မွန်​မြတ်​စိတ်​ထား ကူညီခြင်းများ

in #myanmar7 years ago

ကျွန်​​တော်​တို့ ​နေထိုင်​ရာကမ္ဘာ​ပေါ်တွင်​ လူသားတို့၏စိတ်​ဓာတ်​များသည်​ အမျိုးမျိုးအဖုံဖုံရှိတတ်​ကြပါသည်​။တချို့ကစိတ်​ထား​​ကောင်းလွန်းသလို တချို့တချို့မှာစိတ်​ထားယုတ်​ညံ့ကြပါသည်​။ကျွန်​​တော့်​အထင်​လူတစ်​ဦးတစ်​​ယောက်​၏တန်​ဖိုးသည်​စိတ်​ဓာတ်​ပိုင်းနှင့်​လည်းသက်​ဆိုင်​​နေ​ပေလိမ့်​မည်​။စိတ်​ထားမွန်​မြတ်​​သောသူအများအတွက်​​တော့ ဘယ်​​နေရာဘယ်​​ဒေသ​ရောက်​​ရောက်​မျက်​နှာပွင့်​လန်းကြရမြဲ။လူချစ်​လူခင်​​ပေါများမြဲပင်​။ထိုသူတို့၏ဆန့်​ကျင်​ဘက်ြ​​ပုမှု​​နေထိုင်​သူများအ​နေနဲ့က​တော့​ရောက်​ရာအရပ်​တွင်​​ဘေးဆိုးကျိုးကြုံရမြဲ။အဆင်​မ​ပြေမှုများရှိမြဲ။အထူးသဖြင့်
Screenshot_2017-11-20-22-12-49-1.png
 စိတ်​ထားမွန်​မြတ်​ခြင်းသည်​အတန်းပညာအဆင့်​အတန်းနှင့်​နှိုင်းယှဉ်​၍ရနိုင်​မည်​မဟုတ်​​ပေ။တချို့ဆင်းရဲတွင်းနက်​​သောသူများသည်​လည်းးစိတ်​ထားမွန်​မြတ်​လှသည်​ကိုကြုံခဲ့ဖူးပာသည်​။မိမိတစ်​​ဦးတည်း​ကောင်းစားဖို့အတွက် တစ်​ကိုယ်​​ကောင်းစိတ်​နှင့်​အသက်​​မွေးဝမ်း​ကျောင်းပြု​နေ​သောသူများကိုလည်း​တွေ့ဖူးပါသည်​။မည်​သို့ပင်​ဖြစ်​​စေကာမူမိမိ၏စိတ်​ကိုမွန်​မြတ်​စွာထားနိုင်​ပါကငြိမ်းချမ်းတည်​ငြိမ်​မှု့ကိုရှာ​တွေ့ခြင်းနှင့်​တူပါသည်​။ငယ်​ငယ်​ကသင်​ကြားဖူး​သောပုံပြင်​တစ်​ပုဒ်​ကိုသတိရမိပါသည်​။အင်​မတန်​ဆင်းရဲနွမ်းပါး​သော သူဆင်းရဲအိမ်​သို့ ဘုရင်​ကြီးမှခရီးသွားဟန်​​ဆောင်​ကာ မိုးဝင်​ခိုခဲ့ပါသည်​။ထို့​နောက်​အိမ်​ပြန်​ရန်​ ထီး​တောင်း​သောအခါ သူဆင်းရဲမှ မိမိ၏အိမ်​​ထောင့်​တွင်​​ထောင်​ထား​သောထန်းရွက်​ထီး​လေးအား ​ပေးသွားလိုက်​ပါသည်​။ထိုသူအားဘုရင်​ဟုလည်းမသိ။သူတစ်​ပါးအားကူညီလိုစိတ်​တစ်​ခုတည်းသိခဲ့ပါသည်​။နောက်​တ​နေ့ ဘုရင်​ကြီးသည်​ လက်​​ဆောင်ရတနာ​များစွာနှင့်​​ရောက်​လာမှသာအံသြဝမ်းသာမဆုံးဖြစ်​ခဲ့သည်​။ထိုရူ​ထောင့်​ကိုကြည့်​ခြင်းအားဖြင့်​သူတစ်​ပါးထံ​မျှော်​ကိုးခြင်းမရှိဘဲကူညီ​သောသူများသည်​ တစ်​ချိန်​ချိန်​တွင်​​စေတနာ​ရောင်​ပြန်​ဟပ်​လိမ့်​မည်​ဟုထင်​မြင်​မိပါသည်​။Screenshot_2017-11-20-22-14-57-1.png

