ဟင်းးး!(သက်ပြင်းချသံ)
မင်္ဂလာပါ မိတ်ဆွေရောင်းရင်းတို့။ တို့MSC ညီအစ်ကိုတွေ နိုးထကြလော့လို့ အော်ဟစ်ပြစ်လိုက်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောရရင်အများကြီးပါ။ကြီးကြီးကျယ်ကျယ်တွေလည်းမပြောလိုပါဘူး။ အနာဂတ်အတွက်တွေခဏထားပါဦး။ တစ်ခုဘဲ ကျွန်တော်ပြောချင်တယ်။ ဂုဏ်သိက္ခာဆိုတဲ့စကားလုံးဘဲ ကျွန်တော်ထောက်ပြချင်တယ်။ ဘာကြောင့်လဲမဟော်လို့ မေးတဲ့သူရှိရင်သိပ်ကောင်းမှာဘဲဗျာ။ ပြောချင်တဲ့စကားတွေရင်ထဲအပြည့်။ ဒါပေမယ့်စာရေးသားရတာဆိုတော့ ထိန်းထိန်းသိမ်းသိမ်းလေးရေးနေရတာ။
ကျွန်တော်က မြန်မာဘောလုံးပွဲ ကြည့်ရင်အားပေးတာတောင် သူများထက်ပိုတယ်။နောက်ဆုံး မြန်မာအသင်း တခြားအသင်းတွေကို ကြိုက်သလောက်ရှုံးပါစေ (ထ)အသင်းကိုနိုင်ရင်ကျေနပ်တယ်ဆိုတဲ့ကောင်မျိုး။မျိုးချစ်စိတ်တွေ ဘာတွေ မပြောချင်ပါဘူး။ရင်ထဲရှိတာ ပြောတာ။ မြန်မာနိုင်ငံမှာ steemit လုပ်နေတာ MSC တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်အခုပြောမယ့်စကားတွေဟာ သွေးခွဲစကား ၊ရန်လိုစကားတွေ လုံးဝလုံးဝမဟုတ်ပါကြောင်း ကြိုတင်ပြောပါရစေ။ တို့မြန်မာပြည်ကြီးမှာ steemitလုပ်ကိုင်သူများလေ ကောင်းလေပါ။တော်ရှာတဲ့လူငယ်လေးတွေ တော်ရှာပါတယ်။
ကိုယ့်လမ်းကိုယ်ဖောက်ပြီး လျှောက်နေကြတာ ။တို့ ညီအစ်ကိုတွေက ကားနဲ့ လိုက်ပို့ပါမယ်ဆိုတောင် နေပါဦး မောလို့တဲ့။ကိုရီးယားတွေတော့ လေးစားတယ်ဗျာ။ကိုယ့်ဈေးကွက်ကို ကိုယ့်ဘာသာ ဖန်တီးနိုင်တယ်။တို့ မြန်မာတွေလည်း တစ်ချိန်မှာ ဖြစ်လာလောက်ပါတယ်နော်။အခုက ဘေချိဆိုတာနဲ့အရာလေးနဲ့။ဘာပဲပြောပြောတစ်ချိန်တော့ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့မှာအချိန်ကာလအားဖြင့် အတိုင်းအတာတစ်ခုထိ သက်သေပြနိုင်တဲ့ အဖွဲ့အစည်းပါ။ ဒီအချိန်ထိ အောင်မြင်စွာ ဖြတ်သန်းနေဆဲပါ။ နောက်တစ်ချက် proဆိုတဲ့အခွင့်အရေးရတဲ့ အထူးအဖွဲ့အစည်းပါ။ နောက်တစ်ချက် rpနဲ့ sp မြင့်တဲ့သူအများကြီး ပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းပါ။ နောက်တစ်ချက် member အရေအတွက် အများအပြားပိုင်ဆိုင်ထားတဲ့အဖွဲ့အစည်းပါ။နောက်ပြီးleaderဗျာ။ မြန်မာပြည်မှာ သူလိုလူ တစ်ယောက်ဘဲရှိတယ်။ MSCရဲ့image ဖြစ်လာမယ့် မဂ္ဂဇင်းကလည်း
ကြာခင်လာတော့မှာ။ ကိုင်းဘာလိုသေးလဲဗျာ။တစ်ချို့လူငယ်တွေ ဒီလိုအခွင့်အရေးတွေ မရဘဲနဲ့ ကြိုးစားကြတာ ချီးကျူးဘို့ကောင်းပါတယ်။
crd.org.source
