Thinking about my way !

in #myanmar6 years ago

kj4zgymn7o.png

Source


စတီးမစ်မှာ ဘာစာတွေ ရေးကြတာလဲ? တစ်ခါ တစ်ခါ စဉ်းစားမိပါရဲ့ ... ကွီး ရေးနေတာတွေမှာ နည်းပညာတွေက များတယ် ... ဝတ္ထုတိုလေးတွေ မတောက်တခေါက်ရေးပါတယ်။ ရှေ့ဆက်ရေးဖို့ စဉ်းစားမရဘူး။ ပရိတ်သတ်ကလည်း အားပေးသလား မမေးနဲ့။ ဆက်ရေးပါလို့ သတိလာ မပေးဘူး။ စာအရေးအသားညံ့တော့ ကွီး မရေးတာက ရေးတာထက် ပိုပြီး အဆင်ပြေတဲ့ပုံပါပဲ ... ဒီလိုနဲ့ပဲ ဇာတ်မသိမ်းနိုင်တာက တဖြည်းဖြည်း များလာလေရဲ့ ...

ဟော ... နည်းပညာဆိုပြန်တော့လည်း ပေးရတဲ့အချိန်နဲ့ ရေးမိတဲ့စာက မကာမိပြန်ဘူး။ တစ်ခါတစ်လေ နှစ်ရက် သုံးရက်လောက် မျက်စိတွေ ယောင်မတတ် လေ့လာပြီးမှ စာလေး တစ်မျက်နှာ ရေးလို့ ရတယ်။ တစ်ခါတစ်လေကျပြန်တော့လည်း ငါ မရေးတာက ပိုကောင်းတယ်ဆိုပြီး မရေးဖြစ်လိုက်တာတွေ ရှိတယ်။ ဥပမာအားဖြင့် steembottracker မှာ ဘုတဲ့အခါ ဘယ်လိုများ အမြတ်ရနိုင်ချေ တွက်မလဲတို့ ဘာတို့ပေါ့ ... ယေဘုယျအားဖြင့် အားလုံးသိတဲ့အတိုင်းပဲ သူက ဘုတဲ့သူများလေ ပေးတဲ့ ရာခိုင်နှုန်း နည်းလေပဲလေ ... ပြီးတော့ မကျိန်းသေဘူး ... ကိုယ်ပြောသလို လုပ်လိုက်လို့ ရှိစုမဲ့စုလေးတွေ မထင်မှတ်ဘဲ ပလုံသွားရင် ကိုယ်က ကြားထဲကနေ စိတ်မကောင်းဖြစ်သွားဦးမယ် ...

ဒီလိုနဲ့ပဲ ... စာတွေ မရေးဖြစ်တာ ကြာလှပေါ့ ...


5oep8uc9hd.png

Source


သုတနဲ့ ရသမှာ သုတလည်း မမည် ... ရသလည်း မကျတဲ့ စာတွေ ရေးရင်း တဖြည်းဖြည်း ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျဖြစ်လာတယ် ... ရသဘက်ကလည်း မမှီမကမ်း ... သုတဘက်ကျပြန်တော့လည်း အခြေအနေက အချိန်တိုင်း ပြောင်းနေတာ ... အခုဆို ဘုတာက တွက်လို့ မရတော့ဘူး ... စိတ်မှန်းနဲ့ပဲ လုပ်နေရတာတွေ ရှိတယ် ... အချိန်အများကြီးပေးပြီး sbd တွေ အရှုံးခံပြီး ရလာတာက ဒီလို ရလဒ်တဲ့လား ... ပြန်လည် ချိန်ညှိရပါတော့တယ် ...

နောက်ဆုံးမှာ ရသေ့စိတ်ဖြေလေး တွေးမိတယ် ... ကိုယ်တွေက steemit လောကထဲကို ငွေလိုချင်လို့ ဝင်လာတာ ... မြန်မာဆိုတဲ့နာမည်သုံးနေလို့ သိက္ခာမကျအောင် စာတွေကို ကြိုးစားရေးနေကြတာ ... စာရေးနေရင်း ကိုယ့်ကိုယ်ကို စာရေးဆရာလို အရမ်းမြင်နေလို့လည်း မဖြစ်ဘူး ... ကလောင်သွေးတဲ့အနေနဲ့ပဲ သဘောထားရတော့မယ် ... ကလောင်သွားက ချွန်သွားလည်း ဒီလက်ရေးပဲ ... တုံးသွားလည်း ဒီလက်ရေးပဲ ... အခြေခံစာရွက်က တူနေတယ် ... စတီးမစ်ပလက်ဖောင်းကိုယ်တိုင်က လူသစ်တွေကို sbd အရများတဲ့ Post တွေပဲ ထိပ်ဆုံးကနေ ပြတာ ... စာအရေးအသားက payout နဲ့ သိပ်မဆိုင်တော့ဘူး ... ဒီတော့မှ စိတ်ပြေသွားတယ် ...

