စိတ်ဝင်စားစရာ Plasma Cutter Machine

in #myanmar7 years ago (edited)

စိတ်ဝင်စားစရာ Plasma Cutter Machine

https://images-na.ssl-images-amazon.com/images/I/81PBQHoWWmL.SX425.jpg

နိုင်ငံတကာမှာတော့ ဒီပစ္စည်းက ထူးဆန်းတာမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံအတွက်တော့ အလွန်အသုံး တည့်တဲ့ပစ္စည်းတစ်ခုဖြစ်လာမယ်လို့ထင်ပါတယ်။သိကြတဲ့အတိုင်း အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ Steel Structure လုပ်ငန်းတွေက တံတားဆောက်တဲ့နေရာတွေမှာသာမကပဲ၊ အဆောက်အဦတွေလည်းအများ အပြားတည်ဆောက်လာကြတာပါ။ Steel Structure လုပ်ငန်းတွေမှာ အမြဲသုံးနေရတာကတော့ လေအိုး မီးအိုး cutter တွေပါပဲ။အတိအကျပြောရရင်တော့ Propane အိုးနဲ့ အောက်စီဂျင်အိုးတွေဆိုပါတော့ ဒါတွေကိုအသုံးပြုပြီး သံချောင်း၊သံပြား၊ အန်ဂယ်(Angle)တွေကိုဖြတ်ကြရတာပါ။

ဒီတော့ နည်းနည်းပါးပါးဖြတ်ကြတောက်ကြတဲ့အခါ မသိသာ၊မပြောလောက်ပေမယ့်၊ တကယ်တမ်း လုပ်ငန်း ကြီးကြီး၊ အဆောက်အဦကြီးကြီး၊ အထပ်များများတွေဆောက်လုပ်လာတဲ့ အခါမှာတော့ အဲဒီလေအိုး မီးအိုး တွေသယ်ယူရတဲ့ ဒုက္ခတွေဟာကြုံဖူးသူတွေမှာသိနိုင်ပါတယ်။ဖြတ်စရာတွေကများ လေအိုးမီးအိုးကမ လောက်င,သယ်ဦးပိုးဦး၊တင်ဦးချဦးနဲ့ အခက်အခဲတွေအများကြီးရှိသလို အချိန်တွေလည်းဖင့်၊လုပ်ငန်း ကမတွင်ကျယ်ဆိုသလိုဖြစ်ကြရပါတယ်။ပြီးတော့ အိုးတွေသယ်ယူချထားဖို့ မလွယ်ကူတဲ့နေရာတွေဆို ကြီုးအရှည်ကြီးတွေသုံးပြီး ခက်ခက်ခဲခဲအလုပ်လုပ်ကြရတာပါ။

ခုတော့ Plasma Cutter Machine ဆိုတာပေါ်လာတဲ့အတွက် earth မိပြီး မီးပလပ်ထိုးလို့ရတဲ့နေရာရှိရင် အလွယ်တကူဖြတ်နိုင်တောက်နိုင်ကြပါပြီ။ အောက်က Video လေးကိုသာဝင်ပြီးလေ့လာကြည့် လိုက်ကြ ပါတော့နော်။
စူးစမ်းလေ့လာခြင်းဖြင့် မြန်မာ့လူမှုဘဝအဆင့်မြှင့် တင်နိုင်ကြပါစေသော်....

https://www.youtube.com/watch?v=hNMeIfQsaS0

https://images-na.ssl-images-amazon.com/images/I/81PBQHoWWmL.SX425.jpg

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဈေးက ဘယ်လောက်ရှိလဲ ဘရို

ဒေါ်လာ ၂၀၀၀ တဲ့ မြန်မာငွေ သိန်းသုံးဆယ်ကျော်ပဲရှိတယ်

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 64721.82
ETH 1871.10
USDT 1.00
SBD 0.39