စိတ်စေရာ (၃)

အပိုင်း - ၁
https://steemit.com/myanmar/@myanmarpyithar/sit-esyaa-1-082d911e3eeb6
အပိုင်း - ၂
https://steemit.com/myanmar/@myanmarpyithar/sit-esyaa-2-ce8825bf3c8e6
" ဘ.. ဘကြီးသိန်းခ အဲ့တာဘာကြီးတုန်းဗျ "
ငစွေအလန့်တကြားမေးလိုက်သည် ..
မည်းမည်းအရာမှာ သူတို့နှင့် တဖြည်းဖြည်း
နီးကပ်လာလေပြီ ..
ထိုစဉ် ..
" တောက် .. ဒီခွေးတော့ သေတော့မှာဘဲ ..
သွားစမ်း "
မည်းမည်းအရာဆီမှ အသံတစ်ခုထွက်လာသလို လရောင်ကြောင့် ထိုအရာကိုလည်း
သဲသဲကွဲကွဲ မြင်ရလေပြီ ..
"ဟင် ... ကိုမြဖေ "
မှန်ပါသည် ..
ကိုမြဖေ တစ်ယောက် သူ့ဆံပင်တွေကို
ခါတိုင်းလို ကြိုးချည်မထားပဲ ဖားလျားချကာ
သူတို့ဆီ လာနေခြင်းဖြစ်သည် ...
သူတို့ စကားဝိုင်းနား ရောက်တယ်ဆိုရင်ပဲ
" ကိုကြီးမြဖေရာ ..ကျုပ်တို့ဖြင့်
လန့်သွားတာပဲဗျာ ... ခင်ဗျားဗျာ
စောစောတည်းက အသံလေးဘာလေး
ပေးတာမဟုတ်ဘူး ..."
ငစွေက အကြောက်ပြေ အကြမ်းရေ
သောက်ရန် ငှဲ့ရင်းပြောလိုက်သည် ...
" မင်းက ဘာလန့်တာတုန်း "
"ကျုပ်..ကျုပ်..ကျုပ်တို့က ကို..ကိုရင်ကြာစိနဲ့ မ..မ..မ..မယဉ်လှအကြောင်း ပြော..ပြော..
ပြောနေကြတာဗျ "
ရွှေအ က ကြားဖြတ်ပြောလိုက်သည် ..
" အသာနေစမ်းပါ ရွှေအ ရာ.. ငါပြောပါ့မယ်
မင်းပြောရင် မိုးလင်းတောင် လိုရင်းရောက်မှာမဟုတ်ဘူး .. အကြမ်းရေ ကုန်တော့မယ်ဟ သွားခပ်ချေအုံး သွား ..."
ငစွေက ခပ်ငေါက်ငေါက်ပြောလိုက်သည် ..
ရွှေအလည်း ကုန်ခါးနီး အကြမ်းရေအိုးကို
ယူကာ မီးဖိုဘက်ထွက်လာခဲ့သည် ..
ထိုစဉ် ဘကြီးသိန်းခက
" မြဖေ .. မင်းက ဒီချိန်ကြီး ဘယ်ကလာတာတုန်းဟ .. လက်ထဲက ဘာကြီးတုန်း"
မျက်မှောင်ကုတ်ရင်း မေးလိုက်သည် ...
ကိုမြဖေ ကွမ်းသွေးတစ်ချက် ထွေးလိုက်ရင်း
" သြော် .. အမဲသားတွဲလေ ..
ညို ကြီးတို့ တစ်ကောင်ဆွဲလာလို့
သွားပေါ်ပေးတာ .. အဲ့တာ
ဟင်းစားပေးလိုက်တာ .. ဒီကောင်တွေကို နည်းနည်းမှောင်တည်းက လုပ်ဖို့ပြောတာ .. သောက်ကြစားကြရင်း မိုးချုပ်သွားလို့ "
" အေး ..ညို ကြီးတို့ ကောင်တွေလည်း
ငါတွေ့တိုင်းပြောတယ် ..
ဒီအလုပ် မလုပ်ကြပါနဲ့ဆိုပြီး ...အခိုးခံရတဲ့သူတွေ ဘယ်လောက်ဒုက္ခများလိုက်မလဲကွာ
ဒီကောင်တွေ နွားခိုးအုပ်စုက
ကိုယ့်ရွာက နွားတွေမခိုးဘူး ဆိုပေမယ့်
ဘေးနားရွာတွေ နွားပျောက်ရင်
ဒီကောင်တွေမှန်း ရိမ်မိနေကြပြီ ..
မင်းလည်း ဒီကောင်တွေနဲ့ ရောပြီး
တနေ့ အဖမ်းခံရလိမ့်မယ် .."
"ကျုပ်နဲ့က ဘာဆိုင်တုန်း .. တစ်ခါတလေ
ဒီကောင်တွေလိုမှ ပေါ်ပေးတာပဲ ရှိတယ် ..
ကျုပ်ခိုးတာလည်း မဟုတ်ဘူး ... "
ကိုမြဖေ ခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည် ..
" ဟို .. ကိုကြီးမြဖေ .. ခင်ဗျားလက်ထဲက အမဲသားတွဲလား ..သေချာပါပြီ
အဲ့ဒီဟာကြောင့် ခွေးတွေအူတာနေမှာ..
ခင်ဗျားဗျာ.. ဒီချိန်ကြီး အမဲသားတွဲကြီး
ဆွဲလာရတယ်လို့... နာနာဘာဝတွေ အမဲသားနံ့ရလို့ လိုက်လာတာနေမှာ .. ဟာ.. ပြောရင်း ကြက်သီးထတယ်ဗျာ .."

