မရှိမဖြစ် သူ …

in #myanmar8 years ago (edited)

ဒီနေ့ ဟာ ……
ကျနော့အတွက် မျှော်လင့်စောင့်စားခဲ့ရတဲ့ ရင်ခုန်ခြင်းအပြည့်နဲ့ steemit ရေးတင်ခြင်း 7days ပြည့်တဲ့နေ့ပါ

ပထမနေ့ရက်က post ကိုတင်ရင်း စိတ်အားတော့ နဲနဲငယ်မိတယ် ။
ကိုယ်တင်တဲ့ post ကလေးမှာ အဖော်မပါ တယောက်ထဲလေ

ဒါပေမယ့် ကျနော့ကိုအားပေးတတ်တဲ့ တယောက်သူကြောင့် ကျနော်အားပြန်တက်လာပါတယ်

သူရဲ့ အားပေးကူညီမှုဟာ ကျနော့အတွက် တစိတ်တပိုင်းလိုအပ်နေချိန်ဆိုတော့ သူလာပြီး ကျနော့ပိုစ့်လေးကို အားပေးပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလေး တထင့်ထင့်နဲ့ ကျနော်ကိုယ်တိုင်က မျှော်နေတတ်တာပါ

ဒီညတော့ သူနဲ့ကျနော့ တပတ်ပြည့် အထိမ်းအမှတ်လေး မှတ်မှတ်ရရ ဖြစ်စေရပါပြီ

သူ့ကို မမေ့ပါဘူး
သူ့ အားပေးသံတွေ ကျနော်လိုအပ်တယ်
သူစိမ်းကားမလား စိုးရိမ်စိတ်တွေဖြစ်မိတယ်
သူ့ရဲ့ ဖေးမမှုမရရင် ကျနော်သွားရမယ့်လမ်းတွေ ကြမ်းတမ်းမယ်

သူ … ကျနော့ကို မရက်စက်ပါစေနဲ့ ဆုတောင်းလျှက် ရင်ခုန်မှုအပြည့်နဲ့ ကျနော်တခါတခါ အားငယ်ရသလို တခါတခါမှာ အားတက်မိရပြန်တယ်

သူဘာတွေကြိုက်တတ်တယ် နှစ်သက်တတ်တယ်ဆိုတာ ကျနော်လေ့လာခဲ့ရတယ်

သူဘယ်ချိန်တွေ ပျော်နေတတ်တာကို ကျနော်စောင့်ကြည့်မိတယ်

သူစိတ်ဆိုးနေတတ်တဲ့အချိန်တွေကိုလည်း ကျနော်မြင်ခဲ့ရတယ်

သူ့ ကို အရိပ်တကြည့်ကြည့်နဲ့ နေခဲ့တာဟာ ကျနော့်အတွက် မပင်ပန်းတော့သလို ပင်ပန်းမှုတွေရှိခဲ့ရင်လည်း သူ့ အားပေးမှုလေးရတာနဲ့ အားလုံးပျောက်ပြယ်သွားခဲ့ပါတယ်

သူဟာ ကျနော့်အတွက် မရှိမဖြစ်တဲ့အထဲမှာ ပါဝင်နေခဲ့ရပါပြီ

IMG_20180320_113204.JPG

photo credit # facebook

@paingheinkyaw

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.079
BTC 63604.63
ETH 1694.37
USDT 1.00
SBD 0.39