲပါ။ ပါဝါဒေါင်းပြေးဖို့ စိတ်ကူး နည်းနည်းလေးတောင် မဝင်ကျတာ တွေ့နေရပါတယ်။ ဒီအချိန်မှာ ကိုယ်ယုံကြည်ရာကို ဖက်တွယ်ထားတဲ့ လူတွေရဲ့ ဇွဲရှိမှုကို မြင်တွေ့ရပါတယ်။ အခုအချိန်ထိ ဇွဲကောင်းကောင်းနဲ့ စောင့်မျှော်နေကျပြီး မျှော်လင့်ချက်မရှိတော့ဘူးဆိုရင်တောင် Steemitသင်္ဘောကြီးနဲ့အတူ အနစ်ခံမဲ့သဘောရှိနေပါတယ်။ ဒါဟာ ကိုယ့်ယုံကြည်ရာအတွက် တန်ဖိုးထားတက်မှုဆိုရင် မမှားပါဘူး။

image
source

ဒီတော့ ဘထွေးပြောသလို လဲမှို့လေး ဘဝနဲ့ လောင်စာအဖြစ်ဘဲ လည်စင်းခံရ ခံရ။ Steem သင်္ဘောကြီး နစ်ကောင်းနစ်နိုင်မယ်ဘဲဆိုဆို။ ဘယ်လို အခြေအနေဘဲ ဖြစ်ဖြစ် ထာဝရ ခရီးသည် အဖြစ် လိုက်ပါသွားချငိမိပါတယ်။ ဒါမှလည်း နစ်မြှပ်သွားခဲ့သည်ရှိသော် ပင်လယ်ရေအောက်က အလှတရားများကို တဝကြီး ရှု့မြင်နိုင်မှာ ဖြစ်ပါကြောင်း။

@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

မြန်​မာ Tag ​လေး​တောင်​ကြည့်​မိ​တော့ဘူး ဖြစ်​နိုင်​ပါတယ်
စာ​ရေးဝါသနာပါသူ ​လောက်​သာ ကျန်​​နေတာပါ ​နေထွက်​နဲ့ကြမကိုက်​ကြ​တော့ဘူး​လေ

စာရေးဝါသနာပါသူနဲ့ ဇွဲကောင်းသူတွေသာ ကျန်တော့တာ ဘယုရေ

ပြောသာပြောရ မစုရယ် တိုက်တန်းနစ် သင်္ဘောလို
ရေခဲတဲ့နေရာဆိုကြောက်တာအေ ကျုပ်က မန်းလေးဆောင်တောင် နဖူးနဲ့ဒူးထိအောင်ကွေးနေရတာပ 😁

ဒါဆို အရင်ဆုံး နှင်းတွေကျတဲ့ ဗန်းမော်ဆောင်းလေးကို မြည်းစမ်းခိုးရမယ်

Posted using Partiko Android

ဟုပ်​ပါ့ဗျာ ပရိုမရ​ပေမဲ့တရက်​တပုဒ်​​တော့တင်​ပါအူးမယ်​ အား​ပေးအူး​နော့ 

Posted using Partiko Android

အားပေးပါ့မယ် ဘဘကြီး

Posted using Partiko Android

ရောမ မြို့ ကျဆုံးခန်းလို
Steemit ကြီး ကျဆုံးဖို့  မဖြစ်နိုင်ပါ

စိတ်ခွန်အားတွေ စုစည်းပြီး ဆုတောင်းကျတာပေါ့

နောက်ဆုံးခံတပ်အဖြစ် ဂုဏ်ယူလိုက်ပါ မတ်မတ်စုရေ။

တောင့်ခံထားကျတာပေါ့ ကိုမဟော်

အဲ့ လိုတောင်လားခွယ် နစ်ပါနဲ့ဦး

ပေါ်တော်မူ

ဘ​ထွေး​ပြောတာ​လေးသ​ဘောကျမိပါတယ်​...သ​င်္ဘောကြီးကိုအဆုံးထိဖက်​တွယ်​ထားမှာပါ...နစ်​ချင်​လည်းနစ်​ပါစေ​တော့....😊

Posted using Partiko Android

ဘထွေး ဥပမာလေး တော်တော် လှတယ် ညီမရေ

ရေးသူရှိဆဲပါပဲလေ

Posted using Partiko Android

နည်းသွားပေမဲ့လည်း

Congratulations @suhlaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 1250 replies. Your next target is to reach 1500 replies.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

You can upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 64172.89
ETH 1818.63
USDT 1.00
SBD 0.38