စိတ်​ချမ်း​မြေ့ဖွယ်​ကမ္ဘာ​လေး

in #myanmar7 years ago

Picture1513754526094.png

တစ်​​နေ့တစ်​​နေ့ လူသား​တွေဟာ စားဝတ်​​နေ​ရေး ​​ပြေလည်​​စေ​ရေး ကျန်းကျန်းမာမာ ​နေနိုင်​​ရေး အတွက်​အမြဲ​တ​စေ ကြိုးစားအားထုတ်​​နေကြရပါတယ်​ ။
ဒီအချက်​​တွေ ပြည့်​စုံရန်​အတွက်​ အင်​မတန်​ခက်​ခဲ​နေသု​တွေ တစ်​ပုံတစ်​ပင်​ကြီးပါ ပြည့်​စုံသူ​တွေလည်း အများအပြား ရှိကြပါတယ်​ ။
ဒါက​တော့ ကိုယ့်​ရဲ့ ကံဉာဏ်​ ဝီရိယ ​ပေါ်မှာလည်း မူတည်​​​နေ​ကြောင်းလည်း အားလုံးသိပီးသားပါ။
ဖြစ်​နိုင်​ရင်​ လူသားအားလုံးဟာ ​အေး​အေးလူလူ
မည်​သည့်​အလုပ်​မှ မလုပ်​ပဲ ​ချမ်းသာစွာနဲ့ ​နေချင်​ကြသူ​တွေချည်းပါပဲ ။သို့​သော်​ ဒီလိုဘဝမျိုး အပင်​ပန်းမခံပဲ ဘယ်​လိုလုပ်​ရမလဲ အပင်​ပန်းခံဖို့ လိုအပ်​ပါတယ်​ ။
လူသား​တွေဟာ နတ်​ပြည်​လို ဘာမှမလုပ်​မလုပ်​ရဘဲ
ချမ်းချမ်းသာသာနဲ့ ​နေချင်​ကြသူ​တွေချည်းပါ ။
နတ်​ပြည်​က တကယ့်​ကို ဆင်းရဲမှု မရှိ ချမ်းသာမှု​တွေ ချည်းပဲ စု​နေတဲ့ ​နေ​ရာတစ်​ခုဆိုရင်​လည်းမမှား​ပေ။
ကျွန်​​တော်​တို့ နတ်​ပြည်​ကို လူသားဘဝနဲ့ မ​ရောက်​နိုင်​​ပေမယ့်​ ​ရောက်​ချင်​ကြသူ​တွေ များကြပါတယ်
လက်​ရှိဘဝ မှာလည်းစိတ်​ကူးယဉ်​မိကြပါလိမ့်​မယ်​။

