ခင်မင်မှု ပျက်ပြား သံသယစိတ်ထား

in #myanmar6 years ago (edited)

https://steemit.com/myanmar/@suhlaing/khngmngm-atkyapa-thanthyasittaa-4c2dd97c175a
ဂျော်နီလည်း လေသံခပ်မာမာနဲ့ တိုပျက်ပျက်ပြောသွားတဲ့ သူငယ်ချင်းရဲ့ အသံကြောင့် စိုးရိမ်တကြီးနဲ့ အပြေးလေးလာခဲ့ပါတယ်။ နှစ်ယောက်တွေ့တယ်ဆိုရင်ဘဲ ဂျွန်က
" မင်းကို ငါဘာပြောထားလည်း ဂျွန် ဟယ်ရီနဲ့ ဝေးဝေးနေပါလို့ သတိပေးထားတဲ့ကြားက မင်း ငါ့အပေါ်သစ္စာမရှိဘူး မင်းဟာ ငါ့အတွက် သူငယ်ချင်းကောင်းမဟုတ်ဘူး" လို့ ဒေါသတကြီးနဲ့ အော်ဟစ်ပြောဆိုတာကြောင့် ဂျော်နီလည်း မျက်ရည်လေး အဝဲသားနဲ့ အခြေအနေကို ရှင်းပြရှာပါတယ်။ ဒေါသနဲ့ သံသယပေါင်းစပ်ထားတဲ့ ဂျွန်ဟာ ဂျော်နီရဲ့ ရှင်းပြချက်တွေကို နားမဝင်ခဲ့တဲ့အပြင် သူငယ်ချင်းအပေါ်မှာ တေးမှတ်ထားခဲ့ပါတယ်။ ဂျော်နီကတော့ ဖြူ စင်တဲ့ စိတ်ထားရှိသူပီပီ ပြဿ နာဖြစ်တုန်းသာ ဝမ်းနည်းခဲ့ပေမဲ့ နောက်တော့ မေ့မေ့ပျောက်ပျောက်နဲ့ သူငယ်ချင်းရဲ့ စကားတွေကိုလည်း မေ့ပျောက်ထားနိုင်ခဲ့ပါတယ်။ ဂျွန်ဟာ သူ့အတွက် ထာဝရသူငယ်ချင်းကောင်းလို့ ထင်မှတ်ထားခဲ့သူပါ။

