စာဖတ်ခြင်းအစ လေလွင့်သူက...

in #myanmar7 years ago

ဒီနေ့ Fbကနေ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတက်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအခမ်းအနား မိန့်ခွန်း နားထောင်ရင်းနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ကြားမှာ စာအုပ်တစ်အုပ်နဲ့ ပတ်သက်ပြီး ကောင်းတယ် မကောင်းဘူး အငြင်းပွားကျကြောင်း ထည့်သွင်းပြောကြားသွားတာ မှတ်သားလိုက်ရပါတယ်။ ကျမလည်း ကောင်း၏ မကောင်း၏ သိချင်စိတ်ဖြစ်မိတာနဲ့ ဒီစာအုပ်ကို ရှာဖတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ဘဲ တက္ကသိုလ် စာကြည့်တိုက်က သူငယ်ချင်းဆီ လှမ်းဖုန်းဆက်ပြီး အဲ့စာအုပ်ရှိလား မေးလိုက်တယ်ဆိုရင်ဘဲ ရှိကြောင်းပြန်ဖြေတာနဲ့ စာကြည့်တိုက်ကို အပြေးသွားပြီး အသည်းအသန် ရှာဖွေတော့တာပါဘဲ။ စာအုပ်လေးက တစ်ခြားတော့ မဟုတ်ပါဘူး။ ဆရာကြီး မြသန်းတင့် ရေးသားထားတဲ့'' လေလွင့်သူ'' ဆိုတဲ့ စာအုပ်လေးပါဘဲ။

zvurtennyo.pngsource

ဒီ စာအုပ်လေးဟာ ဘာသာပြန်စာအုပ်ဖြစ်ပြီးတော့ မူရင်းစာရေးသူက ဂျေဒီ ဆလင်းဂျား ဖြစ်ပါတယ်။ စာအုပ်နာမည်ကလည်း'' ဂျုံခင်းထဲမှာ လိုက်ဖမ်းသူ''လို့ အမည်ရပါတယ်။ ဆရာကြီး မြသန်းတင့်ဟာ ဒီစာအုပ်လေးကို ၁၉၈၀ပြည့်နှစ်က ဘာသာပြန်ခဲ့တာဖြစ်ပြီး ဆရာကြီးရဲ့ အောင်မြင်တဲ့ စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။ ကျမလည်း အလုပ်တွေကို ခဏထားလို့ အမှာစာကို အရင်ဖတ်ပါတယ်။ စာမြည်းလေးဖတ်မယ်ကြံကာရှိသေး အလုပ်ကိစ္စက ပေါ်လာတာနဲ့ ဖတ်လက်စ စာအုပ်လေးကို လက်ထဲကချလို့ အလုပ်ထလုပ်ရပါတယ်။ ဒီအတိုင်းဆိုရင်တော့ ဒီစာအုပ်လေးကို ဘယ်နှစ်ရက်လောက် ဖတ်ရမယ် မသိပါ။ ညဘက် အနားယူချိန်လေးကနေ အချိန်နည်းနည်းဖဲ့ပြီး စာဖတ်ချိန်လေးတော့ ပြင်ဆင်သတ်မှတ်အုံးမှပါလို့ ကိုယ့်ကိုကိုယ်တွေးလိုက်မိပါတယ်။

တကယ်တော့ နေ့အလုပ် ညအလုပ် အလုပ် အလုပ်နဲ့ဘဲ ကျမရဲ့ စာဖတ်ချိန်တွေဟာ လွင့်ပါးခဲ့တာကြာပါပြီ။ စာအုပ်ကိုင်ပြီး ဇိမ်ရှိရှိ စာမဖတ်ရတာလည်း ကြာပါပြီ။ ဖုန်းနဲ့ဖတ်တာထက် စာအုပ်လေးကိုင်ဖတ်ရတဲ့ အရသာဟာ ဘယ်လိုမှ မတူနိုင်ပါဘူး။ တပတ်ကို ၂အုပ်နှုန်းလောက်နဲ့တော့ စာဖတ်ဖြစ်အောင်ဖတ်ရပါတော့မည်။ ကျမရဲ့ အိုအေစစ်လေးကို စာအုပ်ထဲမှ ရှာရန် စိတ်ကူးရင်း ကျမရဲ့ စာဖတ်ခြင်း အစ လေလွင့်သူက ပြန်စရပါတော့မည်။

@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

တို့လည်း ဖတ်ကြည့်အုံးမယ် စာကြည့်တိုက်မှာရှာပြီး

ဘထွေးဖတ်ပြီးရင် ဆွေးနွေးဖို့ အဖော်ရသွားတာပေါ့

Good စာတပ်​သူတိုင်းစာ​ရေးစာဖတ်​လုပ်​ဖို့ စတီးမစ်​သာအ​ကောင်းဆုံးပါ ဒါနဲ့စကားမစပ်​ ပြန်​​ဖောလိုး​ပေးပါအုံးဗျာ steem app က​ဖောလိုးများရင်​ ဘုပ်​ပိုများတယ်​ဆိုလို့ပါ

Posted using Partiko Android

လာဖတ်ပေးတဲ့အတွက် ကျေးဇူးပါ

ဖတ်လေ တတ်လေ

Posted using Partiko Android

စာအုပ်​စာ​ပေလူ့မိတ်​​ဆွေ

ဖတ်​ပြီးရင်​ပြန်​​ဝေမျှပါဦး....စိတ်​၀င်​စားလို့ပါ.....စာဖတ်​ဖို့အချိန်​​ပေးပြီးအ​လေ့အကျင့်​လုပ်​တာ​ကောင်းပါတယ်​....

Posted using Partiko Android

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.078
BTC 66160.03
ETH 1762.41
USDT 1.00
SBD 0.42