“ပီတိ”(အပိုင်း-၂)(သိမ်း)

in #myanmar8 years ago

IMG_20171211_182328.jpg

“ပီတိ”

အခန်း(၄)

“ဆရာလေး၊ ဆရာလေး” စာသင်ခန်းပြင်ပမှ ခေါ်လိုက်သံကြောင့် ကျွန်တော် ထွက်ကြည့်လိုက်သည်။ ညှိုးငယ်သောနေသော မျက်နှာဖြင့် ရွာ၏ကာလသားကြီး ကိုသာအေး ကိုမြင်တွေ့လိုက်ရသည်။ “ဆရာလေး စာသင်ချိန်ပြီးရင် အဘရွာလူကြီးက အရေးကြီးစကား ပြောစရာရှိလို့တဲ့ ဆရာလေးကို အမှာခိုင်းလိုက်ပါတယ်ခင်ဗျ”။ “အော်ဟုတ်ကဲ့ ဒီအတန်းချိန်ပီးရင် ကျနော်ကျောင်းဆင်းပေးပြီး လာခဲ့လိုက်ပါမယ် ကိုသာအေးရေ” “ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါဆို ကျနော် ပြန်ပီနော်ဆရာလေး”။ ပြောပြောဆိုဆို ချာကနဲလှည့်ထွက်သွားသော ကိုသာအေးကို ကျွန်တော်ပြုံးကာကြည့်နေလိုက်ရတော့ သည်။ စိတ်မြန်လက်မြန်ရှိသော ရွာသားများပါပေ။

ထို့နောက် ကျွန်တော်လည်း ကလေးများကို ကျောင်းဆင်းပေးလိုက်ကာ ရွာလူကြီးအိမ်သို့ ထွက်ခွာလာခဲ့လိုက်သည်။ ရွာလူကြီး၏ အိမ်အ၀င်ဝရောက်သည်ဆိုလျင် စုဝေးနေသော ရွာသားအချို့နှင့် ရပ်မိရပ်ဖများကို မြင်တွေ့လိုက်ရသောအခါ ကျွန်တော်၏ စိတ်တွင် ထင့်ကနဲဖြစ်သွားရသည်။ ဤရွာတွင် မည်သည့်အကြောင်းများ ရှိနေပြီနည်း။ ရွာအတွက် အရေးကြီးသော အကြောင်းအရာ တစ်စုံတစ်ခုအား စည်းဝေးဆုံးဖြတ်ကြလျင် အထက်ပါ ရွာသားများ စုစည်းကြသည်ကို ကျွန်တော့် သိထားနေပါသည်။ ထို့ကြောင့်ပင် စိတ်ထဲ၌ ထင့်ကနဲဖြစ်သွားရခြင်းဖြစ်သည်။

“ဟော ဆရာလေး ရောက်လာပီ” ရွာသားတစ်ယောက်၏ အသံနှင့်အတူ စုဝေးရောက်ရှိ နေသူအားလုံး၏ အကြည့်သည် ကျွန်တော့ထံသို့ ရောက်ရှိလာလေတော့သည်။ ထိုသူတို့ အားလုံး၏ အကြည့်များသည် တစ်စုံတစ်ခုအား နားမလည်နိုင်သောအကြည့်၊ ထူးဆန်းသော အရာတစ်ခုအား မြင်တွေ့နေရသော အကြည့်များ ဖြစ်နေကြတော့သည်။


Credit Image Source

အခန်း(၅)