တစ်ချို့လူ​တွက​နတ်​ပြည်​မှာ မဟုက်​​ပေမယ့်​ နတ်​ပြည်​လို ​နေရာမျိုး မှာ ​နေနိုင်​ကြသူ​တွေ ရှိ​နေကြပါပြီ။
လူသား​တွေဟာ နတ်​ပြည်​လို့များ​ပြောလိုက်​လျှင်
တုသိတာနတ်​ပြည်​ တာဝတိံသာလို နတ်​သကြားတို့
နေထိုင်​တဲ့ ​နေရာကိုသာ ​ပြေးမြင်​မိမှာ အမှန်​ဧကန်
မှန်းဆ၍ရသည်​။ နတ်​ပြည်​ဟာ ကျွန်​​တော်​တို့လို သာမန်​လူ​တွေ မမြင်​ရဘဲ စိတ်​ကူးဖြင့်​သာ ပုံ​ဖော်​ကြည့်​ရှုလို့ ရ​သော​နေရာဆိုတာ လူသာမန်​​တွေအားလုံး လက်​ခံကြပါတယ်​။ ​နတ်​ပြည်​ဟာ ချမ်းသာသုခ​တွေပဲ စု​နေတဲ့​နေရာဆိုရင်​လည်း မမှားပါဘူး။ ကျွန်​​တော်​တို့လို သာမန်​လူ​တွေဟာ ချမ်းသာမှုကိုပဲ လိုလားကြတဲ့ သူ​တွေချည်း ပါပဲ။ စိတ်​ချမ်းသာကိုယ်​ချမ်းသာနဲ့ ​နေချင်​ကြတဲ့ လူ​တွေချည်းပဲလို့​ပြောရင်​လည်း လက်​ခံကြပါတယ်​။ ဘယ်​သူကဆင်းရဲမှုကိုလိုလားမှာလည်းဗျ။ သာမန်​လူအားလုံး
ကို​ နတ်​ပြည်​ကို ​ရောက်​ဖူးချင်​ကြလားလို့ ​မေးရင်​ လူတိုင်း​ရောက်​ဖူးချင်​တယ်​လို့ ​ဖြေကြမှာ မလွဲမ​သွေ​ပေ။
နတ်​ပြည်​မှာ ​နေချင်​ကြလားလို့ ​မေးရင်​လည်း လူတိုင်း
နေချင်​တယ်​လို့​ဖြေကြမှာ မလွဲ​ပေ။ သို့​သော်​ နတ်​ပြည်​ဆိုတာမျိုးက သာမန်​လူ​တွေ အသက်​ရှင်​ရက်​ လူသားဘဝနဲ့ သွား​နေလို့ ရတဲ့ ​နေရာမှမဟုက်​တာ ။
သာမန်​ထက်​ပိုတဲ့လူ​တွေ​တော့မ​ပြောတတ်​ဘူး​ပေါ့​လေ☺
သာမန်​လူသား​တွေ နတ်​ပြည်​မှာ ​နေချင်​ရင်​​တော့ 
မ​သေခင်​ကုသိုလ်​များများလုပ်​ တရားအားထုတ်​​ပေါ့ဗျာ။
ကျွန်​​တော်​တို့သတိမထားမိလို့ပါ နတ်​ပြည်​နဲ့ တူတဲ့​နေရာ တစ်​နည်းအားဖြင့်​ နတ်​ပြည်​မှာ ​နေရသလိုစိတ်​ခံစားချက်​ရတဲ့​နေရာ တစ်​​နေရာ​တော့ ရှိစမြဲပါ။
ဥပမာ-ကျွန်​​တော့်​မြို့​​ပေါ့☺☺ ☺ ☺ ☺
ဟဲဟဲ ☺ စတာပါ ဥပမာ​ပြောတာပါ
IMG_20171220_140030.png

