တိုက်ပြီးရင်း တိုက်

in #community6 years ago

ဒီ drugwars စည်းမျည်းကတော့ အတော်သဘောကျသွားပြီ။ ပထမဆုံး စည်မျည်းနဲ့အတော်တူပါတယ်။ ပထမစည်းမျဉ်းမှာက စခန်းတစ်ခုကို တစ်ယောက်ထက်ပိုတိုက်လို့ရပါတယ်။ Shield ရှိနေတယ်။ ဒါပေမဲ့ ကိုယ့်တပ်ဖွဲ့တွေကိုလဲ လွတ်လို့ရပါတယ်။ ကိုယ်မျှော်မှန်းထားသလောက် မရပေမဲ့ အနည်းအကျဉ်းတော့ ရပါသေးတယ်။ နောက်ပြောင်းလိုက်တဲ့ စည်းမျည်းမှာကျတော့ ကိုယ်က နည်းနည်းလေး နောက်ကျလိုက်တာနဲ့ တိုက်လို့မရတော့ပါဘူး။ တစ်ခါတစ်လေဆို အကြာကြီးစောင့်ပြီးတော့မှ တိုက်လို့မရတဲ့ အဖြစ်မျိုးကို ကြုံခဲ့ရပါတယ်။


Image Source

အခုပြောင်းလိုက်တဲ့စည်းမျဉ်းကတော့ အဲဒီလိုမဟုတ်ပါဘူး။ Shield ဖြုတ်ပစ်လိုက်တဲ့အတွက် ကိုယ်တိုက်ချင်တဲ့ ရန်သူကို တိုက်လို့ရပါတယ်။ သူ့မှာ စစ်သားရှိမရှိ ကုန်ကြမ်းတွေ ဘယ်လောက်ရှိမရှိသိဖို့ scouting လုပ်မယ်။ ပြီးတာနဲ့ တိုက်လို့ရပါပြီ။ တစ်ခုတော့ သတိထားရပါတယ်။ သူ့မှာ အပြင်ကို လွှတ်ထားတဲ့ စစ်သားတွေရှိနေသလားဆိုတာပါ။

အခုစည်းမျဉ်းအရဆိုရင်တော့ တိုက်ပြီးရင်းတိုက်ရင်ပါပဲ။ ရန်သူ့ရဲ့ ကုန်ကြမ်းတွေကုန်တဲ့အထိ တိုက်လို့ရပါတယ်။ ကိုယ့်မှာ ဘယ်စခန်းတွေကတော့ဖြင့် ခုခံမဲ့သူ မရှိဘူးဆိုတာကို မှတ်ထားရပါမယ်။ ပြီးတာနဲ့ အချိန်တစ်ခုအထိစောင့်ပြီး တိုက်ခိုက်ရုံပါပဲ။ တိုက်ခိုက်တဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။ Bot တွေကလဲ အဲဒီလိုစားရင်းလုပ်ပြီးတော့ စခန်းတစ်ခုပြီး တစ်ခုတိုက်လိမ့်မယ်ထင်ပါတယ်။ အရင်ကလို bot တွေချည်းပဲ ရတာမျိုးတော့ မဟုတ်တော့ပါဘူး။ ဂိမ်းထဲမှာ တစ်ကယ်ပဲ အချိန်ပေးနိုင်တဲ့သူတွေအတွက်ပါ အခွင့်အရေးရလာပါပြီ။

အကောင်တစ်ကောင်ချင်းစီရဲ့ တိုက်ခိုက်မှုကြောင့်ရရှိတဲ့ ကုန်ကြမ်းပမာဏ ကွာပါတယ်။ အဲဒီအချက်က damage နဲ့မဆိုင်ပါဘူး။ အမြန်နှနုးနဲ့ ဆိုင်မလားတော့မသိပါဘူး။ ဥပမာ Rowdy တစ်ကောင်တိုက်ခိုက်တာကနေ ကုန်ကြမ်း ၁၀၀ စီရနိုင်ပါတယ်။ ဒါပေမဲ့ Ninja ၁၀ ကောင်နဲ့တိုက်ရင် ၂.၅ K ရပါတယ်။ တစ်ကောင်ကို ၂၅၀ ရပါတယ်။ အခြားအကောင်တွေကတော့ ဘယ်လောက်ရသလဲ မသိပါ။ တိုက်ခိုက်တဲ့ အကောင်ပေါ်မူတည်ပြီးတော့ ရတဲ့ ကုန်ကြမ်းပမာဏ ကွာတယ်လို့ထင်ပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=71
Sort:  

တိုက် ချင် လာဘီ

အကိုရေ drugwaesတိုက်ရတာ အိပ်ရေတွေတောင်ပျက်လာပြီး။မိမိရဲ့ ရှိစုမဲ့စုလေးပြောင်သွားမှာဆိုးလို့ ခဏခဏဝင်ကြည့်နေရတယ်အကိုရေ

Posted using Partiko Android

Congratulations @mmunited! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Are you a DrugWars early adopter? Benvenuto in famiglia!
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63780.55
ETH 2618.13
USDT 1.00
SBD 2.82