“ဟာ လာလာ ဆရာလေး ဒီဘက်ကြွပါ” ရွာလူကြီးမှ ဦးဆောင်ကာ နေရာချထားပေးသည်။ ကျွန်တော်လည်း အလိုက်သင့် နေရာဝင်ထိုင်လိုက်သည်။ “ဘာတွေများ အရေးအကြောင်း ထူးနေလို့လဲ ခင်ဗျ၊ လူတွေစုံလို့ပါလား”။ ကျွန်တော်၏ စကားအဆုံး၌ တိတ်ဆိတ် ငြိမ်သက်သွားသော နံဘေးမှ ရပ်မိရပ်ဖများကို အကြည့်တစ်ချက်ဝေ့၀ဲကြည့်မိလိုက်သည်။ ခဏအကြာ ရွာလူကြီးမှ ချောင်းတစ်ချက်ဟန့်ကာ စကားစလာသည်။ “ဆရာလေးကို ကျွန်တော်တို့ ရွာသားတွေက နားမလည်နိုင်ဖြစ်နေကြတာဆရာလေးရယ်၊ ဆရာလေးဟာ ကျွန်တော်တို့ ရွာအတွက် တာဝန်ကျဆရာတစ်ယောက် မဟုတ်ဖူးတာကို ကျွန်တော်တို့ ရွာသားအားလုံးက သိပြီးကြပါပီဆရာလေးရယ်”။ ရွာလူကြီး၏ စကားအဆုံး၌ ဆွံ့အသွား သူက ကျွန်တော်ဖြစ်နေပြန်ပါတော့သည်။

“ရွာရဲ့ကျောင်းမှာ ပြန်လည်တာဝန်ထမ်းဆောင်ဘို့ အရင်ကနာမကျန်းဖြစ်နေတဲ့ ဆရာမလေး ပြန်လည်ကျန်းမာပြီး ပြန်ရောက်လာပါပီ။ သူ့နေရာကို တခြားမည်သည့် ဆရာတစ်ဦးကိုမှ အစားထိုးပေးခြင်းမရှိသေးကြောင်း ဆရာမလေးထံမှ စကားကြောင့် ကျွန်တော်တို့အားလုံး တအံ့တသြဖြစ်နေကြရတာပါဆရာလေးရယ်”။ “ဒါက -- ဒီလို - ဟို --” ကျွန်တော်၏ နှုတ်မှ စကားသံတို့သည် အထစ်ထစ် အငေါ့ငေါ့နှင့် ဘာပြောရမည်မသိ ဖြစ်နေရတော့သည်။ ထိုအခိုက် --

“ဆရာလေးရဲ့ စေတနာနဲ့ မေတ္တာတရားကို ကျွန်မလေးစားအံ့သြမိပါတယ်ရှင်၊ ကျွန်မက ဒီရွာကျောင်းလေးမှာ စသင်နေတဲ့ ဆရာမပါ၊ အရင်နှစ်လက ကျွန်မရဲ့ ရုတ်တရက် မကျန်းမာဖြစ်မှုကြောင့် မြို့ကိုခေတ္တပြန်ပီး ဆေးကုသမှုခံယူနေခဲ့ရပါတယ်၊ ဒီအတွက် ကျမနေရာကို ဆရာတစ်ယောက်အစားထိုးပေးဘို့ အထက်ကိုစာတင်ထားသော်လည်း အခုကျွန်မ ပြန်လည်ကျန်းမာလာချိန်အထိ အစားထိုးခန့်ထားပေးရန် ဆရာ မလုံမလောက် ဖြစ်နေကြောင်း သိခဲ့ရပါတယ်” “ကျွန်မလဲ ကျန်းမာရေး ကောင်းလာတာနဲ့ ဒီရွာလေးကို အမြန်ပြန်လာချိန်မှာ ရွာကျောင်းလေးမှာ ဆရာလေး စာသင်နေတာကိုတွေ့ရလို့ ကျမ ပိုပီး အံ့သြရပါတယ်ရှင်၊ ကျွန်မပြောပြရှင်းပြမှုကြောင့် ရွာလူကြီးအပါဝင် ရပ်မိရပ်ဖများ အားလုံးက ဆရာလေးကို နားမလည်နိုင်ဖြစ်နေကြတာပါ”။


Credit Image Source

အခန်း(၆)

