သတိပေးစာ

ကျွန်တော့ရည်မှန်းချက်က sp 1000 လေ။ကျွန်တော့ရည်မှန်းချက်လေးပြည့်ဖို့ အစက စာတွေကို တစ်ရက်တစ်ပုဒ်လောက်ရေးနေခဲ့တာ။စာတွေရေးနေရင်းနဲ့ သူများတွေက bot လုပ်ရင် sp တိုးတာမြန်တယ် အရင်းလည်းမပျောက်ဘူး ဆိုတာတွေ ကြားလာရသည်။
သူများတွေက botတာ spတိုးတာ မြန်တယ်ဆိုတော့ ကျွန်တော်လည်း botချင်လာသည်။sp 1000 အမြန်ပြည့်ချင်တာကို။ဤသို့ဖြင့် booster များကို လိုက်ကြည့်ပြီး အဆင်ပြေမယ်ထင်တာလေးတွေကို botလုပ်ခဲ့သည်။အစကတော့ ဟုတ်တုတ်တုတ်ဗျ ကိုယ်က 1sbdလောက်ပေး သူက 2.5 လောက်လာvoteဆိုးဘူးဟ ဆိုပြီး အားတက်မိသည်။
နောက်ဈေးတွေက ကျကျ လာတော့ botတွေက အပေးမမှန်တော့ဘူး။အဲ့အချိန်မှာ နာမည်ကြီးနေတဲ့ မိနောင်း နဲ့စပြီး ဆက်သွယ်ခဲ့သည်။သူကတော့ သူများတွေ အပေးမမှန်ပေမယ့် သူကတော့ မှန်မှန်ပေးနေခဲ့သည်။ကွန့်မန့် လည်း voteပေးတော့ ပိုအဆင်ပြေလာသည်။ခက်တာက သူများတွေလို sbd အများကြီးရှိဘူး။proက ရတာလေးတွေစုပြီး botရတာ ဆိုတော့ မတွင်ကျယ်လှဘူးပေါ့။ဒါပေမယ့်ဆိုးဘူးဗျ ကျွန်တော် sp လေးတွေ ခါတိုင်းထက်ပိုပြီး မြန်လာခဲ့ပါတယ်။စာလည်း ပိုပြီးရေးရတာ အားရှိလာတယ်ပေါ့ဗျာ။
ကျွန်တော့ ဇာတာပဲပြောရမလားသိဘူးဗျာ။မိနောင်းနဲ့ လက်တွဲလုပ်တာ တပတ်ကျော်သာရှိသေးသည် သူက ကျွန်တော့ကို လမ်းခွဲသွားခဲ့သည်။သူဘာကို စိတ်ကောက်သွားလည်း သေသေချာချာမသိ။သူကိုချော့ဖို့ရန်အတွက် မေးပါသေးတယ်။သူက မှားပြီး လမ်းခွဲတာဖြစ်နိုင်ပါတယ်။ပြန်စစ်ပါအုံးမယ်ဆိုပြီး ချွေးသိပ်လိုက်တာ ဒီနေ့ထိ ပြန်လက်တွဲမလာသေးဘူးပေါ့။
bot ကနေ spလေးတွေတိုးလာတာ ကိုယ်တွေ့ဆိုတော့ ဆက်ပဲ botချင်သည်။ထို့ကြောင့် အခြား botများနှင့် ပြန်ဆက်သွယ်မိသည်။အခြေနေကားမလှ။တခါတလေ ကိုယ်က 1sbd botလိုက်တယ် botက 1.3 လောက်ပဲပြန်လာသည်။သူ့ curation ပြန်ပေးရတာနဲ့ဆိုလျှင် ရှုံုးပြီ။ရှုံးလည်း လောဘကြောင့် ဆက်botချင်သေးသည်။ဆက်ရှာသည်။
"ကံဆိုးမသွားရာမိုးလိုက်၍ရွာ"ဆိုသကဲ့သို့ အဖြစ်မျိုးနှင့်ကြုံခဲ့ရသည်။လွန်ခဲ့တဲ့ သုံးရက်လောက်က botတစ်ခုဖြစ်သည့် @postpromoter သို့ ရှိစုမယ့်စု 6sbdလေးသွားလွှဲလိုက်သည်။ကျွန်တော် @postpromoterရော @postpromoရော followလုပ်ထားသည်။ခါတိုင်း တစ်ခုခု လွှဲတော့မည်ဆိုလျှင် 2ခါလောက်စစ်သော ကျွန်တော် ဒီတခါတော့ မစစ်မိဘဲ လက်းသွက်သွက်ဖြင့် @postpromoသို့ မှားလွှဲမိလိုက်သည်။
