အောင်​မြင်​သူတို့လမ်းစ
in #myanmar7 years ago
သြော်​ ​ဆောင်းရာသီ ​ဆောင်းရာသီ ​အေးချမ်းရမည့်​ရာသီဖြစ်​​သော်​လည်းမ​အေးချမ်းဘဲပူအိုက်​​နေပါ​ပေါ့လား။ရာသီဥတုများလည်း​ဖောက်​ပြန်​​နေပြီ။ကမ္ဘာကြီးလည်းယိုယွင်းပျက်​စီး​နေပါပြီ။ညဆို ​တော်​​တော်​နှင့်​အိပ်​မရ ပူအိုက်​လွန်း။ည​ရောက်​တိုင်းအ​အေးထိုင်​​သောက်​နေတတ်​တာအကျင့်​တစ်​ခုလိုဖြစ်​​နေပါပြီ။
 တစ်​ညအ​အေးဆိုင်​ထိုင်​ရင်း ကျွန်​​တော့်​ဆီ ဖုန်းဝင်​လာပါတယ်​။
"ဟဲလို ဟုတ်​ကဲ့​ပြောပါ"
"ငါပါကွ ရန်​​အောင်​ဟိန်းပါ မင်းစည်​သူမဟုတ်​လား"​သြော်​သိပြီကျွန်​​တော့်​သူငယ်​ချင်းလိုလည်းဖြစ်​​အကိုလိုလည်းဖြစ်​တဲ့ သူဆီကဖုန်း။
"​အေး ဟုတ်​တယ်​​လေကွာ ဒါနဲ့မင်းဘယ်​​ရောက်​​နေတာလဲ အဆင်​​ရော​ပြေရဲ့လားကွ"
"​အေး ​ပြေတယ်​ ငါအခု နှစ်​​ဆောင်​ပြိုင်​မှာ​လေကွာ ပြင်​ဦးလွင်​မှာ ၁လပဲကြာလိုက်​တယ်​ အခုပြန်​​ရောက်​​နေပြီ ငါလည်းမင်းဖုန်းနံပတ်​ရှာလိုက်​ရတာ​မောလို့ကွာ ပြန်​​ရောက်​လာတုန်း​လေး ဆုံရ​အောင်​လို့ဖုန်းဆက်​လိုက်​တာမင်းအားလား မနက်​ဖြန်​ည"
"ဒါမျိုးကျ​တော့ သိပ်​အားတာ​ပေါ့ကွာ ဟဲဟဲ ​နေရာ​ရွေးလိုက်​"
"Ok မနက်​ဖြန်​ည၇နာရီ​လောက်​ ကမ္ဘာသစ်​ဆိုင်​မှာ​စောင့်​​နေလိုက်​​လေငါလာခဲ့မယ်​"
"Ok ​စောင့်​​နေမယ်​ see u"
စားပွဲ​သောက်​ပွဲ​နဲ့​တော့​တွေ့ပြီ​ပေါ့။ဒါမျိုးဆိုလက်​​နှေးလို့ရမလား။ငယ်​ငယ်​က​ပေါင်းလာ​သော ကျွန်​​တော့်​သူငယ်​ချင်း အစ်​ကိုတစ်​​ယောက်​လိုဆိုလဲမမှားပါဘူး။အခု​တော့ တပ်​ကြပ်​စာ​ရေးကြီးဖြစ်​​နေပြီ။နိုင်​ငံတာဝန်​ထမ်း​ဆောင်​​နေလို့ပါလား။ကိုယ်​​တွေက​တော့အိမ်​အလုပ်​နဲ့တင်​ပိ​နေတာ။သောက်​လက်​စအ​အေး​လေးကိုဆက်​​သောက်​ရင်း ​ဆေးလိပ်​​လေးမီးညှ်ိလိုက်​တယ်​။သူဖုန်းဆက်မှပဲ​​​ကျောင်း​နေစဉ်​ကအ​ကြောင်း​လေး​တွေပြန်​​တွေးဖြစ်​​တော့တယ်​။
 သူနဲ့ကျွန်​​တော်​နဲ့ကတရွှာတည်း​နေတ​ရေတည်း​သောက်​​နေလာခဲ့ကြတာပါ။သူငယ်​ချင်းလိုသာ​ပြောကြတာ သူကကိုယ့်​ထက်​၂နှစ်​ကြီးတယ်​။ကျောင်းသွား​ကျောင်းပြန်​​တော့အတူတူပဲ​ပေါ့။သူက ဆင်းရဲနွမ်းပါးလွန်းတယ်​။မိဘနှစ်​ပါးကလည်းရှိသမျှ​လေးနဲ့​ကျောင်းထား​ပေးရှာတာ​ပေါ့။ကျောင်းသွားရင်​ ထမင်းထုပ်​မပါဘူး။ထမင်းချိုင့်​မဝယ်​နိုင်​ရှာပါဘူး။တခါတ​လေေ​န့လယ်​ထ​မင်းစား​​ကျောင်းဆင်းရင်​ ကျွန်​​တော့်​ဆီလာလာစားတာ။ကျွန်​​တော်​လည်းပိုပိုထုပ်​သွားတာ​ပေါ့။မုန့်​ဖိုးကျ​တော့ မရတ​နေ့ ရတ​နေ့​ပေါ့။မရသည်​ကများပါသည်​။ဒါကကျွန်​​တော်​ပိုပြီး​ရေးသားထားခြင်းမဟုတ်​ပါ။သူနဲ့က အတူတူ​ပေါင်းပြီးကြီးပြင်းလာတာဆို​တော့ အတွင်းကျကျသိ​နေပြီ​ပေါ့။ပြီး​တော့လူက ​ကျန်းမာ​ရေးသိပ်​မ​ကောင်းဘူး။မိုးနည်းနည်းရွှာတာနဲ့ ပန်းနာရင်​ကျပ်​ကထလာပြီ။အခု တပ်​ကြပ်​စာ​ရေးဖြစ်​​နေတာကို အံ့သြလို့မဆုံးပါ။Screenshot_2017-11-22-00-04-06-1.png
 ဒီလိုနဲ့ သူကဆယ်​တန်း​ရောက်​ ကျွန်​​တော်​က ရှစ်​တန်းနှစ်​မှာ​ပေါ့။သူအိမ်​ကလည်းစီးပွား​ရေးအဆင်​မ​ပြေရှာ​တော့ မိဘများကလည်း​ကျောင်းထားနိုင်​ရုံပဲထား​ပေးခဲ့ကြပါတယ်​။တစ်​ခါက ဆရာမကသူ့ကိုသတိထားမိလာတယ်​။သူ့လက်​မှာခြင်​ကိုက်​ရာ​တွေ​တွေ့​တော့​မေးလိုက်​မိတာ​ပေါ့။ဘာလို့ခြင်​​ထောင်​ ​ထောင်​မအိပ်​​လဲခြင်​ကိုက်​ရင်​​ရောဂါဖြစ်​တယ်​မသိဘူးလား ဆူပါ​ရော။သူကလည်း လိမ်​ညာမ​နေဘဲ ခြင်​​ထောင်​မရှိလို့ပါဆရာမတဲ့။ဆရာမလည်း​တော်​​တော်​သနားသွားတယ်​ထင်​ပါတယ်​ ​နောက်​တ​နေ့ခြင်​​ထောင်​အသစ်​​လေးယူလာ​ပေးရှာပါတယ်​။သူကမရှိမဲ့ရှိမဲ့​လေးနဲ့​ကျောင်းတက်​​နေရ​ပေမဲ့လို့ စိတ်​ဓာတ်​​တော့မကျဘူးဗျ။စာ​တော့​တော်​​တော်​စိတ်​ဝင်​တစားနဲ့ကြိုးစားပါတယ်​။ထို​ခေတ်​တုန်းကကျူရှင်​ဆိုသိပ်​မရှိ​သေးပါဘူး။ပိုက်​ဆံတတ်​နိုင်​တဲ့​ကျောင်းသား​တွေကျ​တော့ ကျူရှင်​တက်​ကြတာ​ပေါ့။Screenshot_2017-11-22-00-04-19-1.png
 ကံ​ကောင်းတယ်​လို့ဆိုရမလား။ဆရာတစ်​​ယောက်​ကသူ့ဘဝအ​ကြောင်းနားလည်​ပြီး သူ့ကိုအခမဲ့သင်​​ပေးခဲ့ပါတယ်​။ထိုဆရာကလည်း​တော်​​တော်​​ကောင်းရှာပါတယ်​။သူ့အိမ်​မှာပဲ​နေခိုင်းပြီး သင်​​ပေးပါတယ်​။နောက်​ဆုံးစာ​မေးပွဲ​ဖြေ​တော့ သူ့မိဘ​တွေလိုက်​မကြည့်​နိုင်​ပါဘူး။စားဝတ်​​နေ​ရေးအတွက်​လုံးပန်း​နေ​နေခဲ့တာပါ။အိမ်​မှာက သူ့ညီမသုံး​ယောက်​​တောင်​ရှိ​သေး။လူမမည်​​သေးတဲ့အငယ်​ဆုံးညီမနဲ့ ၅တန်း​ကျောင်းသူတစ်​ဦး။နောက်​တစ်​​ယောက်​က​တော့ ​ကျောင်းထွက်​ပြီးမိဘဝိုင်းကူလုပ်​ရတာ​ပေါ့။
