Change people life
in #busy6 years ago
ကျွန်တော်ပြောချင်တဲ့ ပညာရေး
^^^^^^^^^^^^^^^^^^^^^^^^
စာရေးသူ Si Thu
ကလောင်အမည် #Error
မြန်မာပြည် ရဲ့ပညာရေး
ခဏလောက်အချိန်ပေးပြီးဖတ်ကြည့်ပါလားဗျာ
'' ခုနက စင်ပေါ်စကားတက်ပြောတဲ့
 မောင်လေးမဟုတ်လား '
'' ဟုတ်ကဲ့ပါအစ်မ ''
'' တစ်နိုင်ငံလုံးမှာ Firstရထားတဲ့သူ ဆိုတော့ မောင်လေးစကားက သူတို့  အတွက် သိပ်အရေးပါတယ်...
 မောင်လေးပေးတဲ့ အကြံရဲ့ ဆိုးခြင်းကောင်းခြင်းကို သူတို့  ခံစားရလိမ့်မယ်...''
'ဟုတ်ကဲ့ ကျွန်တော်လက်ခံပါတယ်''
''မောင်လေးက ပြောတယ် ... ဆယ်တန်းစာကို သင်တာ ဆယ်တန်းစာကို တတ်မြောက်အောင်လို့  ပြောတယ်
Society - Freedomနဲ့ လူသားတွေတိုးတက်ဖွံ့ဖြိုးမှုကို အဓိက ပိတ်ဆို့ထားအခြေခံအုဋ္ဌ်မြစ်ဟာ ဘာသာရေးအမြင်တွေပါဝင်နေ တယ်ဆိုတာ ကျနော်တို့အားလုံး ငြင်း၍မရနိုင်ပါဘူး။   တနေရာ 
မဟုတ်တနေရာလောက်မှာ ( သို့မဟုတ် )  ဖွံ့ဖြိုးတိုးတတ်မှုဆို သောနေရာတွေမှာ Block ဖြစ်နေတတ်လေ့ရှိတယ် ။
၎င်း ဘာသာရေးပြဋ္ဌာန်းချက်များကို အဆိုးမြင်၍ အပြစ်ပြောနေခြင်း မျိုးမဟုတ်ပါ ။ယုံကြည်မှုလွဲကဲသော ဟောင်းနွမ်း၍သုံးမရသောရိုးရာ အယူဆတွေသာခိုင်မှာ အားကောင်းလာခြင်း - ဘာသာရေးကို ဗန်းပြ၍  နိုင်ငံရေး - စီးပွားရေး - အာဏာစသည့်နေရာတွေမှာ လူသားများအလွဲသုံးစား  လုပ်တတ်လာကျခြင်း  စသည်တို့မှာ 
ဘာသာ ရေးကိုတည်မှီ၍ ဖောက်ဖွားရှင်သန်လာသည်ဟုလည်း တနည်း ပြောနိုင်ပါသည် ။ 
လက်ရှိမှာက ဆယ်တန်းစာမေးပွဲဟာ တက္ကသိုလ်ဝင်ခွင့်အတွက် ဂိတ်တံခါးလိုဖြစ်နေတယ်...
အများစုဟာ ဆယ်တန်းစာကို အမှန်တကယ်တတ်မြောက်ဖို့  ထက် အမှတ်ကောင်းကောင်းယူပြီး လိုင်းကောင်းကောင်းကို ရွေးချယ်ခွင့်ရဖို့ ကြိုးစားနေကြတယ်
အရှိတရားဟာ အမှတ်ကောင်းမှ 
လိုင်းကောင်းရမှာ ... 
ဒါကြောင့် လိုင်းကောင်းရဖို့  အမှတ်ကောင်းအောင် ကြိုးစားကြမှာပဲ...
မောင်လေးလည်း ဒီပညာရေးစနစ်နဲ့  firstဖြစ်လာခဲ့တာကိုး...