 တချို့​သောသူများသည်​ထိုသို့မဟုတ်​​ပေ။မိမိအကူအညီအတွက်​သူတစ်​ပါးထံ​အခွင့်​အ​ရေးယူတတ်​ကြသည်​။ယခု​ခေတ်​စကားနှင့်​​ပြောရမည်​ဆိုပါက ဖျံကျသည်​ဟု ဆိုရမည်​ပင်​။တစ်​ခါကကျွန်​​တော်​(စာ​ရေးသူ)သည်​ခရီးတစ်​ခုအပြန်​ကအဖြစ်​အပျက်​​လေးဖြစ်​ပါသည်​။မူဆယ်​မှမန္တ​လေးသို့ပြန်​လာ​သောခရီးဖြစ်​ပါသည်​။အ​ပေါင်းအသင်း(၇)​ယောက်​နှင့်​ပြန်​လာခြင်းဖြစ်​ပါသည်​။မူဆယ်​မှ Express ကားနှင့်​ပြန်​လာရာ မန္တ​လေးသို့ ည(၁၂)နာရီခန့်​​ရောက်​ရှိလာကြပါသည်​။ထိုမှတစ်​ဆင့်​ ဘူတာသို့သွားရမည်​ဖြစ်​သည့်​အတွက်​ကယ်​ရီငှါးရမည်​ဖြစ်​သည်​။သို့​သော်​ ညနက်​​နေပြီမို့ကယ်​ရီကသိပ်​မရှိ။သို့​သော်​ ဘယ်​က​နေထွက်​လာမှန်းမသိ ဆိုင်​ကယ်​ကယ်​ရီတစ်​အုပ်​ကျွန်​​တော်​တို့ဆီ လာပါ​ရော။ဘယ်​သွားမှာလဲ ဘယ်​ကိုပြန်​မှာလဲဘာညာ​ပေါ့။ကျွန်​​တော်​တို့လည်းဘူတာ​ပေါ့။သူတို့ကလည်းသ​ဘော​ကောင်းစွာနဲ့လိုက်​ပ်ို့​ပေးမယ်​ ကူည်ီ​ပေးမယ်​​ပေါ့။ထို့​နောက်​ကျွန်​​တော်​တို့လည်း တစ်​​ယောက်​ကိုဘယ်​​လောက်​ ​ပေးရမလဲ​မေးလိုက်​ပါတယ်​။သူတို့လည်းအတန်​ကြာစဉ်းစားပြီး ၇ထောင်​လောက်​​တော့​ပေး​ပေါ့တဲ့။အာပါးပါး တစ်​ခါမှမကြားဖူး​သောကယ်​ရီခ။"ဟာ မများဘူးလားအကိုတို့ တစ်​ခါမှလည်းမကြားဖူးပါဘူးဒီ​ဈေး"သူငယ်​ချင်းတစ်​​ယောက်​ကဝင်​​ထောက်​လိုက်​ပါသည်​။ထိုအခါဂျစ်​ကန်​ကန်​ပုံစံနှင့်​ကယ်​ကယ်​သမားတစ်​​ယောက်​ထွက်​လာပြီး "ခင်​ဗျားတို့က ဘာလဲဗျ ဒါတန်​ရာတန်​​ကြေး​တောင်းတာ​လေ ဒီအချိန်​ကြီးကယ်​ရီဆွဲ​ပေးတာပဲ​ကျေးဇူးတင်​ဦး" ဟ သူ​ပြောမှပဲကိုယ်​ကသူတို့ကို​ကျေးဇူးတင်​ရမလိုလို။တစ်​ကယ်​ဆို ကားဂိတ်​နဲ့ဘူတာ​လောက်​ကိုအဲ့​လောက်​မ​ပေးရပါဘူးဗျာ..သို့​ပေမဲ့အချိန်​လင့်​​နေပဲထားတန်​ရာတန်​​ကြေးထက်​ပို​ပေးနိုင်​ပါတယ်​။အလွန်​ဆုံး ၄ထောင်​ပေါ့ အခုကနည်းနည်းများ​နေတယ်​။ကျွန်​​တော့်​သူငယ်​ချင်း​တွေကလည်းမငှါး​တော့ဘူးမစီး​တော့ဘူးပဲ​ပြော​နေတယ်​ မနက်​ကျမှပြန်​မယ်​​ပေါ့။ကျွန်​​တော်​က​တော့နှစ်​ဦးနှစ်​ဘက်​အဆင်​​ပြေ​စေရန်​ ​ဈေး​လေးနည်းနည်း​လျော့ပါဦး​ပေါ့။အဲ့​တော့မှ ​စောနကဂျစ်​ကန်​ကန်​ကယ်​ရီသမားကပဲ "ဒါဆို၅ထောင်ထား​ပေးမယ်​ဗျာ ​ကျေနပ်​လိုက်​​တော့ ခင်​ဗျားတို့က​ခေါ်လည်း​ခေါ်​သေးတယ်​ မငှါးချင်​ဘူး အလကားစီးချင်​သလိုလိုနဲ့ အခုခင်​ဗျားတို့​ရောက်​လာတဲ့အချိန်​ကိုလည်းကြည့်​ဦး ဒါကျူပ်​တို့နယ်​ဗျ"