မရှိဘူးလို့​တော့ မ​တွေးလိုက်​ပါနဲ့
ကိုယ်​​နေလို့​ကောင်းလို့ စိတ်​​ပျော်​​မွေ့တယ်​ဆို​ရင်​ အဲဒီ​နေရာကလည်း ကိုယ့်​အတွက်​​တော့ နတ်​ပြည်​ပါပဲ ။
မေးစရာ​တော့ရှိလိမ့်​မယ်​ထင်​တယ်
နတ်​ပြည်​မှာ နတ်​သမီးတစ်​ဖက်​ငါးရာနဲ့ ဆိုပြီး လူ​တွေ​ပြောကြပါလိမ့်​မယ်​။ လူ့ပြည်​မှာဆို တစ်​​ယောက်​တည်း
ဆိုပီး​ပြောကြအုံးမယ်​။ဒါ​ပေမယ့်​ မိတ်​​ဆွေခင်​ဗျားစဉ်းစား ကြည့်​လိုက်​ပါ နတ်​ပြည်​မှာ နတ်​သမီးများသ​လောက်​ ဘယ်​နတ်​သမီးကို ခင်​ဗျား အချစ်​ဆုံးလို့ ​ပြောနိုင်​လည်း ။နတ်​သမီး​တွေက အပြိုင်​အဆိုင်​လှ​နေကြတာကိုးဗျ ☺ မိတ်​​ဆွေဘယ်​​​ရွေးတတ်​မလဲ ။
ဟောလူ့ပြည်​မှာကြည့်​ မိတ်​​ဆွေမှာ ဇနီးမယားရှိရင်​ ဘယ်​သူ​တွေဘယ်​​လောက်​လှလှ ကိုယ့်​ဇနီးသာ အ​ချောဆုံးလို့ ​တွေးမှာပါ ။အဲလို​တွေးလို့သာ အိမ်​​ထောင်​ပြု ကြတာ​ပေါ့ ဇနီးတစ်​​ယောက်​တည်းဆို​တော့ တစ်​​ယောက်​တည်းကိုပဲ စုပြီးချစ်​လို့ရတာ​ပေါ့ ။ကိုယ်​က စုပြီးချစ်​ရင်​ သူကလည်းအသည်းခိုက်​​အောင်​ ချစ်​မှာပါပဲ
အဲလိုအချစ်​​တွေစုမိရင်​​တော့ သာယာတဲ့အိမ်​​ထောင်​​ရေး တစ်​ခု​ပေါ့ အိမ်​​ထောင်​​ရေးသာယာမှ​တော့ စိတ်​ချမ်း သာပြီ​ပေါ့ဗျာ။စကား​လေး​တွေ တီတီတာတာ ​ပြောတတ်​တဲ့ သားသားမီးမီး ​လေး​တွေရှိလာရင်​ ပို​ကောင်းတာ​ပေါ့
နတ်​ပြည်​မှာ စည်းစိမ်​တွက်​လဲပူစရာမလိုဘူး☺ ဟုက်​တာ​ပေါ့ဗျာ ရတဲ့စည်းစိမ်​က လူ့ပြည်​မှာ လုပ်​ထားတဲ့ ကုသိုလ်​​အ​လျောက်​ ရတာ​ပေါ့။
အဲဒီကုသိုလ်​​တွေက လူ့ဘဝရတုန်း လုပ်​ရတာ​လေ။
မိတ်​​ဆွေသာ ကုသိုလ်​​တွေပြုဖို့ စည်းစိမ်​​တွေများများ ရှာရင်​ ရှာတဲ့အတွက်​ အကျိုးအများကြီးရတာပါ့။
ရတဲ့စည်းစိမ်​​ရွှေ​ငွေ ​တွေကို ကုသိုလ်​ပြုမယ်​ ဆိုရင်​ ​နောက်​ဘဝတင်​မက ဒီဘဝမှာတင်​ အကျိုးများ​စေတယ်​။
စည်းစိမ်​​တွေကို ကုသိုလ်​အပြင်​ မိမိရဲ့ မိသားစု အတွက်​ စားဝတ်​​နေ​ရေးကိုလည်း ​ပြေလည်​​စေဖို့လည်း ​ဖြေရှင်း
ရန်​အတွက်​အသုံးပြုနိုင်​တယ်​ ။မိသားစုရဲ့ စားဝတ်​​နေ​ရေး​ပြေလည်​​ရေးကလည်း အဓိကကျတယ်​မလား
စားဝတ်​​နေ​ရေး​ပြေလည်​ရင်​ လူတိုင်းစိတ်​ချမ်းသာ
ကြတာပဲ​လေ စိတ်​ချမ်းသာရင်​ ကိုယ့်​အတွက်​ နတ်​ပြည်​မှာ​နေရသလို ဖြစ်​​နေမှာပါ။

ဒါ့အပြင်​ ကိုယ်​လိုချင်​သည့်​ ကမ္ဘာ​လေး တစ်​ခုဖြစ်​ဖို့ ကျွန်​​​တော်​တို့ ​နေထိုင်​ရာ ​နေရာ​ဒေသ ပတ်​ဝန်းကျင်​ ကလည်းအ​ရေးကြီးတယ်​ဗျ
Screenshot_2017-12-20-13-58-40.png

