This is called " Wisdom " - 2
ဘိုးတူး ယောက်ယက်ခတ်ပြီး လျှောက်လုပ်နေတာကို မျက်စိနောက်လာတဲ့ ဘကြီးပြူးက ခေါ်ပြီး မေးတော့တယ် ... ငိုချင်ရက် လက်တို့ဖြစ်နေတဲ့ ဘိုးတူးလည်း နတ်သံလေး နှောပြီး ရှင်းပြလိုက်တယ် ...
" မင်းကွာ ... မဟုတ်မဟတ်တွေ လျှောက်လုပ်နေတယ် ... ဒီကိစ္စတွေက ကိုယ့်ရဲ့ယုံကြည်ချက်ပြင်းပြမှ အောင်မြင်တာ ... ရင်းရတာတွေကလည်း အများကြီး ... ဒီထက် ပိုပြီးဆိုးတဲ့ ဘဝတောင် ရောက်နိုင်တယ် ... ဥပမာ မင်း အလုပ်မလုပ်ဘဲ ဒါကိုပဲ တစ်စိုက် မတ်မတ် လိုက်လုပ်နေရင် ဘာဖြစ်သွားမလဲ "
" ကျွန်တော်တို့ ထမင်းငတ်မှာပေါ့ ... မိန်းမကလည်း ဒီထက် ပိုပြီး ရှာပေးနိုင်တာ မဟုတ်ဘူး ... ကလေးကျောင်းစရိတ်ကလည်း ရှိသေးတယ် ... ကျွန်တော့် လုပ်အားခသာ မရှိရင် မလွယ်ဘူး "
ဘကြီးပြူးက ဟက်ခနဲ တစ်ချက် ရယ်လိုက်ပြီး ဆက်ပြောတယ် ...
" ဒါကြောင့် ငါပြောတာ ... မင်းအခြေအနေအရ မဖြစ်နိုင်ပါဘူးလို့ ... မင်းတို့တွေ ဆင်းရဲတွင်း ပိုနက်တာ ဒါတွေကြောင့်လည်း ပါတယ်။ ကိုယ် အဆင်မပြေတာကို သိပေမယ့် မှန်ကန်တဲ့ နည်းလမ်းတော့ မရှာတတ်ဘူး၊ တိုင်ပင်ဆွေးနွေးတာလည်း မရှိဘူး။ လတ်တလော အခြေအနေက လွတ်မြောက်ဖို့ ရေရှည် အစီအစဉ်တွေ မချတတ်ဘူး၊ မင်းက ထင်မှာပဲ ... သူဌေးတွေပဲ ပိုချမ်းသာလာတယ်လို့ ... ဒါပေမဲ့ ပိုဆင်းရဲသွားတဲ့ သူဌေးတွေအကြောင်းရော မင်း မကြားဖူးဘူးလား၊ လူက အောင်မြင်တာပဲ ထုတ်ဖော်ကြတာ။်ရှုံးနိမ့်တာဆို လူသိမှာ အရမ်းကြောက်တယ်။ လိပ်လို ခေါင်းဝှက်နေပြီး ဘယ်သူမှ မသိစေလိုဘူး။ မင်း ချဲပေါက်တဲ့အခါ ဘာလုပ်သ?
" ပျော်တာပေါ့ ... အဲဒီနေ့မျိုးဆို အိမ်မှာ မီးခိုးတိတ်ပဲ ... တရုတ်စာအစုံဝယ်စားကြတယ် "
" လိုက်ရော မကြွားဘူးလား "
" ကြွားစရာတောင် မလိုပါဘူးဗျာ ... နည်းနည်းပေါက်ပေါက် များများပေါက်ပေါက် လူတွေက သိကြတာပဲ "
" ဒါပဲလေ ... မင်း ပေါက်တာတော့ လူသိတယ် ... ဘယ်လောက်ရှုံးသလဲရော လူတွေ သိကြလား ... "
" ဘယ်သူမှ စိတ်ဝင်တစား မမေးကြပါဘူးဗျာ ... ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့ ဒါတွေ မသိချင်တာနဲ့တူပါတယ် "
" လူတွေရဲ့သဘောက အဲဒီလိုပါပဲ "
" စဉ်းစားကြည့်တော့ လူတွေက ပေါင်းလို့ မကောင်းတော့ဘူးနော် ဘကြီးပြူး "
စိတ်ပျက်လက်ပျက်နဲ့ ဟင်းချရင်း ပြောလိုက်တဲ့ ဘိုးတူးရဲ့အသံကြားတော့ ဘကြီးပြူးက မျက်လုံးလှန်ကြည့်ပါတယ်။