ဒီတော့ ဟုတ်ပါပြီ ... sbd လေး ရမယ့် နည်းလမ်းလေးများ ရှိမလား ...


u6y9tg94oh.png

Source


စာရေးပါ ... ပို့စ်တင်ပါ ... စာရေးပါ ... ပို့စ်တင်ပါ ... ဗုတ်ပေးပါ ... ဗုတ်ယူပါ ... ဆိုတဲ့အထဲကနေ ကွဲထွက်တာလေးတွေ စဉ်းစားရပါတယ် ...

ကြားပေါက်လေးတွေ စဉ်းစားရပါတယ် ... သိလာသရွေ့လေးကို နောက်ထပ်ပို့စ်တစ်ခုနဲ့ တင်ပြပေးပါ့မယ် ...

သိထားတဲ့သူတွေကလည်း အခု မန့်မှာ သိသမျှလေးတွေ မန့်ပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ် ... တစ်စုတစ်စည်းတည်း စုံလင်သွားတာပေါ့ ...

အားလုံးကို ကျေးဇူးတင်ပါတယ်


n0kvejct8o.png

Source


@sawlwin

MSC - 176

Sort:  

😁စာရေးတယ် ဓာတ်ပုံရိုက်တယ် ကဗျာရေးတယ် ပို့စ်တင်တယ် ဗုတ်တယ် မန့်တယ် တတ်လို့တော့ မဟုတ်ဘူး ငတ်လို့လည်း မဟုတ်ဘူး လုပ်လက်စကို အရှုံးမပေးချင်သေးလို့ လုပ်နိုင်သလို ဆက်လုပ်သွားနေတာပဲ....

ဝါသနာပါတယ် အသပြာလည်း လိုချင်တယ်😁😁😁

Posted using Partiko Android

လုပ်နေတော့လည်း ရှေ့ရောက်တာပေါ့ဗျာ

Posted using Partiko Android

အို ဦးစောကြီးကလဲ ကျုပ်တို့ကတော့ ဘစောမှ ဘစောပါတော် 😁

ကွေးနေအောင် ကပြီဗျို့

Posted using Partiko Android

ကြားပေါက်လေးတွေ စိတ်ဝင်စားပါတယ် ကိုစောရေ သိရင် လက်တို့ပါအုံး

Posted using Partiko Android

MSC Chat မှာ ပြောထားတာလေးတွေပါပဲ

Posted using Partiko Android

လာမဲ့ပိုစ့်​​မျှော်​​နေပါ့မယ်​...

Posted using Partiko Android

ကျေးဇူးတင်ပါတယ်

Posted using Partiko Android

ကိုစောရဲ့နည်းပညာpostတွေ အရမ်းကြိုက်တယ်

Posted using Partiko Android

အားပေးတာ ကျေးဇူးတင်ပါတယ် ကိုအေးရေ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Many thanks!

Posted using Partiko Android

ထွင်း‌ဖောက်‌ဖို့နည်းလမ်းများကို သင်‌ ပြ‌ပေးပါ ကို‌စော‌ရေ၊ ကြိုးစားပါ့မယ်‌။ဘယ်‌post‌တွေ ‌လေ့လာသင့်‌တယ်‌ဆိုတာလည်း လမ်း ပြ‌ပေးပါဦး။

အဲဒီလိုတော့ မပြတတ်ပါဘူးဗျာ

Posted using Partiko Android

steemmonster game အကြောင်းရေးပေးပါအကိုစော

အဲဒါက မလေ့လာဖြစ်သေးဘူး ဂိမ်းနဲ့က ဝေးတော့ ရေးရမှာ မဝံဘူး ဖြစ်နေတယ်

Posted using Partiko Android

လာမဲ့ပိုစ့်​​မျှော်​​နေပါ့မယ်​...

Posted using Partiko Android

ကျေးဇူးတင်ပါတယ်

Posted using Partiko Android

လုပ်​စမ်းဘာဗျာ ဝထ္ထု​လေးဘာ​လေး ဖတ်​ရ​အောင်

ဦးယုလောက် ရေးမကောင်းပါဘူးဗျာ

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62648.12
ETH 2562.87
USDT 1.00
SBD 2.74