တကယ်​လို့သာ ကိုယ်​​ရောက်​​နေတဲ့​နေရာ​ဒေသဟာ
ကိုယ့်​အတွက်​ စိတ်​​ပျော်​ရွှင်​တဲ့ ​နေရာ​ဒေသ မဟုက်​ရင်​ဖြင့်​ လုပ်​သမျှဟာ သဲထဲ​ရေသွန်​ဖြစ်​​နေအုံးမှာပဲ✌
ရှင်းရှင်း​ပြောရရင်​ ​နေရာ​ဒေသ​ကြောင့်​ စိတ်​မ​ပျော်​မရွှင်​ဖြစ်​ရရင်​ ​ကိုယ့်​အတွက်​ မ​ကောင်းဘူး​ပေါ့ဗျာ
ဒါ​ကြောင့်​ မိတ်​​ဆွေသာ အဲ့​ဒီ​နေရာ မ​ပျော်​ရွှင်​ဘူးဆိုရင်​ ကိုယ်​​ပျော်​ရွှင်​မဲ့ ​နေရာတစ်​ခုကို ရှာပြီး ​နေကြည့်​လိုက်​ပါ ပိုပြီးအကျိုးများပါလိမ့်​မယ်
ကျွန်​​တော်​​ပြောချင်​တာက​တော့ လူ့ရဲ့ စိတ်​ကသာ အဓိကကြပါတယ်​ ​စိတ်​ချမ်း​မြေ့ဖွယ်​ ကမ္ဘာ​လေး
တစ်​ခုကို မိမိတို့ဘာသာ တည်​​ဆောက်​ရယူရမှာ
ကိုယ်​ဘာသာတည်​​ဆောက်​မှသာ ​ပျော်​ရွှင်​ချမ်း​မြေ့မှု ရဲ့
အသီးအပွင့်​​တွေကိုခံစားရမှာပါ♕
အားလုံးကြိုးစားပြီး တည်​​ဆောက်​ကြပါ
စိတ်​ချမ်း​မြေ့ဖွယ်​ ကမ္ဘာ​လေး
ပိုင်​ဆိုင်​နိုင်​ကြပါ​​​​စေ

မှတ်​ချက်​။ ။သာမန်​လူလို့သုံးခြင်းဟာ အရိယာပုဂ္ဂိုလ်​ 
တွေနဲ့ကွဲပြား​စေဖို့ပါ တစ်​နည်းအားဖြင့်
ပါရမီ ရင့်​သန်​သူ​တွေနဲ့ကွဲပြား​စေရင်
ကုသိုလ်​ပြုမှုမှာ အထွတ်​ထိပ်​​ရောက်
သူများနှင့်​ကွဲပြား​စေရန်​ သုံးခြင်းဖြစ်
ပါသည်​။

               အားလုံးကို ​ကျေးဇူးတင်​လျက်
                    All thanks

Written by➳ ➳ @nyinyilwin
Credit: @nyinyilwin
MSC-170

Sort:  

စာ​တွေ​သေချာမမြင်​ရဘူးဖုန်းနဲ့ဆို​တော့ ရုံးကျဖတ်​ကြည့်​မယ်​ခု​တော့vote ခဲ့တယ်​ မန့်​ခဲ့တယ်​​နော်

ကျေးဇူးပါဗျ

ရေကြည်​ရာ မျက်​နုရာ​ပေါ့ ​နေတက်​ရင်​ကမ္ဘာကြီးက​ပျော်​စရာကြီးပါ

သေချာတာပဗျ

ကိုချစ်တဲ့ သူက အလှဆုံးပါ ။ ကို ဖြစ်စေချင်တဲ့ ဆန္ဒ တွေ ပြည့်တယ် ဆိုရင် ဘယ်နေရာပဲ ဖြစ်ဖြစ် ပျော်ရွှင်စရာကောင်းပါတယ။

ဟုက်​ကဲ့ဗျ ဆန္ဒ​တွေက ဒီထက်​များကြမှာပါ

Vote ​ပေးသွားသည်​။

ဟုက်​ကဲ့ဗျ

ဆရာ့နတ်ပြည်လေူ နောက်တော့ steem တွေများများရမှ လာလည်ပါအုံးမယ်ဗျာ

ကြိုဆိုလျက်​ပါဗျ

ဘယ်မြို့ကလဲ...လာလည်မလို့

အရာ​တော်​မြို့

ဝိုး မိုက်တယ်ဗျာ
ဒေသ ရွေးတတ်ရမယ်ပေါ့

ဟုက်​ကဲ့ဗျ

ကောင်းမွန်ပါတယ်ဗျာ ကိုယ့်နဲ့သင့်တော်ရာ နေရာမှာနေထိုင်ခြင်းကအင်မတန်လိုအပ်လှတယ်လို့လည်းထင်မိပါတယ်ဗျာ

ဟုက်​ပါတယ်​ဗျ

ကဲ ကိုယ်မှာရှိတဲ့ Vote power လေးကိုဒါနပြုခဲ့ပါပြီဗျာ၊ ပရနိမ္မိတဝဿဝတီ လောက်တော့ခေါ်ကွာ။

သာဓုဗျာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 55981.35
ETH 2368.76
USDT 1.00
SBD 2.35