ဂျွန်ရဲ့ သံသယစိတ်ဟာ နောက်ပိုင်းမှာ ပိုလို့ လာခဲ့ပါတယ်။ ဟယ်လင်နဲ့ ဂျော်နီဟာ ပိုမိုရင်းနှီးလာတယ်လို့ သူ့စိတ်ထဲမှာ အမြဲထင်နေခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားတဲ့ ဂျော်နီ့ကို ဟယ်လင်က ပိုမိုခင်မင်တာကြောင့်ပါ။ ဂျော်နီ့ အနေနဲ့လည်း ဟယ်ရီကို သူငယ်ချင်းတစ်ယောက်ထက် မပိုတဲ့ သံယောဇဉ်သာရှိပါတယ်။ ဂျော်နီက အေးအေးဆေးဆေးနဲ့ သည်းခံတက်တာကြောင့် ဟယ်လင့်အနေနဲ့ ဂျွန်ထက်စာရင် ပိုမိုခင်မင်မိတာပါ။ ဒါပေမဲ့ ကိုလူချော ဂျွန်ကို ဟယ်လင်လည်း စိတ်ဝင်စားနေတယ်ဆိုတာကိုတော့ သံသယစိတ်ကြီးစိုးနေတဲ့ ဂျွန်တစ်ယောက် မမြင်နိုင်ခဲ့ပါဘူး။ သံသယမီးပွားကနေ စခဲ့တဲ့ အတွေးတစ်စဟာ ဒေါသနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အငြိုးအတေးအဖြစ်ကို ပြောင်းလဲလို့ လာပါတော့တယ်။
image
အဲ့ဒီနေ့က ဟယ်လင့် မာမီရဲ့ မွေးနေ့ပါတီ ဖြစ်ပါတယ်။ ဟယ်လင်တို့ခြံလေးရဲ့ အိမ်ရှေ့ မြတ်ခင်း စိမ်းစိမ်းလေးပေါ်မှာတော့ ရောင်စုံမီးများထွန်းညှိကာ မွေးနေ့ပါတီကို ကျင်းပနေပါတယ်။ လှပတဲ့ မိုးပြာရောင်ဂါဝန်လေးဟာ ဒူးအထက်နားမှာ ဝဲကနေပါတယ်။ ငွေရောင်ဆံခြည်ခွေလေးတွေဝေ့ကာဝိုက်ကာနဲ့ အစွမ်းကုန်လှနေသူက ဟယ်လင်ပါ။ ဟယ်လင့် မာမီကတော့ ဂုဏ်သရေရှိ အမျိုးသမီးကြီးဖြစ်သည့်အတိုင်း လှပသေသပ်စွာ ဝတ်ဆင်ထားပါတယ်။ မွေးနေ့ပွဲကို တက်ရောက်လာကျတဲ့ ဧည့်သည်အပေါင်းဟာလည်း ပျော်ရွှင်စွာနဲ့စားကျ သောက်ကျ လက်ဆောင်တွေပေးကျနဲ့ ဟယ်လင့် မာမီရဲ့ မွေးနေ့လေးဟာ အင်မတန် စည်ကားလှပါတယ်။ ဂျော်နီလည်း မွေးနေ့ပွဲလာဖို့အတွက် ရေချိုးဖို့ ပြင်ဆင်နေတာပေါ့။ မွေးနေ့ပွဲကျင်းပရေးအတွက် ဝိုင်းကူနေတာကြောင့် ဂျော်နီတစ်ယောက်နောက်ကျနေပါတယ်။ လက်ဆောင်ပစ္စည်းလည်း မထုပ်ရသေးပါဘူး။

ဒီအချိန်မှာ ဂျော်နီ အိမ်ကို ဂျွန်ရောက်လာပြီး အတူသွားကျရန် ပြောပါတယ်။ ရေချိုးခန်းဝင်နေတဲ့ ဂျော်နီကို ဂျွန်က ပါဆယ်ကို သူထုတ်ပေးမယ်လို့ လှမ်းပြောရင်း အကြံတစ်ခု လက်ခနဲပေါ်လာပါတယ်။ သူတို့ ငယ်ငယ်က ကစားခဲ့ကျတဲ့ အရုပ်တွေ ဂျော်နီမှာ ရှိနေသေးတာကြောင့် အရုပ်တွေ ထည့်ထားတဲ့ ပလက်စတစ် ခြင်းထဲမှာ အရုပ်တစ်ရုပ်ကို မြန်မြန်ဆန်ဆန်ရှာဖွေလိုက်ပါတယ်။ တွေ့ပြီ ဆိုတာနဲ့ အားရကျေနပ်သွားတဲ့ ဂျွန်ဟာ ဂျော်နီရဲ့ လက်ဆောင် မိန်းမပတ်နာရီလေးကို သူ့အိပ်ထဲထည့်ရင်း အစားထိုးအရုပ်လေးနဲ့အတူ လှပသေသပ်စွာ မွေးနေ့လက်ဆောင် အထုပ်လေးကို ထုပ်ပေးလိုက်ပါတယ်။ အထုပ်လေးအပေါ်မှာတော့ အန်တီ နီတာအတွက် ဂျော်နီရဲ့ မွေးနေ့ လက်ဆောင်မွန်။

ဆက်ရန်...
image
@suhlaing
msc- 175
credit google image

Sort:  

ဆက်​ရန်​တဲ့ အွန်း mscက​နေ စာ​ရေးဆရာမ​တွေ ထွက်​​တော့မယ်​ထင်​တယ်​အမ​ရေ😁😁

mscရဲ့ ဂျာနယ်ထွက်နိုင်တဲ့အချိန်ကျရင် ပါဝင်ရေးသားနိုင်ဖို့ အခုတည်းက အစွမ်းရှိသလောက် ဖော်နေရတာ မောင်လေးရေ