Screenshot_2017-11-20-22-14-57-1.png
 ဒီလူ​တွေက​တော့မဟုတ်​​တော့ဘူးဗျ ကျွန်​​တော်​တို့ကို ဖြဲချင်​သလိုလိုလုပ်​လာပါ​တော့တယ်​။သူတို့အုပ်​ကလည်း ၁၅​ယောက်​ထက်​မနည်းဘူး။ကျွန်​​တော့်​စိတ်​ထဲမှာ​တော့နည်းနည်း​တော့​ထောင်းခနဲဖြစ်​သွားသည်​။ဒါ​ပေမဲ့ ကိုယ့်​ကိုယ်​ကိုပြန်​ထိန်းထားလိုက်​ရတယ်​။ဒီလူ​တွေကကူညီချင်​တာမဟုတ်​ပါဘူး။အခွင့်​အ​ရေးယူ​နေကြတာပါ။ဒုက္ခ​ရောက်​​နေတဲ့ကျွန်​​တော်​တို့ကို ​ခေတ်​စကားနဲ့ဆို အပီ​ဆော်​တာ​ပေါ့ဗျာ။ကျွန်​​တော်​တို့လည်းမသက်​သာတဲ့အဆုံး၅ထောင်​ပေးပြီးငှါးလာခဲ့ရပါ​တော့တယ်​။စိတ်​ထဲမှာ​တော့တင်းတာ​ပေါ့။သြော်​ လူ​တွေ အခွင့်​အ​ရေးရရင်​ ရသလိုယူတတ်​ကြပါလား​ပေါ့။ကျွန်​​တော့်​အ​နေနဲ့သိမ်းကြုံးပြီးမ​ပြောလိုပါ။သ​ဘော​ကောင်း​သောကယ်​ရီသမားများလည်းရှိကြပါသည်​။ကျွန်​​တော်​တို့အ​နေနဲ့လည်းခရီးသွားရင်းသင်​ခန်းစာတစ်​ခုရလိုက်တာ​ပေါ့။သည်းခံ သည်းခံကျွန်​​တော်​တို့ဘုရားရှင်​​တောင်​မှ ကရုဏာ​မေတ္တာတရားထားဖို့​ဟောခဲ့​သေးတာပဲမဟုတ်​လား။အဓိက​ပြောချင်​တာက​တော့ဗျာ လူတစ်​ဦးတစ်​​ယောက်​ဒုက္ခ​ရောက်​​နေတဲ့အချိန်​အခွင့်​အ​ရေးယူတဲ့စိတ်​ဓာတ်​ဟာအရမ်းကို​သေးသိမ်​ယုတ်​ညံ့တဲ့စိတ်​ဓာတ်​ပဲ​ဗျာ။ကူညီရိုင်းပင်းချင်​တဲ့စိတ်​ဓာတ်​​လေးနည်းနည်းထည့်​လိုက်​ရင်​ဘယ်​​လောက်​နှလုံးသား​လေးလှလိုက်​​လေမလဲ။ဒီလိုစိတ်​ဓာတ်​​လေး​တွေကျွန်​​တော်​တို့လူသားတိုင်းကိုယ်​စီမှာရှိဖို့လို အပ်​ပါတယ်​။တချို့ဆိုပရဟိတလုပ်​ငန်း​တွေ​တောင်​လုပ်​​ဆောင်​​နေကြတာပဲ။ငွေ​ကြေးဖြင့့််​မတတ်​နိုင်​ရင်​​တောင်​တနိုင်​တပိုင်​​လေးကူညီလို့လည်းရပါသည်​။အဓိကက​တော့ကျွန်​​တော်​​တို့ရင်​ဘတ်​ထဲမှာ​ပရဟိတစိတ်​ဓာတ်​​လေး​တွေရှိဖို့ပဲလိုအပ်​​ပါသည်​။ထိုမှသာတိုးတက်​​သော​သောနိုင်​ငံ​တော်​ကြီးဖြစ်​လာမှာ​ပေါ့။ကူညီသင့်​​သောဘယ်​အရာကိုမဆို ကူညီခြင်းက လွန်​စွာ​ကောင်းတဲ့အလုပ်​တစ်​ခုပါပဲမဟုတ်​လား။ကျွန်​​တော့်​အ​နေနဲ့လည်းကိုယ်​တတ်​နိုင်​သ​လောက်​​ကူညီနိုင်​ရင်​ကူညီလိုက်​တာပါပဲ။ကူညီ​ဖေးမခြင်းကမွန်​မြတ်​​သောအလုပ်​တစ်​ခုဆိုလည်းမမှားပါဘူးဗျာ...ကဲ ကျွန်​​တော်​တို့steemit အဖွဲ့ သားအားလုံးလည်းမွန်​မြတ်​​သော စိတ်​ဓာတ်​လေး​နဲ့နှလုံးသားလှနိုင်​ကြပါ​စေလို့ဆု​တောင်းရင်း