ကျွန်တော်မှားလွှဲမိတာ သိသိချင်းပြန်တောင်းသည်။သကောင်းသားက စကားသော်မှ မပြန်။ဘာတက်နိုင်မည်နည်း။မိမိဘက်က ပေါ့လျှော့မှုကို။ကျွန်တော့ရှိစုမယ့်စုလေး ပါသွားသည်။MSC pro သုံးပတ်ကျော်လောက်စုမှ အသတင် 6sbdလောက်ရလာသော ကျွန်တော့ sbdလေးလအခုတော့ ပလုံတောင်အသံမမည်ဘဲ ပလုံသွားခဲ့ရသည်။
ကျွန်တော်သည် ကျွန်တော်လုပ်ချင်တာ လုပ်လိုက်ရ၍ သိန်းဂဏန်းကုန်သွားသော်လည်း အနှမျှောမရှိ။သို့သော် ဘာမှ မလုပ်လိုက်ရပဲ ကျပျောက်ခြင်း အခိုးခံရခြင်း များဆိုလျင် လွန်စွာလှမျှောလှသည်။စိတ်ထဲတွင်လည်း တနုံ့နုံ့ဖြင့် ခံစား၍ မပြီးတော့။အခုလည်း အလကား မှားလွှဲမိ၍ 6sbdပါသွား၍ နှမျှောမဆုံးတော့။စာရေးရန်လည်း နှလုံးသွင်း၍ မရ။စာရေးမယ်ကြံတိုင်း 6sbdကိစ္စက အတွေးထဲရောက်လာသည်။ဤသို့ဖြင့် proနေ့ရောက်လာသောအခါတွင် အခြားရေးစရာ နှလုံးသွင်းမရတူတူ မိမိဆုံးရှုံးခဲ့ရသည်ကို MSC ညီကိုများ ဆင်ခြင်မိစေရန် ရေးသားလိုက်ရသည်။MSC ညီကိုများ အနေဖြင့် တစ်ယေက်ယောက်လွှဲတော့မည်ဆိုပါက ၂ခါလောက်ပြန်စစ်ကြပါလို့ ကျွန်တော့အတွေ့ကြုံ ကို နမူနာပြ၍ သတိပေးလိုက်ရပါတယ် ခင်ဗျာ။
MSC အဖွဲ့သားများ ကိုယ်စိတ်နှဖြာ ချမ်းသာကြပါစေ။
MSC-224
ဟုတ်တယ်အစ်ကိုရေ သေချာသတိထားမှပါ။ အလကားဆုံးရှုံးရတာဆို 0.01 ကအစ နှမြောမိပါတယ်။
ဟုတ်တယ် စာတောင်ရေးရတာ အာရုံမဝင်ဘူး
You got a 2.08% upvote from @allaz courtesy of @myintlwinsoe!
Thanks for using Bid Voting Bot @allaz service and Steem Upvote Bot Tracker
I want to introduce you to my new friend @monsterbit in order to give additional thanks!
Do you know who is @monsterbit is? My friend, you can miss a lot. I highly recommend checking him with introduceyourself. He is going to hold interesting contests with cash prizes and promises to tell a lot of interesting stories!
ကျွန်မလည်းတခါစာလုံးပေါင်းမှားပြီး ပို့မိတယ်။နှမြောလိုက်တာတော်တော်အိပ်မပျော်နေမထိထိုင်မသာဖြစ်မိတယ်
botလုပ်လိုက်ရလို့ရှုံးတာက ကျေနပ်သေးတယ်။အခုက ဘာမှမလုပ်လိုက်ရပဲ ပလုံသွားတာ နှမျှောတယ်
ကျွန်တော်လည်းမှားပို့မိဖူးပါတယ်..အားမလျော့ပါနဲ့ဗျာ fighting 💪💪
ဟုတ်ကဲ့အားမလျှော့ပါဘူးဗျာ
You got a 3.58% upvote from @minnowvotes courtesy of @myintlwinsoe!
ဒီချိန် မိနောင်းမှတပါး
အခြားမရှိ
Boot တွေကို sbd လွဲရင်သတိထားပါ အကိုရေ
ဟုတ်ပါတယ် သတိထားဗျို့
မိုက်တယ်ဗျာ
ဂရုစိုက်ရမှာပေါ့အကိုရေ
ဟုတ်တယ်ညီရေ ပါသွားရင်နှမျှောစရာကြီး
ကျေးဇူးပဲ အကိုရေ့....သတိမမူဂူမမြင်တဲ့
ဟုတ်ပေါ့ဗျာ