ကိုယ့်အတွက်ပဲ အသက်မရှင်ပါနဲ့

in #myanmar7 years ago

ကိုယ်အတွက်ပဲ အသက်မရှင်ပါနဲ့

လူ့ဘဝမှာလူတွေဟာမျှော်လင့်ချက်နဲ့အသက်ရှင် တာတဲ့ မျှော်လင့်ချက်မရှိရင်ဘဝဟာရေစုန်မျော ပြီ။ ဒါပေမယ့်လူတွေနားလည်ထားတာက မျှော်လင့်ချက်ဆိုတာ မနက်ဖန်တွေမှာဘာတွေဖြစ် လာမလဲ၊ဘာတွေရယူပိုင်ဆိုင်လာမလဲလို့တွေးနေတာကို မျှော်လင့်ချက်ထားတယ်လို့ထင်နေကြတာ တကယ်တမ်းက အဲတာမဟုတ်ဘူးဗျ။ မျှော်လင့် ချက်ဆိုတာလေ ဘယ်သူအတွက်လဲ ဆိုတဲ့ အရာပါမှပြည့်စုံတာပါ။ မိဘအတွက်၊ သားသမီး အတွက်၊ ချစ်သူအတွက်၊ သူငယ်ချင်းအတွက်၊ မိတ်ဆွေအတွက်၊ အဖိုးအဖွားအတွက်၊ ဦးလေး၊ ဒေါ်လေးတူတူမအတွက် ဘာမှမရှိရင် နိုင်ငံအတွက် ၊ လူသားအတွက် ဆိုတော့မှဘဝကိုအား ကောင်း မောင်းသန်ရင်ဆိုင်ကျော်လွှားနိုင်တာပါ။ ဒီလိုမဟုတ်ဘဲ ကိုယ်အတွက်ဘဲ ကိုယ်ရှင်သန်တာ ပါဆိုတဲ့သူတွေဟာ များသောအားဖြင့်ဘာနဲ့တူ သလဲဆိုရင် အရက်သမားတွေနဲ့တူတယ်။ အရက် သမားအများစုဟာ မိသားစုအတွက်သိပ်မစဉ်းစား ဘူး။ ပြောလိုက်ရင်တော့ သူ့မိသားစုကိုသူအချစ် ဆုံးပဲ။ ဒါပေမယ့် မိသားစုဘယ်လောက်ဒုက္ခ ရောက်ရောက် သူတို့အသောက်မပျက်ကြဘူး။ စိတ်ညစ်လည်းသောက်၊စိတ်ပျော်လည်းသောက် မိမိ မိသားစုထမင်းငတ်နေရင်တောင်သူတို့သောက် ဖို့ရှိတယ်။ ဒါက ကိုယ်အတွက်ကိုယ်ရှင်သန်ကြတဲ့ သူတွေ ၊ သူတို့မှာ သူများတွေလို ပျော်ရွှင်မှုသုခ ဆိုတာကြာရှည်မရှိဘူး။ အမြဲတမ်းအလိုမကျမှု တွေ၊ မကျေနပ်မှုတွေ၊ သည်းမခံနိုင်မှုတွေပဲရှိနေ တတ်တယ်။ ဟုတ်တယ် တကယ်တော့ သည်းခံ တယ်ဆိုတာက ငါ့အမေဒုက္ခရောက်မှာစိုးလို့၊ ငါ့သားသမီးတွေ ဒုက္ခရောက်မှာစိုးလို့စသည်ဖြင့် ကိုယ်တွယ်တာရာလူတွေအတွက် မျှော်လင့် ချက် တွေအပျက်မခံချက်ကြဘူးလေ၊ တကိုယ်ကောင်း သမား၊ ကိုယ့်ဘဝအတွက်ပဲကိုယ်ရှင်သန်နေတာ ဆိုတဲ့လူတွေကြတော့ ဘာတစ်ခုမှသည်းမခံဘူး။ ထစ်ကနဲ့ရှိ ဒေါသထွက်ပြီ။ သူတို့ကဘယ်သူမှငဲ့စ ရာမလိုဘူးလေ။ ဖြစ်ချင်တာဖြစ် ပြောချင်တာ ပြောမယ်၊လုပ်ချင်တာလုပ်မယ်၊မကျေနပ်တဲ့သူလဲသေ၊ ဒါပဲ ။ဆိုတဲ့လူမျိုးတွေ။
လောကမှာ အဲသလိုလူတွေများရင်အန္တရာယ်ကြီး ပါတယ်။ ဒါကြောင့်မို့ လူတွေကိုသံယောဇဉ်တွေနဲ့ တုတ်နှောင်ပေးပါ။ သူတို့တွေလည်း ချစ်တတ်ခင် တတ် တွယ်တာတတ်အောင် ကူညီပေးကြပါ၊ နည်းလမ်းကလည်းလွယ်ပါတယ်၊ ပစ်ပယ်မထားပဲ လူ့အဝန်းအဝိုင်းထဲဆွဲသွင်းပေးကြပါ။ လူလိုအသိ အမှတ်ပြုပေးကြပါ။အားကိုးတကြီးလူရာသွင်းပေးကြပါ။သူတို့လည်း အလကားလူတွေမဟုတ်ဘူး၊ လူလောကမှာအသုံးဝင်တဲ့ အရာဝင်တဲ့လူတွေ ဖြစ်ကြောင်းပြောပြပြီး အများအတွက်အသက် ရှင်တတ်အောင် လုပ်ပေးကြပါလို့။ပြောကြားရင်း...

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Hi, @minsoenaing!

You just got a 0.12% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.093
BTC 62995.61
ETH 1766.49
USDT 1.00
SBD 0.39