" ဘိုးတူးရဲ့ လူတွေက မကောင်းတာ မဟုတ်ဘူး ... မင်းကိုယ်တိုင်ကိုက မကောင်းတာ ... တစ်ခုခု အောင်မြင်ရင် ကြွားဝါချင်တယ် ... ဆုံးရှုံးရင်တော့ ကိုယ်အသုံးမကျတာ လူသိမှာစိုးလို့ လျှို့ဝှက်ထားတယ် ... လူသိမှာ ကြောက်တယ် ... ဒီတော့ ကောင်းတာတွေကိုပဲ ထုတ်ပြောတော့တယ် ... မင်းသုံးနေတဲ့ ဖေ့ဘွတ်ခ်မှာ ပုံတွေ တင်တဲ့သူတွေက ကြည့်မကောင်းတဲ့ပုံတွေ တင်တာရှိလို့လား ... မသာရုပ်ကို အလှဆင်ပြီး မလှလှအောင် ပြင်ကြတယ် ... အပြင်မှာ အသားမည်းပြီး ဘုတွေ ဒစ်တွေ ပြည့်နေတဲ့သူက အထဲမှာတော့ ဖြူဖွေးဝင်းပနေတာပဲ ... ဒါကလည်း အပြစ်လို့ မဆိုသာပါဘူး ... လူတွေရဲ့သဘာဝကိုက ဒီအတိုင်းပဲလေ "
အဲဒီနောက်မှာတော့ သူတို့ကြားမှာ တိတ်ဆိတ်မှုက စိုးမိုးသွားပါတယ်။ တစ်ချက် တစ်ချက်မှာ အပြင်ဘက်က ဈေးသည်တွေအော်သံကိုကြားနေရပြီး သူတို့ကတော့ အတွေးကိုယ်စီနဲ့ ငြိမ်နေကြတယ်။ စိတ်ထဲမှာ ဘာမှ မတွေးတော့ဘဲ နေလိုက်တော့ ဘိုးတူးရဲ့ရင်ထဲမှာ တဒင်္ဂတော့ ငြိမ်းအေးသွားပါတယ်။ ထို့နောက် ဘကြီးပြူးရဲ့ အသံလေးလေးကြီးက တိတ်ဆိတ်နေတဲ့ အခြေအနေကို ဖြိုခွင်းလိုက်တယ်။
" လူတွေက ပေါင်းလို့ မကောင်းဘူးဆိုရင် မင်းကိုယ်တိုင် လူထဲမှာ နေလို့ မဖြစ်တော့ဘူး ... မင်းကလည်း လူပဲလေ ... တခြားသူတွေနဲ့ မင်း ရန်မဖြစ်ရင် တခြားလူတွေ ပေးတဲ့ ဒုက္ခတွေကို မင်း မယူရင် မင်းကိုမင်း ရန်ဖြစ် မင်းကိုမင်း သောကတွေပေးနဲ့ အရူးနဲ့ မင်းနဲ့ ဘာများကွာတော့မှာလဲ ... အဓိကတော့ မင်းဟာ ဖြစ်ချင်တာတွေ များနေပေမယ့် တကယ်တမ်း မလုပ်ဘူး ... ဆင်ခြေတွေ အမျိုးမျိုးပေးပြီး အိုအေစစ်အတုတွေ ဖန်တီးတယ် ... ပြီးတော့ ဘာဖြစ်လာသလဲဆိုတော့ ရေခဲအစစ်က ရေခဲခြောက်ကို မမှီသလိုပဲ မင်းဖန်တီးတဲ့ ချမ်းသာမှုက မူလသရုပ်ပေါ်လာပြီး လေထဲမှာ ဆောက်တဲ့ တိုက်အိမ်လို ပြိုကျပျက်စီးသွားတယ်။ ငါ မင်းကို မေးမယ် ... တကယ့်ဥာဏ်ပညာအစစ်ကို မင်း တကယ်သိရဲ့လား ... ဒိဗ္ဗစက္ခုဥာဏ်ဆိုတာ လူတိုင်းမှာ မွေးကတည်းက ပါပြီးသား ... ပါရမီပြည့်ဝတဲ့ ဘုရားရှင်ရဲ့ ဥာဏ်ရည်နဲ့တော့ နှိုင်းယှဉ်လို့ မရပေမယ့် ကိုယ်နဲ့ ထိုက်တန်တဲ့ အရာတော့ ကိုယ့်မှာ ပါလာတယ်။ ဒါကို သတိမမူမိကြဘူး။ ဒါကို မသုံးကြဘူး။ သူများမှာ ရှိတာကိုပဲ လိုချင်တယ်။ ကိုယ့်မှာ ရှိတာကို ပိုပြီးကောင်းအောင် မလုပ်ကြဘူး။ ဥာဏ်ပညာအစစ်အမှန်က ဘာလဲ မသိဘူး။ ဒီတော့ သွားချင်တဲ့လမ်းသွားပြီး ရောက်ချင်တဲ့လမ်းကို ရောက်နေတဲ့ လူ့ဗာလအဆင့်ကနေ တက်မလာတော့ဘူး။ "