သံသယမီးပွားကနေ စခဲ့တဲ့ အတွေးတစ်စဟာ ဒေါသနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အငြိုးအတေးအဖြစ်ကို ပြောင်းလဲလို့ လာပါတော့တယ်။
ကောင်းတယ်​ ဆက်​ဖတ်​မယ်

အားပေးတာ ကျေးဇူးပါ ဦးထွေးရေ အလှည့်လေးနည်းနည်းလုပ်ထားတယ် နောက်ဆုံးမှာ စာဖတ်သူကို အမေးလေးနဲ့ ဆုံးထားပေးတယ်

အလဲ့ဆက်ရန်တွေနဲ့ဖြစ်ကုန်ပြီနော်g4ကစာရေးဆရာတွေကတော့။ကောင်းမယ်ဆိုလုပ်ပြီ။မီးပျက်။အားပေးနေမယ်မမစုရေ။သံသယကင်းကင်းနဲ...့အလဲ့

အဲ့ အခန်းဆက် ကလင်းက စတာဘဲ အခုဆို slတောင် အခန်းဆက်လေးနဲ့

ငိ..ဟိုအရင်ထဲက အပိုင်းဆက်ရေးတာပါ။အိမ်ပြန်ချိန်တို့ဘာတို့ရှိတယ်။ရှာဖတ်ကြည့်။ :D :P

အေးပါအေ ရှာဖတ်လိုက်ပါ့မယ် slရဲ့ အခန်းဆက်လေး ဘယ်လောက်ကောင်းလည်းလို့

ဟုတ်​ပအမ​ရေ သံသယ​တွေဝင်​လာရင်​​တော့ခင်​မငှ်ု​တွေပျက်​ဖို့အတွက်​လွယ်​ကူသွားတယ်

ဟုတ်တယ် အောင်ကြီးရေ ဒါကြောင့် ဘယ်သူနဲ့ ပေါင်းသင်းဆက်ဆံသည်မဆို သံသယမထားတာကောင်းတယ် ရိုးသားစွာပေါင်းသင်းလိုက်ပါ ကိုယ့်အပေါ်မကောင်းတာက သူ့ကံပေါ့

အားပေးနေပါတယ်ဗျာ

နောက်အပိုင်းတွေလည်း ဆက်လက်အားပေးပါနော် ကျေးဇူးတင်ပါတယ်

တို့  g4 ကသူတွေအားလုံး အခန်းဆက်လေးတွေနဲ့ဖြစ်ကုန်ကြတော့ အကုန်ပေါင်းလိုက်ရင် ၀တ္ထုတစ်ပုဒ်တော့ဖြစ်မယ်

မတူညီတဲ့ ဇာတ်လမ်းလေးတွေပါ ဘုရား ဘဝစုံ ဇာတ်စုံ ရသစုံ တင်ဆက်ထားပါတယ်

စာဖတ်​သူကို အဆုံးထိ ဖတ်​ချင်​လာ​အောင်​ ​ရေးတတ်တယ်​ထင်​တယ်​။နောက်​အပိုင်းကိုလည်းအား​ပေးပါမယ်​။မြန်​မြန်​​လေး​တော့တင်​​နော်​ ဒီမှာ feel ​နေပြီ

နောက် Pro ဇာတ်သိမ်းပါပြီ မောင်လေးရေ အခုလိုအားပေးလို့ အားရှိသွားပြီ ကျေးဇူးပါ

ဟင်​ .. ဘာရုပ်​​လေးတုန်း အစ်​မ .. ​ပြောပြ

နောက်တစ်ပိုင်းကျ သိရမှာပါကွယ် ဇာတ်အရှိန်လေးထည့်ထားတာ

အူတိုတာ​ပေါ့​နော့်​ ......

ဟုတ်မယ်ထင်တယ် ကလင်း

လက်ဆောင်ရဖူးတာလေးတွေတောင်သတိရလာပီ

ဘာလေးဘဲရရ လက်ဆောင်လေးရတယ်ဆိုရင် ပျော်ကျတာဘဲလေ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60385.11
ETH 2889.75
USDT 1.00
SBD 3.65