ပညာရေးစနစ်ပြောင်းခဲ့ရင် မောင်လေးလည်း firstဖြစ်ချင်မှ ဖြစ်မှာ''
''ကျနော် firstရခဲ့တယ်... ကျနော်ဖြေတဲ့နှစ်မှာ ကျနော် စာအတတ်ဆုံးပါလို့  အဓိပ္ပာယ်မရသလို ကျနော် အအောင်မြင်ဆုံးပါလို့ လည်း အဓိပ္ပာယ်မရဘူး...
 ဖြေပြီးခဲ့တဲ့အထိတော့ Firstရအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ကြိုးစားခဲ့တာပဲ...
နောက်တော့မှ ကျနော်တွေးဖြစ်လာတာက... Firstရတော့ ဘာဖြစ်သလဲဆိုတာပဲ
လူသိများလာတယ်... ဒါဟာ popularပါ... Successမဟုတ်ဘူး
ခက်ဆစ်တွေ ၏သည်၍ မလွဲကျက်ခဲ့မိတယ်... ပြောရမယ်ဆိုရင် ကျနော်သိပ်ပင်ပန်းခဲ့တယ်...
ကျနော်ဆရာဝန်မဖြစ်ချင်ဘူး
အင်ဂျင်နီယာမဖြစ်ချင်ဘူး... ကျနော်ဖြစ်ချင်တာ စာရေးဆရာ...
နောက်ထပ် ပိုလေးစားစရာကောင်းတာဟာ ဂယ်လီလီယို
ဟာ ဂျီးလ်ဆပ်ခရိုက်အနွယ်ဝင်တစ်ယောက်လည်း ဖြစ်ခဲ့တယ်  ။ ဘာသာရေကိုင်းရှိုင်းတယ် ။ ဘာသာကို ပညာနဲ့ ထိမ်းညှီပြီး အမှန်တရားကို ရှာဖွေပေးနိုင်ခဲ့တယ် ။ လက်ခံပေးနိုင်ခဲ့တယ် ။ သို့သော်သူယုံကြည်သော မြတိနိုးသော ဘာသာကို စွှန့်ခွာမ သွားခဲ့ပါဘူး ။ ဘာသာဝင်များအတွက် ဂယ်လီလီယို လို ပုဂ္ဂိုလ် မျိုးတွေ အတွေးခေါ်မျိုးတွေ ပေါ်ထွက်လာဘို့ကို မျော်လင့်မိတယ် 
ဂယ်လီလီယို လိုဘာသာဝင်တိုင်းအားလုံးဖြစ်ရမယ်မဆိုလိုပါဘူး ။ ဘာသာရေးယုတ္တိအလွဲ နဲ့ ၎င်းအယူဆအမှားတွေကို မှားမှန်းလက်
ခံပေးနိုင်လောက်ရင်တောင် အားလုံးအတွက် အပေါင်းလက္ခဏာ ဆောင်တယ် ။   
ပြောလိုတာက အမှားတစ်ရာဟာ ကြာရှည်စွှာအမြစ်တွယ်သွားရင်  အမှန်တစ်ခု ဖြစ်သွားနိုင်တယ် ။ အမှားက အမှန်ဖြစ်နေမှုဟာ ပြဿ  နာမဟုတ်သေးဘူး ။ဒီ ပြဿ     နာ ကိုပညာက ထိန်းညှိပေးနိုင် တယ် ။ အမှားကို အမှားဟု လက်ခံပေးနိုင်တဲ့ သဘောထားကြီး
ခြင်းကို ရည်ရွှယ်ပါတယ် ။ 
မြန်မာနိုင်ငံမှာ ဘာသာရေး - နိုင်ငံရး - ဒဿ ဒနိက သိပ္ပံ စသော အတတ်ပညာရှင်များရှားလာတယ် ။ ရှိတဲ့ပညာရှင်တွေကလည်း ဒီနိုင်ငံအတွက်မဟုတ်ဘူးဆိုတာတွေထိဖြစ်လာတယ် ။ ဒီအကျိုး ဆက်ကို တနိုင်ငံလုံးဝိုင်းဝန်းခံစားနေရတယ် ။ 
အတတ်ပညာရှင်ရှားပါးခြင်းဟာ နိုင်ငံ တစ်နိုင်ငံ၏တိုး
