မေးခွန်းများ

အတန်းတင်စာမေးပွဲ စစ်နေတဲ့ကာလတွေမှာ စိတ်ကူးထဲပေါ်လာတဲ့ မေးခွန်းတွေကို ချရေးဖြစ်မိပါတယ်
- မိမိဘဝလက်ရှိအခြေအနေကို ကျေနပ်နှစ်သိမ့်မှု့ ရာခိုင်နှုန်း ဘယ်လောက်ရှိနေပါသလဲ။
- မိမိဘဝအခြေအနေတိုးတက်မြင့်မားရန် အဓိက တာဝန်အရှိဆုံးလူဟာ မိမိသာလျှင်ဖြစ်တယ်လို့ ခံယူထားတတ်ပါရဲ့လား။
- ကြိုးစားအားထုပ်မှု့အနည်းငယ်၊ ရင်းနှီးမြုပ်နှံမှု့(အချိန်၊ငွေကြေး)၊ အနည်းငယ်ကံကောင်းထောက်မှု့ အများအပြားရှိမှ့သာလျှင် လိုချင်တဲ့ ဘဝအခြေအနေကို ရယူနိုင်မယ်လို့ခံယူထားပါသလား။
- ဘဝမှာအကောင်းဆုံးတွေလိုချင်ပိုင်ဆိုင်ချင်တယ်ဆိုလျင် မိမိကိုယ်တိုင်လဲ အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းကြိုးပမ်း၊ တည်ဆောက်ရမယ်လို့ ခံယူထားပါသလား။
- မှားမှာကြောက်လို့ ဘာတစ်ခုမှ့မလုပ်ရဲတဲ့သူဟာ အကြီးမှားဆုံးအမှားပြုလုပ်နေတယ်လို့ တွေးမိပါရဲ့လား
- သဘာဝဘေးဒဏ် (ငလျင်၊ မီးတောင်ပေါက်ကွဲ၊ ရာသီဥတုဖောက်ပြန် စသည့်)၊ လူလုပ်ဘေးဒဏ် (စစ်ပွဲ၊ သဘာဝသယံဇာတများလွန်လွန်မင်းမင်းသုံးစွဲမှု့စသည့်) တို့ကြောင့် မြို့တော်ကြီးများ၊ အင်ပါယာကြီးများ အကြိမ်ကြိမ်ပျက်စီးခဲ့ရသော်လည်း မည်သည့်အခါမျှအရှုံးမပေးသည့် လူသားတို့အားမာန်ကြောင့် ယနေ့ခေတ်ကမ္ဘာကြီး လူနေမှု့အဆင့်အတန်းတိုးတက်မြင့်မားနေသည်ကို သတိပြုမိပါရဲ့လား
- "အရာရာဟာ ဖြစ်ပြီးရင် ပျက်မှာပဲ" ဟုပြောတတ်သူတို့ထက် "အဟောင်းပျက်လျင် အသစ်ထွင် ပြုပြင်တည်ဆောက်မည်" ဆိုသူတို့ကို လေးစားအားကျတတ်ပါရဲ့လား။
- အခက်အခဲ၊ ဆင်းရဲဒုက္ခ၊ သောက စသည့် မကောင်းတရား အစုံအလင်သည် ယနေ့ခေတ်အခါ၌သာ ဖြစ်ပေါ်လာသည်မဟုတ် လူ့သမိုင်းအစကတည်းက တည်ရှိခဲ့ကြသော အရာများဖြစ်ကြသည် ဟုတွေးတောဖူးပါသလား။
- မိမိ၏ပျော်ရွှင်မှု့၊ ဝမ်းနည်းမှု၊ ဆင်းရဲချမ်းသာ အဖြာဖြာသည် ချစ်သူ၊ မိဘ၊ အစိုးရ၊ ကောင်းကင်ရှိ နက္ခတ်တာရာ၊ အတိတ်ဘဝတို့အပေါ်၌်သာ တည်မှီနေသည်ဟု ခံယူထားပါသလား။
ဤမေးခွန်းတို့၏ အဖြေကို ရှာဖွေတွေ့ရှိခြင်း၊ လက်တွေ့ လိုက်နာကျင့်ကြံလုပ်ဆောင်ခြင်းဖြင့်သာလျှင် သင့်ဘဝ၏ "အဆင့်ကူးပြောင်းရေး စာမေးပွဲ"ကို ဖြေဆိုအောင်မြင်နိုင်ပေလိမ့်မယ္
SMT 33
MONYWA
You got a 4.02% upvote from @luckyvotes courtesy of @min2thant!