ဆရာမလေး၏ ရှင်းပြမှုဖြင့် ကျွန်တော်သည်လည်း ဇတ်ရည်လည်လာသောအခါ ကျွန်တော်မှထပ်ဆင့်ရှင်းပြမှ ဖြစ်တော့မည်ကို သိလိုက်ရပါတယ်။ “ဟုတ်ကဲ့ ရွာလူကြီး နှင့်တကွ ရပ်မိရပ်ဖများကို ပထမဆုံး ကျွန်တော်ပြောလိုတာကတော့ ၊ ကျွန်တော်ဟာ ဒေသန္တရဗဟုသုတရှာဖွေနေလေ့လာနေတဲ့ သာမာန်ခရီးသွား တစ်ယောက်ဖြစ်ပါတယ်။” အဲဒီနောက်တော့ ဒီရွာလေးကို ကျွန်တော်ရောက်လာတော့ ကျွန်တော့်ကို အစားထိုးရောက်လာတဲ့ ကျောင်းဆရာတစ်ယောက်လို့ အထင်မှတ်မှားနေကြရာကနေ တစ်ဆင့် ဒီရွာလေးက ကလေးသူငယ်များကို ကိုယ်ချင်းစာနာမိပြီး သူတို့လေးတွေကို စာသင်ပေးဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်” “ဒီလိုလုပ်တာဟာ ကျွန်တော်ဟာ တစ်စုံတစ်ခုကို ရလိုမှုနဲ့ ဆုံးဖြတ်လုပ်ဆောင်ခဲ့တာမဟုတ်ပဲ ဒီရွာကလေးရဲ့ အမှန်တစ်ကယ် လိုအပ်နေတဲ့နေရာလေးမှာ ကျွန်တော်တတ်အားသရွေ့ အားဖြည့်ပေး လိုက်မယ်ဆိုတဲ့ စိတ်နဲ့အတူဆုံးဖြတ်လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်ဟာ အစားထိုး ရောက်လာတဲ့ ကျောင်းဆရာမဟုတ်ပါဘူးလို့ အမှန်အတိုင်း ပြောမထွက်ရက်ခဲ့ပါဘူးဗျာ”။

ကျွန်တော်၏ စကားအဆုံး၌ ရွာလူကြီးနှင့် ရွာ၏ ရပ်မိရပ်ဖများမှာ ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် ဖြစ်နေကြသည်။ ဆရာမလေးမှ စကားဆက်လာသည် “ဆရာလေးကို ဘယ်လို ကျေးဇူးတင်စကားပြောရမှန်းကို မသိတော့ပါဘူးရှင်၊ ဆရာ့လိုလူမျိုးကို ကျွန်မ တစ်သက်မှာ ဒီတစ်ကြိမ်ပဲ တွေ့ဖူးမြင်ဖူးတာပါပဲရှင်”။ ရွာလူကြီးမှလည်း “ဘာပဲပြောပြော ဆရာလေးကို ကျွန်တော်တို့ တစ်ရွာလုံးက တစ်ကယ့်ကျောင်းဆရာလေးအဖြစ် အသိအမှတ်ပြုပီး ကြည်ညိုလေးစားလျက်ပါဗျာ။ ကျွန်တော်တို့ ရွာလေးအတွက် ဆရာလေးရဲ့ မေတ္တာ၊ ဆရာလေးရဲ့စေတနာတွေဟာ ဆပ်လို့မကုန်နိုင်အောင် ကျေးဇူးတရား ကြီးမားလှပါတယ်ဗျာ”။


Credit Image Source

အခန်း(၇)

ထိုမှ နောက်ရက်သတ္တတစ်ပတ်အကြာတွင် ကျွန်တော်သည် ထိုရွာလေးမှနေ၍ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ကျွန်တော်၏ စိတ်နှလုံးတွင်ကား တစ်ခဏတာ အခိုက်အတန့်လေးတစ်ခုပင် ဖြစ်နေလင့်ကစား ဆင်းရဲချို့တဲ့ရှာသော ရွာကလေးတစ်ရွာတွင် ယာယီကျောင်းဆရာလုပ်ကာ ရွာ၏အကျိုး၊ တိုင်းပြည်၏ အမှန်တကယ်လိုအပ်နေသော ဟာကွက်လေးကို ဖြည်ဆည်းပေးလိုက်ရသည့်အကျိုး ထိုသို့ ဆောင်ရွက်ပေးလိုက်ရခြင်းအတွက် ဖြစ်ပေါ်၊ ပေါ်ပေါက်လာသော “ပီတိ”တစ်ခု သည် ယနေ့ထက်တိုင် မေ့ပျောက်နိုင်ခြင်းမရှိပဲ ပြန်လည်စဉ်းစားမိလေတိုင်း တစ်စိမ့်စိမ့် ကြည်နူးနေမိတော့သည်။