 ဆယ်​တန်း​ဖြေပြီး အိမ်​ပြန်​​ရောက်​တာနဲ့ မိဘနှင့်​အတူ အလုပ်​ဆက်​လုပ်​ရပါတယ်​။သူ့ဘဝ​လေးက​တော့အရမ်းကိုကြမ်းတမ်းလွန်းခဲ့ပါတယ်​။မိဘများက ဆယ်​တန်းမ​အောင်​ရင်​ လယ်​အလုပ်​ပဲခိုင်း​တော့မယ်​မထားနိုင်​​တော့ဘူးပဲ​ပေါ့။ဆယ်​တန်း​အောင်​စရင်းလည်းထွက်​​ရော မိဘများမထင်​မှတ်​ထားတဲ့ရလဒ်​ကို ​တွေ့ခဲ့ရပါ​တော့တယ်​။မိဘများက မ​အောင်​​လောက်​ဘူးပဲ​တွေးခဲ့မိကြတာ​ပေါ့။ဒါ​ပေမဲ့ သူ့ကြိုးစားမှုနှင့်​အတူကံ​ကောင်း​ထောက်​မစွာနှစ်​ချင်း​ပေါက်​​အောင်​မြင်​ခဲ့ပါတယ်​။ကျွန်​​တော်​တို့လည်းဝမ်းနည်းဝမ်းသာနဲ့မျက်​ရည်​​တောင်​ကျခဲ့မိတယ်​။Screenshot_2017-11-21-23-59-31-1.png
 ဆယ်​တန်းလည်း​အောင်​​ရော အလုပ်​တန်းရှာပါ​တော့တယ်​။သူ့အ​​ဖေအသိတစ်​​ယောက်​ရဲ့အဆက်​အသွယ်​ဖြင့်​ စစ်​ဘက်​ဆိုင်​ရာဌာနမှာ စာ​ရေးအလုပ်​ရခဲ့ပါ​တော့တယ်​။အငယ်​တန်းစာ​ရေးမှ​နေ၍တပ်​ကြပ်​စာ​ရေးဖြစ်​တဲ့အထိ​အောင်​ပါပဲ။အခုဆို သူ့လစာ​လေးနဲ့ အိမ်​က
 "အကို အကို ဘာထပ်​မှာဦးမလဲဗျ "စားပွဲထိုး​ကောင်​​လေး လာ​မေးမှ အ​တွေးစကပြတ်​သွား​တော့သည်​။ "ဘာမှမမှာ​တော့ပါဘုးကွာ ရပါပြီ"ကျွန်​​တော်​လည်း အ​အေးဖိုးရှင်းပြီးဆိုင်ထဲ​မှထလာခဲ့ပါ​တော့တယ်​။စိတ်ထဲတွင်​မူမနက်​ဖြန်​ည​​တော့​ရှေး​ဟောင်း​နှောင်းဖြစ်​​လေး​တွေပြန်​​ပြောကြရင်း အတိတ်ကိုခဏ​​လောက်​ပြန်​​​သွားချင်​မိဦးမှာပါပဲ​လေဟူ၍။
Author by nandasai(msc.076)
Photos from google image
Screenshot_2017-11-21-23-59-39-1.png
Sort:  
ကိုယ်​ပါ ဝမ်းသာပိတိဖြစ်​မိပါတယ်​ bro😃
ဟုတ်​ပါတယ်
အခက်အခဲတွေကတော့ကြုံနေကြရတာပဲလေ အရှုံးမသေးသင့်တာလည်းမှန်ပါတယ်
စိတ်​ဓာတ်​​ကောင်းလွန်းပါတယ်
ဖတ်​လို့​ကောင်းပါသည်​။ကျေးဇူးပါ
ဟုတ်​ကဲ့ပါ
အခက်ခဲ့ကိုကျော်ဖြတ်ဖို့ခံနိုင်ရည်ပိုရှိနိုင်ဖို့လိုအပ်ပါတယ်။
မှန်​ပါတယ်​အကို
သူ့ နောက်ဆက်တွဲဘဝလဲ သာယာ ဖြောင့်ဖြူးပါစေ
ပြည့်​မှာပါ​လေ
ကျေးဇူးပါ အကို
ဆရာတို့ခေတ်ကတော့ တစ်လုံးချိုင့်နဲပထမင်းထုတ်ရတာ၊ ရွာနဲ့ကျောင်းက(၇)မိုင် နေ့စဉ်ခြေလျင်တက်ရတာ။
ဟုတ်​ကဲ့ ဆရာ ​အရင်​က​ကျောင်းတက်​ရင်​ ​တော်​​တော်​ဒုက္ခ​ရောက်​ခဲ့ရတယ်
ကျေးဇူးပါဗျာ
Congratulations @nandasai! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word STOP
By upvoting this notification, you can help all Steemit users. Learn how here!
Coin Marketplace
STEEM 0.20
TRX 0.16
JST 0.030
BTC 65726.71
ETH 2677.61
USDT 1.00
SBD 2.91