ညောင်ရေသွန်းပွဲတော်

in #myanmar8 years ago

မင်္ဂလာ နံနက်ခင်းလေးမှာ Steemit မိသားစုများအားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ မင်္ဂလာနံနက်ခင်းလေးမှသည် တစ်နေ့တာပတ်လုံး လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့ကျပြီးလျှင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဒီနေ့ဟာဆိုရင် ကဆုန်လပြည့်နေ့ဖြစ်တာနဲ့အညီ ကဆုန်ညောင်ရေသွန်းပွဲတော်နေ့လည်း ဖြစ်ပါသည်။ ကဆန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သည့်နေ့ဖြစ်သောကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက် အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ဗောဓိညောင်ပင်သည် ဘုရားရှင်ကိုယ်တော် ဘုရားဖြစ်တော်မူရာအပင်ဖြစ်သဖြင့် နွေရာသီ ရေခန်းခြောက်သောအချိန်တွင် ရှင်သန်စေလိုသော ဆန္ဒဖြင့် ညောင်ရေသွန်းလောင်းကျခြင်းဖြစ်ပါသည်။
image
credit image source
ညောင်ရေသွန်းလောင်းရသောကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ဘုံအဆင့် ၁၀၀ရှိသော နတ်ပြည်တွင် စံစားရခြင်း ဗြမ္မာမင်းဖြစ်ရခြင်း နောင်ပွင့်မည့် ဘုရားရှင်အား ဖူးတွေ့ရပြီးလျှင် အာသဝေါတရားကုန်ခန်းကာ ရဟန္တာမထေရ်မြတ်ဖြစ်ရခြင်း စသည့် အကျိုးထူးများကို ခံစားရပါမည်။ ထို့ကြောင့် ညောင်ရည်သွန်းလောင်းသည့်အခါ အပျော်သက်သက်မဟုတ်ဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီးလျှင် တရားထူးတရားမြတ်များကို အမြန်ဆုံးရှာဖွေတွေ့လိုကြောင်း နိဗ္ဗာန်ဆုတောင်း၍ သွန်းလောင်းကျစေလိုကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။
image
credit image source

@suhlaing
msc 175

Sort:  

မက်မက်စုလဲနောင်ပွင့်မည့်ဘုရားကို ဖူးမျှော်ခွင့်ရစေသား

ဗုဒ္ဓဘာသာတွေရဲ့ အမွန်မြတ်ဆုံး ဆုတောင်းပါအေ ပြည့်ရပါစေသား

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.084
BTC 61477.83
ETH 1589.93
USDT 1.00
SBD 0.47