ကျွန်တော်ဟာ ကျောင်းဆရာအစစ်မဟုတ်လေပဲ တကယ့်ကျောင်းဆရာအစစ်အလား ရပ်ရွာလေးရှိ ကလေးငယ်လေးတို့အား ကိုယ်ရောစိတ်ရောနှစ်ကာ စာပေသင်ကြား ပေးခြင်းများ ပြုခဲ့သည်။ ထိုသို့ ပြုခဲ့ခြင်းတွင် ဥပဒေအရ မှားသည်မှန်သည်ကို ကျွန်တော် ဂရုမပြုခဲ့ ကလေးငယ်တို့ စာပေတတ်မြောက်စေခြင်သော စိတ်စေတနာဖြင့်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့အတွက် ကျွန်တော်သည် ကျောင်းဆရာအစစ် မဟုတ် သည်ကို သိရှိသွားသည့်တိုင် ကျွန်တော့အပေါ် တကယ့်ဆရာအစစ်တစ်ယောက်အလား လေးလေးစားစား ဆက်ဆံကြသော ရွာသူရွာသားများ၏ မေတ္တာစိတ်ဓါတ်ကိုလည်း ချီးကျူးမိသည်။ ထို့အတူ တာဝန်ကျဆရာမလေးမှလည်း သူမ၏ အလုပ်တာဝန်ဝတ္တရားကို ၀င်ရောက်စွက်ဖက်သော ကျွန်တော့်အား အရေးယူတိုင်ကြားခြင်းမရှိသည့်အပြင် ထိုသို့ ကူညီဆောင်ရွက်ခြင်းအတွက် လေးစားဂုဏ်ယူနေကြောင်း ပွင့်လင်းစွာပင်ပြောလာခဲ့သည်။

ကျွန်တော်၏ အိမ်အပြန် ခရီးအတွင် ကျွန်တော်စာသင်ကြားပေးနေသော ကျောင်းသား၊ ကျောင်းသူလေးများမှ ၀န်းရံလာကြကာ “ဆရာလေးက ဘယ်တော့ပြန်လာမှာလဲဟင် ဆရာလေး ပြန်အလာကို ကျွန်မတို့ မျှော်နေမယ်နော်”။ မျက်ရည်လေးများ စို့ကာဝဲကာဖြင့် ကျွန်တော့လက်ကိုဆွဲကာ ကလေးငယ်များမှ မေးလာကြသည်။ ကျွန်တော့ရင်ဝယ် ဆို့နင့်ကြေကွဲနေသော်လည်း ကလေးတို့အား အားပေးနှစ်သိမ့် ပေးလိုက်မိသည်မှာ “ဆရာက မြို့ကို ခဏလေးပြန်တာပါကွယ် ကလေးတို့ဆီကို ဆရာပြန်လာမယ်နော် ဟုတ်ပီလား ကလေးတို့”။ ကျွန်တော်၏ စကားအဆုံးဝယ် ရွာလူကြီးနှင့် ရွာသားများမှာ ကြည်နူးနေသော၊ ၀မ်းနည်းနေသော၊ တစ်စုံတစ်ခုအား မျော်လင့်နေကြသော မျက်ဝန်းအစုံများကို ကျွန်တော်တွေ့မြင်လိုက်ရလေတော့သည်။

“မင်္ဂလာပါ ဆရာကြီး” ကျောင်းသားကျောင်းသူလေးများ၏ နှုတ်ခွန်းဆက်သံလေးများသည် ကျွန်တော်၏ နှလုံးအိမ်ဝယ် အစဉ်အမြဲပျံ့လွင့်လျက်။ ကျွန်တော့ရင်တွင် အတိုင်းမသိသော “ပီတိ”အဟုန်သည် တရှိန်ထိုး ထွင်းဖောက်မည်မြည်ဟည်းနေတော့သည်။

