သမားဆိုအိုမှ

in #myanmar7 years ago (edited)

image

သမားဆိုအိုမှ

နေပြည်တော်ကို ရောက်စက ဝမ်းလျောဖူးတယ်။ အနီးနား ဆေးခန်းလိုက်ရှာတော့ ကြက်ခြေနီအ မှတ်အသား လေးတစ်ခုတွေ့တဲ့တိုက်ခန်းကိုဝင် ကြည့်တော့ ဆရာတွေ့တာနဲ့ ဝမ်းလျောနေတဲ့ အကြောင်း ပြောပြီး ဆေးခန်းပြတယ်။ ဆိုင်လားတော့မသိဘူး။ ဆရာကသွေးဖောက်စစ်ရမယ်တဲ့ ။ဖောက်ပေါ့ဆရာခိုင်းတာလုပ်ရမှာပေါ့။ ဖောက်တယ်။ ဘာဆေးမှမကုပေးဘူး။ နောက်တစ်နေ့ပြန်လာပါတဲ့ ။ဝမ်းလျောတာမရပ် လို့ ဓာတ်ဆားတော့ ကိုယ့်ဘာသာဝယ်သောက် ထားတယ်။ နောက်တစ်နေ့ပြန်လာတော့ သူက အူရောင်ငန်းဖျားပိုးစစ်တာတဲ့မတွေ့ဘူးတဲ့ ။ဒါပေမယ့် ဒီနေ့ သွေးဖောက်ဦးမယ်တဲ့။ လာပြန်တယ်။ ငှက်ဖျားပိုးရှိမရှိတဲ့ ။ ဝမ်းလျောတာကိုမကုဘူး။ သွေးပဲစစ်ပြန်တယ်။ငှက်ဖျားနဲ့ ဝမ်းလျောတာဘယ်လိုပတ်သက်လဲ မသိဘူး။
နောက်တစ်နေ့ကျတော့ ငှက်ဖျားလည်းမရှိပါဘူး တဲ့။ ဆရာကျွန်တော် ဝမ်းလျောနေတာမရပ်သေးဘူးလို့ပြောတော့ ဒါကဝမ်းပိတ်ဆေးဝယ်သောက်လိုက်ပါတဲ့ ပြဿနာမဟုတ်ပါဘူးတဲ့။ ဟား.....
ရင်မောတယ်၊ လေးရက်မြောက်သွားပြီ ၊လူက ဖြူလာပြီ၊ ဝမ်းက သွားစရာမရှိတော့ မည်းမည်းတွေထွက်လာတယ်။ ကျွန်တော်လည်းလန့်လာလို့ ရုံးမှာခွင့်တင်ပြီး မွေးရပ်ဇာတိ ပြည်ကိုပြန်သွားခဲ့တယ်။ ပြည်ရောက်တော့ဆရာဝန်ကြီးကိုအကျိုး အကြောင်းပြောပြတယ်၊ ဆရာဝန်ကြီးက သောက်ဆေးပေးကြည့်မယ်။မသက်သာရင်တော့ ဆေးရုံတက်ရမယ်တဲ့ ။ အဲဒီမှာ ဆေး ၂ ခွက်လောက်သောက်ပြီးသက်သာလာတယ်။ ဝမ်းလည်းပိတ်၊ ဝမ်းအမည်းလည်းမသွားတော့ဘူး။ ပြောချင်တာကတော့ အတွေ့အကြုံများတဲ့ အိုတဲ့ဆရာဝန်နဲ့ အတွေ့အကြုံနည်းတဲ့ ပျိုတဲ့ဆရာဝန်ကြားကွားခြားမှုအများကြီးရှိနေတာကိုပြောပြချင်တာပါ။
ကျွန်တော့ယောက်ဖတစ်ယောက် နေပြည်တော်မှာလာပြီးဆေးကုတယ်။ လည်ချောင်းထဲမှာအဖုအကြိတ်ရှိနေတယ်။ အသားစယူပြီးစစ်ရမယ်တဲ့။
အဲတာအသားစယူတာကိုပဲ ၄ နာရီလောက်ကြာ ပြီးခွဲခန်းထဲကထွက်မလာနိုင်ဘူး။ အပြင်ကလူတွေကစိုးရိမ်ကြလို့ ၊မေးကြည့်တော့ လူနာမောနေလိုတဲ့ အပြင်ရောက်တော့ အောက်စီဂျင်ပေးထားရသေးတယ်။ ဒါနဲ့နောက်တစ်ပတ်ကြာတော့ အဖြေကကင်ဆာမဟုတ်ပါဘူးတဲ့။ မရေမရာသလိုမို့ ရန်ကုန်သွားပြီးအခြားဆရာဝန်နဲ့ သွားပြတော့ ဘာအသားစမှမယူရပဲကင်ဆာဖြစ်ကြောင်း အတည်ပြုသွားနိင်တယ်။ ပြီးတော့ အဆုတ်ထဲမှာရေရှိနေတယ်တဲ့ ဒီရေကိုမထုတ်ရင် မေ့ဆေးပေးပြီးသတိယလာတဲ့အခါ မောနေလိမ့်မယ်တဲ့။ ကြည့်ပါဦးကွက်တိပဲ။ မောနေတာ အဆုတ်မှာရေရှိနေလိုတဲ့ ဘာကြောင့်ပထမဆရာဝန်က မပြောတာလည်း။ ဒါမှမဟုတ်မသိတာလည်း။ ရှင်းရှင်းလေးပဲ။ အတွေ့အကြုံနည်းလို့ပေါ့။
ဒါကြောင့်သမားဆို အိုမှပါဆို။
Min Soe Naing

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much for being an awesome Partiko user! We have just given you a free upvote!

The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.

One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!

If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!

ဗဟုသုတပဲ
ရှေးစကားပုံတွေက မှန်ကန်နေတယ်

လက်တွေ့ခံရလို့ပါ

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 62294.13
ETH 1679.15
USDT 1.00
SBD 0.41