တတ်ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းများကို တိုက်ရိုက် မဟုတ်တောင်
သွယ်ဝိုက် အထောက်ကူပြုတယ် ။ ဒီနေရာမှာလိုအပ်မယ်ထင်လို့ ထည့်ပြောသင့် ပြောရပါတယ် ။  နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတတ်ဖို့ဆိုရင် ဘာသာမဲ့ခြင်း/ ဘာသာမမဲ့ခြင်းများနဲ့ ဒါဟာ တိုက်ရိုက်မပတ်သတ် ပါဘူး ။ သင်ယူလေ့လာမှု စိတ်အားထက်သန်မှု နဲ့ဆင်ခြင်ဥာဏ်ဖြင့် စူးစမ်းပြီး ရိုးသားဘို့နဲ့  ပညာတတ်များပြားလာမှုတွေကသာ ခေတ်မှီ သောဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ တိုက်ရိုက်အချိုးကျစေတယ် ။
ကျနော့်ဝါသနာကို ကျနော်သိနှင့်နေပြီးသား... ဒါပေမယ့် တက္ကသိုလ်ဝင်တန်းရဲ့ pressureအောက်မှာ ပြင်ပစာပေကို အာရုံစိုက်ခွင့်မရဘူး... ကျနော့်သူငယ်ချင်းတစ်ယောက်က ရိုးရိုးပဲအောင်တယ်...
 သူက guitorတအားတီးချင်တဲ့ကောင်... အချိန်ပြည့် ဂစ်တာလေးနဲ့ ...
သူက ဒီတက္ကသိုလ်ဝင်တန်းကို 
သူ့ ဝါသနာနောက်သူစီးမြောရင်း သက်တောင့်သက်သာလေး အောင်လာတာ.... 
သူက ကျနော့်ကို မေးခွန်းမေးတယ်
နွေဦးကာလာ မြူ ထသောခါ ကို ဘယ်လိုနားလည်လဲတဲ့...
တျာချင်းဖြစ်ကြောင်း ဝန်ကြီးပဒေသရာဇာရေးကြောင်း ထန်းတက်သမားမိသားစုရဲ့ဘဝကို သရုပ်ဖော်ခြင်းဖြစ်ကြောင်း စာထဲကပါတဲ့အတိုင်း သူ့ ကို ပြောပြမိတယ်...
သူက ခေါင်းခါပြပြီး ငါမေးတာအဲ့လိုမဟုတ်ဘူးတဲ့
ခေတ်ကိုနှိုင်းယှဉ်မယ်ဆိုရင် သူတို့ ခေတ်မှာလည်း entertainment သဘောလေးတွေရှိသတဲ့ဗျာ
ဒါနန်းတွင်းက ပြည်သူကို ပြန်ဖျော်ဖြေပေးတာ
မျိုးဖြစ်နိုင်တယ်တဲ့... 
အင်မတန်ပူအိုက်တဲ့ အညာဒေသနွေရာသီဟာ စိတ်ပျက်ဖွယ်အတိပဲ... ဒီလိုအချိန်အခါမျိုးမှာ ကျေးလက်နေ ထန်းတက်သမားမိသားစုရဲ့ မပြည့်စုံမှုလေးကို ကရုဏရသမှာ ဟာသလေးနှောရင်း ဘုရင့်နားတော်ပေါက်အောင် ရည်ရွယ်တာမျိုး မဖြစ်နိုင်ဘူးလားတဲ့
ဟုတ်တယ် ဒါကဗျာ ဒါအနုပညာ
ဒါဟာစာသက်သက်မဟုတ်ဘူး
ကျက်မှတ်ဖို့ မဟုတ်ဘူး ဒါဟာခံစားဖို့  
The whole burma firstရမယ့်သူက မသိခဲ့ဘူး... ဆယ်တန်းကို ရိုးရိုးအောင်မယ့်သူက သိနေတယ်....