“ပီတိ”ကိုစားလျက် အားရှိနေခဲ့ကြသော ဆရာ၊ ဆရာမများ အားလုံးအား ဤဇာတ်လမ်း လေးဖြင့် ဦးညွှတ်ဂုဏ်ပြု အပ်ပါသည်။

----- ဆက်လက်ကြိုးစားပါအုန်းမည် -----

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>>08:20 AM (20.7.2018)

#Myanmar #Writing #Literature #Life #Blog

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

ဗျဗျ ။ အလည်လာပီး နှုတ်ဆက်သွားတယ်ပေါ့ ။ လာလည်တာ ကျေးဇူးပါဗျာ။

တပည့်မရှားပီတိကိုစားအားရှိ

ဟုတ်ပါတယ်ဗျာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို အစဉ်လေးစားလျက်ပါ။

Once a teacher, always a teacher.

ဟုတ်တယ်ဗျ အဲဒီခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးတယ် ။ အင်္ဂလိပ်လိုရေးထားတော့ အကုန်နားမလည်ပေမယ့် ဆရာများကို အထူးပြု ချီးကျူးရေးသားထားတာတွေ့ရတယ်။ အားပေးမှုကို ကျေးဇူးဗျာ့။

စေတနာ ဆရာဆိုတာ အင်မတန် မွန်မြတ်ပါတယ်ဗျာ

ဟုတ်ကဲ့ဗျာ လာရောက်အားပေးမှုကို ကျေးဇူးပါဗျ။

တောရွာကကျောင်းတွေမှာဆရာအင်အားချို့တဲ့မှုကတော့ယနေ့
တိုင်ရှိနေဆဲပါရှင်

ဟုတ်တယ်ဗျာခေတ်ကာလအဆက်ဆက် ဒီလိုအပ်ချက်ကြီးက ခုချိန်ထိ မပြည့်စုံနိုင်သေးဘူးးဗျာ့။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ခဏတာ ကျောင်းဆရာလုပ်ခဲ့တဲ့ ပီတိအဟုန်တောင် ဒီလောက်ဆိုရင် တစ်ကယ့်ကျောင်းဆရာဘဝများဖြင့် လုပ်ဆောင်နေသောသူများ၏ ပီတိကိုလည်းခန့်မှန်းမိပါတယ်။ရွာလေးအတွက် လိုအပ်နေသောနေရာလေးကို ဖြည့်ဆည်းပေးခဲ့တဲ့ ကျောင်းဆရာလေးကို သူတို့ မေ့နိုင်ကြမှာမဟုတ်ပါဘူးအစ်ကို။ကောင်းသော post လေးပါ။

ဟုတ်တယ် ကိုသန့်ဇင်ရေ တကယ့်မေတ္တာစေတနာတွေ အပြည့်အ၀ပေးပြီး ကလေးတွေအပေါ် စာပေသင်ကြားပေးနေတဲ့ ဆရာများမှာ ဒီလို ပီတိမျိုးကို ထူးကဲစွာတွေ့ရပါတယ်ဗျ။

ခလေးတွေရင်ထဲမပြောပါနဲ့ ညီမတို့စာဖတ်သူတွေရဲ့ စိတ်ထဲတောင် ဟာတာကြီးဖြစ်ကျန်ခဲ့အောင်ကို ဇတ်လမ်းလေးက ဆွဲခေါ်သွားနိုင်ပါတယ်။

ဟုတ်ကဲ့ဗျာ ခုလို နက်နက်ရှိုင်းရှိုင်း ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်လျက်ပါဗျာ။

Congratulations @nyinyiwin! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

You can upvote this notification to help all Steemit users. Learn why here!

singaporeမှာဆိုဆရာတွေရဲ့လစာတော်တော်မြင့်တယ်ဗျ

ဟုတ်တာပေါ့ဗျာ မြန်မာပြည်က ကျောင်းဆရာတွေ လစာကတော့ အခုခေတ်တော့မသိဘူး အရင်ခေတ်ကဆို မိသားစုစားဝတ်နေရေးအတွက် မလောက်မငှပါ ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60051.75
USDT 1.00
ETH 1521.77
SBD 0.47