500 KV လိုင်းတစ်ခု Transposition

in #myanmar8 years ago

image

500 KV လိုင်းတစ်ခု Transposition လုပ်ခြင်း

ထိုင်းမှာ အလုပ်လုပ်တုန်းက Grounding ပစ္စည်းတွေရောင်းဖူးတဲ့ 500 KV TL စီမံကိန်း တစ်ခုမှာ Transposition Plan Drawing လေး တင်ပေးလိုက်ပါတယ်။
image

အဲဒီလိုင်းဟာ လာအိုမှာဆောက်တဲ့ Nam Theum 2 ဆိုတဲ့ 1,070 MW ရေအားလျှပ်စစ် စက်ရုံကနေ ထွက်လာတဲ့ဓာတ်အားကို ထိုင်းနယ်စပ် မဲခေါင်မြစ်ကမ်း "မုဒါ့ဟန်" ဆိုတဲ့ မြို့ကနေ ထိုင်းနိုင်ငံ အလယ်လောက်က "လွိုင်းအက်" ဆိုတဲ့ မြို့အထိ 500 KV TL ကို Double Circuit, 160 Km ဆွဲတာ ဖြစ်ပါတယ်။ စက်ရုံကနေ "မုဒါ့ဟန်" အထိကို ဓာတ်အားရောင်းတဲ့ Nam Theum 2 Power က တာဝန်ယူရပြီး ထိုင်းအတွင်းဖက်အခြမ်းကို ဝယ်တဲ့ ထိုင်းအစိုးရပိုင် ဓာတ်အားထုတ်လုပ်တဲ့အဖွဲ့ EGAT က တာဝန်ယူရပါတယ်။

ကျွန်တော်က အဲဒီ EGAT စီက တင်ဒါအောင်တဲ့ ဂျပန်ကုမ္ပဏီကို Grounding ပစ္စည်းတွေရောင်းရတာပါ။
မိမိဈေးရောင်းရယင် ပြီးရောသဘောနှင့် မဟုတ်ပဲ တစ်ချိန်မှာ ကိုယ့်တိုင်းပြည်အတွက် ဘာများလုပ်ပေးလို့ရနိုင်မလဲ ဆိုပြီး အသိပညာ ဗဟုသုတတွေ စုဆောင်းခဲ့တဲ့အတိုင်း စီမံကိန်းတစ်ခုလုံး အချက်အလက်တွေ သိနိုင်အောင် တင်ဒါဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဒီ Transposition Plan Drawing မှာ လိုင်းတစ်လျှောက် Transposition စုစုပေါင်း ၁၂ ကြိမ် ပြုလုပ်ခိုင်းထားတာ တွေ့ရပါတယ်။ Terminal point တွေနဲ့ ကပ်လျက်မှာ 7.5 Km နဲ့ တစ်လျှောက်မှာတော့ 13 Km စီမှာ ဖြစ်တာတွေ့ရပါတယ်။

ဘာကြောင့် ဒီလို အကွာအဝေးတွေမှာ လုပ်ခိုင်းသလဲဆိုတာကတော့ ဒီလိုင်းကို အသေးစိတ် ဒီဇိုင်းပြုလုပ်သူတွေ အင်ဂျင်နီယာတွေ တွက်ချက်မှုအရ ဖြစ်ပါတယ်။

ကျွန်တော် မသိပါဘူး။

အေးကျော်ကျော်

Sort:  

This post has received a 0.52 % upvote from @drotto thanks to: @banjo.

Thank you for using F-RESTEEM service and supporting @fresteem.
Your post is resteemed and upvoted for your 0.100 sbd or steem.
Introduction of F-RESTEEM service.


Resteem+Upvote service : F-RESTEEM. Come again and support me.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.094
BTC 63333.19
ETH 1779.01
USDT 1.00
SBD 0.39