" ဘာဆိုင်တုန်းငစွေရာ .. မင်းမလဲ
မျက်စိတင် စွေတာမဟုတ်ဘူး ဦးနောက်ပါ
စောင်းနေတာကိုးဟ.. ခွေးပါဆို အူမှာပေါ့
အဲ့ဒီခွေးတွေက အမဲသားနံ့ရလို့ စားချင်တာ
နေမှာပေါ့.. နာနာဘာဝဆိုတာ
တကယ်မရှိပါဘူးကွာ .. ငါဆိုတွေ့ချင်လွန်းလို့
ခဏ ခဏ လောင်းကြေးစားကြေးစိန်ခေါ်
တယ် .. တစ်ခါမှ မတွေ့ဘူး ..
တကယ်ရှိတယ် ဆိုရင်တောင်
လူကိုဘာမှမလုပ်နိုင်ဘူး .. "
"ဟာ .. အဲ့လိုတော့ မပြောနဲ့ဗျ ..
သစေ ၊ သရဲ ၊ နာနာဘာဝ တွေကို
ခင်ဗျား.အကြောင်းမတိုက်ဆိုင်သေးလို့
မတွေ့တာနေမှာပါ ..
ပက်ပင်းတိုးမှ အဟုတ် ဖြစ်နေအုံးမယ်
ကျုပ်တို့ကတော့ ကြောက်တယ်ဗျို့.."
ငစွေကလည်း အလျော့ မပေးချေ ..
" အေး .. အေး .. ကြောက်ရစ်
ငါတော့ပြန်မယ်ဟေ့ .. ဘကြီးသိန်းခ
ကျုပ်သွားပြီ ...."
ကိုမြဖေ နှုတ်ဆက်ပြီးထပြန်မည်အလုပ်..
"ဒုန်း"
"ခလွမ်း "
" ရွှေအ .. ဘာဖြစ်တာတုန်း .."
ဘကြီးသိန်းခ မေးလည်းမေး ရွှေအ ရှိရာ
အပြေးတပိုင်းသွားလိုက်သည် ..
ကိုမြဖေ၊ ငစွေနှင့် လူအချို့
ပြေးလိုက်သွားကြသည် ..
တွေ့ပါပြီ ...
ရွှေအ တစ်ယောက် ကြောင်တောင်တောင်ရပ်နေသည် .. မျက်လုံးအပြူးသားနဲ့
တနေရာကိုစိုက်ကြည့်နေပြီး တခုခုကို
အရမ်းကြောက်နေကာ ဒူးတွေ
တဆတ်ဆတ် တုန်နေသည် ..
" ရွှေအ .. ရွှေအ .. ဘာဖြစ်တာတုန်း "
အားလုံးဝိုင်းမေးကြတော့
ချက်ပြုတ်သည့်နေရာနဲ့ သိပ်မဝေးတဲ့ မကျည်းပင်ရှိရာ လက်ညှိုးထိုးပြပြီး ...
" ဟိုမှာ ... ကိုရင်ကြာစိ ...
ကျုပ်ကို ...
လက်ယပ်ခေါ်နေတယ် ..."
လုံးဝ အထစ်အငေါ့မရှိ ....
" ဟာာာ ....."


( အပိုင်း ၄ ဆက်လက်အားပေးပါအုံးဗျ )
Photo Credit - Google Image
Written by @myanmarpyithar
MSC - 103
တရဲလဲ ဒေါ်လာဖြစ်ပြီ
ဟီး ချစ်စရာ တရဲလေးတွေ
ကြောက်ထာဗျာ
တကယ်လားဗျ ကြောက်မှ ကြောက်ပါ့မလားလို့
အ နေ ပေမဲ့ ဒါတော့ ပြောထွက်တယ်နော် ဘယ်လောက်ကြောက်အားကြီးနေလည်းဆိုတော့
ဟုတ်ပါ့အစ်မရေ
စိတ်ရဲ့ စွမ်းအားတစ်ခုပေါ့
အပိုင်း(၄)ကိုဘဲ သိချင်လှပြီ.သူတို့အုပ်စုဘာဆက်ဖြစ်မလဲဆိုတာ.
ဟုတ်
ကြိုးစားရေးနေပါတယ်ဗျ
မျှော်ပီလေ အပိုင်း ၄ ☺☺
ကျေးဇူး bro ရေ
အားရှိတယ်ဗျာ
အပိုင်းလေးဘယ်ောတ့လဲ့
ရေးတုန်းအစ်ကိုရေ 😀😀
ကျေးဇူးတင်ပါတယ် ကိုဂျီး နောက်တစ်ပိုင်းမျော်နေပါ့မယ်
ဝိုး အားရှိသွားပြီ ရေးဖို့
နောက်တစ်ပိုင်း မြန်မြန်ရေးထား ပရိတ်သတ်တွေ တောင်းဆိုနေကြပြီ
တင်ပါ့ ကြိုးစားရေးနေပါတယ်ဘုရား
ကြောက်ပါတယ်ဆိုမှ ကြောက်စရာကောင်းလိုက်တာ
ကြောက်ရင် မယဉ်လှ လွှတ်လိုက်မယ်ဗျ 😀😀
ရွှေအ တော့ ကြောက်နေပြီပေါ့ ဘာလဲတော့မသိဘူး
😀😀ကြောက်လည်းကြောက်ခြင်စရာပါ