 သူစာလေ့လာခဲ့တယ် 
သူလေ့လာသမျှဟာ စာမေးပွဲမှာ
 အမှတ်ကောင်းဖို့  ရည်ရွယ်ပုံမရဘူး
အနုပညာကိုအနုပညာလိုခံစားဖို့ လို့ 
 သူကတွေးတယ်...
စာမေးပွဲကမေးတာကို ကျနော်ဖြေနိုင်ခဲ့တယ်...
ဝန်ကြီးပဒေသရာဇာပေးတာကို ကျနော်လုံးဝမရခဲ့ဘူး
အစ်မ... ဆယ်တန်းသင်ရိုးဟာ ကျနော်တို့ ကို စာမေးပွဲဖြေဖို့ တစ်ခု တည်းရည်ရွယ်ထားတာမဟုတ်ဘူး 
တချို့စာတွေဟာ အနုပညာ 
တချို့  စာတွေဟာ အကြံပြုစာ 
တချို့ စာတွေဟာ ဆွေးနွေးတဲ့စာ...
ဟင်း.. ကျနော်တို့ ကတော့ဘာလာလာကျက်စာပဲ...
ဆရာကြီးမဟာဆွေရေးတဲ့ 
''မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း''ဟာ ကျက်ဖို့  မဟုတ်ဘူး... မကြောက်တရား ဆောင်းပါးတွေကို 
သူ့ အမြင်သူ့ ရှုထောင့်တွေနဲ့  မျှဝေခဲ့တဲ့ ဆရာကြီးမဟာဆွေခေါ် နေသူရိန် ကလောင်ရှင်ဟာ သူ့ စာတွေကို ကျက်ဖြေစေဖို့  ရည်ရွယ်ခဲ့တာမဟုတ် ဘူး... 
ကဗျာကို အလွတ်ရအောင်ကျက်တိုင်း
ကဗျာကိုချစ်ပါတယ်လို့  အဓိပ္ပာယ်မရ ဘူး... ဝန်ခံရရင် ဂစ်တာသမားလေးကို ကျနော် သိပ်အားကျတာ....
သူက ယူသလောက်ရခဲ့တဲ့ကောင်...
သူက leisureကဗျာလေးနဲ့  feelခံတတ်တယ်...
ကျနော့်မှာတော့ ကဗျာသာ အလွတ်ရခဲ့တာ ကဗျာရဲ့ အဓိပ္ပာယ်ကို နှလုံးသားက မခံစားတတ်ခဲ့ဘူး
''What is this life if full of care
we have no time to stand and stare''တဲ့...
အဲ့ကဗျာကို မရပ်မနားကျက်ခဲ့တယ်
အခုတော့ ရယ်မိတယ်သိလား
relaxယူသင့်ကြောင်းပြတဲ့ကဗျာလေးကို မောပန်းစွာကျက်မိခဲ့တဲ့အဖြစ်ကို ရယ်ချင်နေမိတယ်...''
''ဒီလိုလုပ်ခဲ့လို့  ဒီလို firstဖြစ်နေတာ မဟုတ်ဘူးလား''
''အစ်မ သုတစွယ်စုံတွေဖတ်ဖြစ်လားမသိဘူး မောင်သိန်းလွင် ဘာသာပြန်တဲ့ Believe it or not ယုံချင်ယုံ မယုံချင်နေထဲမှာလည်း ပါလေ့ရှိပါတယ်
 ဂင်းနစ်မှတ်တမ်းဝင်ထားတယ်... လက်သည်းကြီးတွေက
 တွန့် လိမ်ရှည်လျှားနေတယ်... ဂင်းနစ်ဝင်ချင်တာတစ်ခုတည်းနဲ့  ကိုယ့်ကိုယ်ကို ဒုက္ခိတဖြစ်အောင် လုပ်တဲ့သူတွေ... 
သူတို့ ကတော့ ကြံဖန် ဂုဏ်ယူကြတာပေါ့... တစ်ကမ္ဘာလုံးမှာ ငါလက်သည်းအရှည်ဆုံးဆိုပြီး...
 အစ်မတွေးကြည့်... 