Author by @nandasai(msc.076)

Photos from google image 

Sort:  

Congratulations @nandasai! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got a First Reply

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Congratulations @nandasai! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

steemit က လူတွေက ကူညီကြသူများမယ်ထင်ပါတယ်လေ

ဒါက​တော့မှန်​ပါတယ်​ဗျ domelayလိုလူမျိုးများများရှိရမယ်​ အယ်​လယ်

အယ် ကျွှန်တော်က ဘာမှမဟုတ်ပါဘူးဗျာ ဆရာတွေဖြစ်စေချင်တဲ့ ချင်းချင်း ညီညွှတ်ပြီး အသစ်တွေလဲ တွဲခေါ် တဲ့ စည်းစနစ်ကျတဲ့ မြန်မာအဖွဲ့ ဖြစ်ချင်ရုံတင်ပါ ။

ငါဆိုတဲ့ အတ္တစိတ်​​တွေများရင်
အရာရာမှာဆုံးရှုံးနစ်​​နာနိုင်​တယ်

ဟုတ်​ပါတယ်​ဗျာ

Nice post

Thank you bro

ဟုတ်​ကဲ့ အကို

လူတိုင်း စိတ်​​ကောင်းရှိဖ်ု့က မလွယ်​ဘူး​လေ ဒါနဲ့ နန္ဒစိုင်းဆို​တော့ အဆို​တော်​လား😃😃

အ​​ဆို​တော်​မဟုတ်​ပါဘူးဗျာ

ဟုတ်ကဲ့
ကြိုးစားစဲပါ

ဟုတ်​ကဲ့ပါ

Good Post
Thank you

ဖတ်​​ပေးတဲ့အတွက်​​ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65847.68
ETH 2679.11
USDT 1.00
SBD 3.08