" ဒါဆို ဘကြီးရယ် ကျွန်တော့်ကို အဲဒီဥာဏ်ပညာက ဘာလဲဆိုတာ ပြောပြပေးပါဗျာ ... တကယ့်ကို သိချင်နေတာပါ "
ဘကြီးပြူးစကားတချို့ကို ဘိုးတူး လိုက်မမှီပါဘူး။ ဒါပေမဲ့ သူ့ဥာဏ်မှီသလောက်တော့ ဘကြီးပြူးက သူ့ကို လမ်းမှန် ညွှန်ပြပေးနိုင်မယ်ဆိုတာ ယုံကြည်သွားပါတယ်။ ဒါကြောင့် သူသိချင်နေတာကို ပြောပြပေးဖို့ တရိုတသေနဲ့ တောင်းခံလိုက်ပါတယ်။
( ဆက်လက်ဖော်ပြပါမည် )
MSC - 176
လောင်းကစားသမားတွေ ကုန်ရင်တော့ပေးသူမရှိ
ကော်ရင်တော့ လာဝုန်းကြမည့်သူတွေ တိုးမပေါက်ဘူး
သတိထားစရာပို့စ်လေးပ
စိတ်နာစရာတွေ ရှိဖူးလားဗျ
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thank you for your upvotes !
တကယ်ကို မှတ်သားထိုက်တဲ့စာလေးပါကိုစော ဆက်ပြီးအားပေးပါ့မယ်
ဟုတ်ကဲ့ ဘယု
ကျော်လည်း သိချင်တယ်။နောက်အပိုင်းကိုမျော်နေလျက်ပါ
Posted using Partiko Android
ဟုတ် ကိုအေးချမ်း
ကိုယ်ယုံကြည်ရာ ဆိုသလို ဘာတွေများ ပိုတိုးတတ်လာနိုင်မလဲ ဟု steemit ကို မှန်မှန် လုပ်ဆောင်နေရင်း ဝင်ငွေ ပြတ်သွားတဲ့အခါ မိန်းမ မကြည်ပါ😁😁
Posted using Partiko Android
မိန်းမ မကြည်တာတွေ လုပ်တာက အမျိုးသားရေးတာဝန်ပါ 😁
ကိုစောစာတွေ မဖတ်ရတာကြာပြီ
ဟုတ်တယ် မစု
ကောင်းလှပါတယ်အစ်ကို ။wisdom ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီလှပြီး ဘာတွေဆက်ပြီးပြောပြအုံးမလဲဆိုတာ စိတ်ဝင်းစားလှပါတယ်။နောက်အပိုင်းစောင့်နေပါ့မယ်အစ်ကို။
ကိုယ့်အယူအဆလေးပါ မှန်မှားကတော့ အတွေ့ ကြုံနဲ့  ချင့်ယုံပါနော်
ရေးသားချက်တွေကိုကြိုက်တယ်ဗျာ။ဖတ်ချင်လို့ စောင့်မျှော်နေပါတယ်ကိုစော။
ကျေးဇူးတင်ပါတယ် ကိုမဟော်
ဒိဗ္ဗစက္ကုဉာဏ်က လူတိုင်းမှာပါတာလည်းဟင်
Posted using Partiko Android
Post ရဲ့  ရည်ရွယ်ရင်းက message တစ်ခုကို ရင်ထဲ ရောက်စေချင်တာပါ။ အဲဒါကို မြင်အောင် လူတိုင်း သိပြီးတာ တစ်ခုနဲ့  နှိုင်းယှဉ်ပြတာဖြစ်ပါတယ် ... ဘောက်ဖတ် ပိုးတုံးလုံးနဲ့  လိပ်ပြာက တစ်ခုတည်းဆို ဒိဗ္ဗစက္ခုဥာဏ်က တောင်ပံစုံတဲ့ လိပ်ပြာသဏ္ဍာန်ဖြစ်ပြီး wisdom က မွေးဖွားကာစ ပါရမီ မရင့်သန်သေးတဲ့ ဘောက်ဖတ်ပါ
ဂလိုလား ဉာဏ်မမီဖြစ်သွားတယ်
Posted using Partiko Android
ကျွန်တော်လည်း တွေးချင်ရာတွေးပြီး ရေးချင်ရာ ရေးနေမိတယ်
ပြန်တွေ့ရတာ ဝမ်းသာလှပါတယ် ကိုစော ရေးထားတာ စိတ်ဝင်စားမိ ဆက်ဖတ်ပါ့မယ်ရှင့်😁
Posted using Partiko Android
လာဖတ်အောင် marketing လုပ်နေတာပါ မတ်မတ်ကြည် 😁