နေ့ စဉ်နေထိုင်ရှင်သန်မှုမှာ ဒီသောက်ရေးမပါတဲ့ လက်သည်းရှည်ကြီးတွေက ဘယ်လောက်အနှောက်အယှက် ပေးနေမလဲ... ရိုးရိုးသားသားဖြေကြည့်ပါ
 ကြည့်လို့  ရောတင့်တယ်ရဲ့လား...
နောက်ပြီး ဘယ်သူ့ အတွက် အကျိုး ရှိလဲ...
 ဇွဲရှိတယ်  စိတ်ရှည်သည်းခံမှုရှိတယ် ယုံကြည်ချက်ရှိတယ်... 
ဒါပေမယ့် အများကောင်းဖို့ အတွက် မဟုတ်သလို သူကောင်းဖို့ လည်း မဟုတ်ဘူး... ရူးကြောင်မူးကြောင် ကမ္ဘာကျော်လိုမှုအတွက်...
ဒါသူ့ အခွင့်အရေးဆိုတာ မှန်ပါရဲ့ 
အရူးဘုံမြှောက်တဲ့ ဂင်းနစ်စံချိန်တချို့  ကို ကျနော်ကတော့ ကြိတ်လှောင်မိတာပဲ...
အဲ့လိုပုံစံမျိုးနဲ့ ကျနော် the whole burma firstဖြစ်လာတယ်
the whole burma firstဖြစ်ဖို့  အဓိပ္ပာယ်မရှိတာတွေ ကျနော်လုပ်ခဲ့ရတယ်လေ''
''ဆရာဝန်ဖြစ်ချင်သူက အမှတ်ကောင်းအောင် 
ဖြေဖို့ လိုတယ် အမှတ်ကောင်းမှလည်း ဆရာဝန်ဖြစ်မယ်... ဒါကြောင့် သူ့ ကို သင်တဲ့ guideဆရာသို့ မဟုတ် ကျူ ရှင်ဆရာဟာ စာကို အနုပညာလို ခံစားဖို့ ထက် အမှတ်ရအောင်ဖြေဖို့  အဓိကထားသင်လိမ့်မယ်...
အဲ့လိုသင်တဲ့ဆရာမှားနေလား''
''လမ်းကကောက်တော့ ခြေလှမ်းတွေကလည်း ကောက်နေရတယ်... ဆန်စင်ရာ 
ကျည်ပွေ့ လိုက်ရတဲ့ ပညာရေးစနစ်မှာ အမှတ်ကောင်းအောင်သင်နေတဲ့ ဆရာတွေကို အပြစ်တင်ဖို့ က ခက်တယ်...
ဆရာဝန်ဖြစ်လိုသူဟာ စာစီစာကုံးလေ့ကျင့်နေရတယ်
close typeဖြေဖို့  စာပိုဒ်လိုက် ကျက်နေရတယ်....  definitionတွေကို a,an,theက အစ မလွဲအောင် ကျက်နေရတယ်...
ဒါဟာ သူ့ ဆရာဝန်ဖြစ်ဖို့  လိုအပ်တဲ့ အရည်အချင်းအတွက် အထောက်အကူဖြစ်ရဲ့လား...
ဒါပေမယ့် ဆရာဝန်ဖြစ်ချင်သူကတော့ ဒီလိုကျက်ရမယ်...
သင်ကြားသူကလည်း ဒီလိုပဲ သင်ကြားရလိမ့်မယ်...
လျှောက်သူအမှားမဟုတ်သလို
ဒီလိုလျှောက်ဖို့  အကြံပြုသူ အမှားလည်း မဟုတ်ဘူး
ဒါဟာ လမ်းရဲ့အမှား... ဒါဟာ ပညာရေးစနစ်ရဲ့အမှား...'
''တကယ်လည်း ဆရာဝန်ပညာဟာ အခက်ဆုံးပညာရပ်တစ်ခုမဟုတ်လား ဒါကြောင့်လည်း အတော်ဆုံးတွေကို တောင်းဆိုတဲ့ သဘောပါပဲ''
''အခက်ဆုံးပညာရပ်ရယ်လို့ တော့ မသတ်မှတ်ကောင်းပါဘူး....
ကဲဗျာ... အစ်မ သတ်မှတ်သလိုဆို ကျနော်က လောလောဆယ်မှာ အတော်ဆုံးပဲ... ဆရာဝန်လျှောက်မယ်ဆို ကျနော်ပါမှာပဲ...  ဆရာဝန်ဖြစ်ဖို့  ကျနော်က အသင့်တော်ဆုံးပါလို့  အစ်မထင်လား''
'...''
''ဖြေပါအစ်မရဲ့ လက်ရှိပညာရေးစနစ်ကို ယုံစားပြီး မောင်လေးက အသင့်တော်ဆုံးပါလို့  ဖြေကြည့်လိုက်ပါလား...
အစ်မ အလွဲကြီးလွဲသွားမယ်...
ကျနော့်ဝါသနာက အဓိပ္ပာယ်ရှိတဲ့စာရေးသူဖြစ်ဖို့ ပဲ
ဒီနိုင်ငံမှာ ဝါသနာမပါဘဲ အမှတ်ကို နှမြောလို့  ဆေးကျောင်းတက်နေသူတွေ ဘယ်လောက်တောင်ရှိနေကြမလဲ...''
''ဒါပေမယ့် ဒီလိုလိုင်းတွေကို 
အမှတ်နဲ့  မခွဲလို့ လည်းမဖြစ်ဘူးလေ
၂၄၀နဲ့  ဆေးကျောင်းတွေ လျှောက်နေကြမှာပေါ့...''
''လျှောက်ပါစေပေါ့အစ်မရယ်''
''ဘယ်ဖြစ်မလဲ... အမှတ်များရင် အမှတ်များတဲ့ ကောင်းကျိုးကို ခံစားသင့်တာပေါ့''
''ဆယ်တန်းမှာ သင်ရသမျှဟာ general သဘောလောက်ပါပဲအစ်မ
ဒီ generalမှာ ထူးချွန်တာနဲ့ ပဲ 
တက္ကသိုလ်လို specializedမှာ ထူးချွန်ပါလိမ့်မယ်လို့  လှေနံဓါးထစ်မှတ်လို့ မရဘူး
ဒီအတွက် ဝင်ခွင့်စာမေးပွဲတွေလိုတယ်...
မင်းဆေးကျောင်းတတ်ဖို့ အရည်အချင်းပြည့်မှီရဲ့လား ဒါကိုစစ်ဆေးဖို့  ဆေးကျောင်းဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲလိုမယ်
 botanyယူဖို့  အရည်အချင်းပြည့်မှီမမှီ စစ်ဖို့ လည်း လိုအပ်တာပဲ...
ပညာရပ်တိုင်းမှာ အဓိပ္ပာယ်ကိုယ်စီ အခက်အခဲကိုယ်စီ ဝါသနာလိုအပ်မှု ကိုယ်စီရှိနေကြတာပဲ...
ဆရာဝန်ကိုလူတော်တွေလုပ် botanyကို လူညံ့တွေလုပ်ဆိုရင် အဲ့ဒိ education planကို မှားတယ်လို့  သတ်မှတ်မယ်....
 Majorတိုင်းဟာ လိုအပ်တဲ့အရည်အချင်းနဲ့  ဝါသနာကို ပြန်တောင်းဆိုရမယ်....
ဒီအတွက်လည်း ကျောင်းသူကျောင်းသားတွေကို ကြို informလုပ်ရမယ်... တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး
နောက် ရွေးခွင့်ရှိသော majorများဆိုပြီး... ပဉ္စမတန်းလောက်ကတည်းက စမိတ်ဆက်ပေးထားသင့်တယ်
ဒါမှ ကျောင်းသားဟာ သူ့ ဝါသနာ သူ့  ဗီဇကို ကွဲပြားစွာနားလည်လာမှာ...
ဒါမှ ပြတ်သားတဲ့ရွေးချယ်မှုကို ကျောင်းသားက လုပ်ဆောင်နိုင်မှာ
ဝါသနာရယ် ဝါသနာပါရာကို လုပ်ခွင့်ရသောအခွင့်အရေးရယ်
ကြိုးစားမှုရယ်ပေါင်းမှ ကျွမ်းကျင်သူဖြစ်မယ်...
အကယ်၍ အဲ့ဒိအလုပ်မှာ ပါရမီများပါခဲ့မယ်ဆိုရင်သူဟာ ကျွမ်းကျင်မှုအပြင် စွန့် ဦးတီထွင်သူ အဖြစ်ပါ လမ်းအသစ်ဖောက်လိမ့်မယ် 
မြန်မာနိုင်ငံမှာ စွန့် ဦးတီထွင်သူတွေ ပျောက်ရှနေတယ်... ပြန်ရှာဖွေချင်တယ်...''
''The whole burma first ရခြင်းအပေါ်မှာ မောင်လေး ဘယ်လို ခံစားရလဲ''
''ပျော်မယ်လို့  ထင်ခဲ့ဖူးပါတယ်
အောင်စာရင်းမထွက်ခင်မှာ ကျနော်လျှောက်မိတဲ့ လမ်းအပိုတချို့  အတွက် နှမြောသလိုခံစားရတယ်
ဒီလမ်းအပိုတွေမှမလျှောက်ရင် the whole burma firstမဖြစ်နိုင်ဘူးလေ... 
ပြေးလမ်းက ကွေ့ ကောက်နေတော့ အကောက်အတိုင်း ကျနော်ပြေးခဲ့တယ်
ပြိုင်ပွဲစည်းကမ်းနဲ့ ကိုက်ညီလို့  ကျနော် ပထမရတယ်... 
တချို့ က အဖြောင့်အတိုင်းပြေးတယ်... 
သူတို့  က စာတတ်ဖို့ ကို ဦးစားပေးပြီးပြေးတယ်
ကျနော်က အမှတ်ရဖို့  ဦးစားပေးပြီးပြေးတယ်
အမှတ်များပြိုင်ပွဲမှာ 
ကျနော် firstရခဲ့တယ်
ကျနော် ပျော်သင့်ရဲ့လားလို့  ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိနေတုန်းပဲ''
 ![image](https://img.esteem.ws/4l8i0bh271.jpg)
Writer by@minhtikesan 
Thank all
Sort:  
This post has received a 0.08 % upvote from @drotto thanks to: @minhtikesan.
This post has received a $25.00 % upvote from @siditech thanks to: @minhtikesan.
Here's a banana! banana-small.png
Release the Kraken! You got a 0.88% upvote from @seakraken courtesy of @minhtikesan!
This post has received a 3.95 % upvote from @morwhale thanks to: @minhtikesan.
Congratulations, your post received 6.90% up vote form @spydo courtesy of @soesandar! I hope, my gratitude will help you getting more visibility.
You can also earn by making delegation. Click here to delegate to @spydo and earn 95% daily reward payout! Follow this link to know more about delegation benefits.
This post has received a 33.33 % upvote from @voterunner thanks to: @soesandar. BIG NEWS: Build your passive income with daily payouts from @voterunner! Read more about earning SBD with me. Daily. The easy way!
This post has received a 0.36% upvote from thanks to: @soesandar.
For more information, click here!!!!
Send minimum 0.010 SBD|STEEM to bid for votes.
Do you know, you can also earn daily passive income simply by delegating your Steem Power to @minnowhelper by clicking following links: 10SP, 100SP, 500SP, 1000SP or Another amount
This post has received a 5.53 % upvote from @sleeplesswhale thanks to: @soesandar.
This post has received a 2.81% UpGoat from @shares. Send at least 0.1 SBD to @shares with a post link in the memo field.
Invest your Steem Power and help minnow at the same time to support our daily curation initiative. Delegate Steem Power (SP) to @shares by clicking one of the following links: 1000 SP, 5000 SP or more. Join us at https://steemchat.com/ discord chat.
Support my owner. Please vote @Yehey as Witness - simply click and vote.
Coin Marketplace
STEEM 0.21
TRX 0.14
JST 0.030
BTC 69618.00
ETH 3376.33
USDT 1.00
SBD 2.76