တစ်ခုတော့ ကျွန်တော်ပြောချင်တယ်။ MSC ဂုဏ်သိက္ခာအတွက် memberတိုင်းမှာ တာဝန်ရှိတယ်။လျော့တိလျော့ရဲပုံစံဟာ MSC ရဲ့ image ဖြစ်ခွင့်မပေးနိုင်ဘူး။ ကျွန်တော်ပြောချင်တဲ့ ဂုဏ်သိက္ခာဆိုတာ ထိုထိုဟာမျိုးတွေကိုပြောတာ။အခွင့်အရေးရရင်ထလုပ်မယ် ခံစားခွင့်နည်းရင် နေသာသလိုနေမယ်ဆိုရင်တော့ တစ်ခွန်းတည်းဘဲပြောချင်ပါတယ်။ MSCဟာသလ္လာယံဇရပ်မဟုတ်ဘူးလို့ ။အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်သေးတာကိုလက်ခံပေမယ့်အကြာကြီးတော့ အဆက်အသွယ်မဖြတ်သင့်ဘူး။တကယ်တမ်းပြောရရင် active ဖြစ်ခြင်း မဖြစ်ခြင်း ၊စာရေးခြင်း မရေးခြင်း ကို ကျွန်တော်လုံးဝမပြောချင်တာ။ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်တက်ရောက်ဘို့ ကျောင်းတွေ၊တက္ကသိုလ်တွေ လျှောက်တဲ့အခါမှာ လာပါလာပါလို့ ခေါ်တဲ့ကျောင်းက ဘယ်လိုကျောင်းမျိုးလဲဆိုတာ သင်တို့သိမှာပါ။ တို့ MSC တက္ကသိုလ်က ခါချနေရတယ်လို့ဘဲ ဝိုင်းဆုကို ဆိုခိုင်းလိုက်ချင်စမ်းပါဘိ။ ဒါကြောင့်active ဖြစ်ပါလို့ မပြောချင်တာ။ကျွန်တော်ပြောချင်တဲ့ ဂုဏ်သိက္ခာဆိုတာ ထိုထိုအရာမျိုးတွေပါ။ ခုတော့ ကြမ်းတော့လည်း ကြမ်းလို့တဲ့၊ ဘာမှမပြောဘဲနေတော့လည့် smart card လေးစာရင်းပေးတာတောင် မပေးကြသေးဘူးတဲ့ဗျာ။သီချင်းသာအော်ဆိုလိုက်တော့မယ်။ ကိုင်း ရွာစားရေ တစ်ချက်လောက်----
"ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကြမယ်"----
MSC-228
@mahaw
ဒီလိုပေါ့ ကိုမဟော်ရေ steem ဈေး $4 လောက်အထက်မှာ သာယာဘူးတော့ အခုဈေး ကျလာချိန်မှာ ရေးတဲ့ ဆောင်းပါးနဲ့ ရတဲ့ SBD မတန်တော့ဘူးလို့ တွက်လာကြလို့ပါ။ ဈေးကျလာတဲ့ အတွက် motivation လည်းနည်းလာကြတယ်။ စိတ်အားထက်သန်မှု နည်းလာတော့ ရေးကွက် တွေပျောက်သွားကြတာပါ။ ဈေးတက်လာရင် အလုပ်မအားလွန်းလို့ စာမရေးဖြစ်တာ ၃ လ ရှိပြီး ၄ လ ရှိပြီ ဆိုပြီး မိုးဦးကျ ဖားတွေလို ပြန်ထွက်လာကြပါလိမ့်မယ်။
ကိုဟင်ပြောလိုက်ရင် ကွက်ကွက်ကွင်းကွင်းကို မြင်စေတယ်ဗျာ။ပြောတတ်ပါပေ့။ဘယ်လိုဘဲ ဖြစ် ဖြစ် MSC အောင်မြင်မယ်လို့တော့ ယုံကြည်ပါတယ်။အင်ဂျင်ကြီးတွေက နိုှးရခက်တယ်လေ။ဒါကြောင့်မီးထိုးပေးနေတာ။နိုးပြီဆိုရင်တော့ လာထားဘဲ။ကျွန်တော့်ညီအစ်ကိုတွေကို ယုံပါတယ်။မကြာမှီလာတော့မှာပါ။MSC ရထားကြီး ရှေ့ဆက် ခုတ်မောင်းကြပါစို့။
စယပြန်ရေးပါ့မယ်ချင့်😁
ညီမကိုပြောတာမဟုတ်ပါဘူးဗျာ ။ဘော်ဘော်တွေ သွေးအေးနေလို့ မီးနည်းနည်းထိုးရုံပါ။တို့slကို ပြောစရာလား။
ဘယ်လောက်ပြောချင်နေတယ်ဆိုတာ သိသာစေပါတယ်။ဘာပဲဖြစ်ဖြစ် အတူတူကြိုးစားပြီး တက်ညီလက်ညီ လျောက်လှမ်းချင်တဲ့ စေတနာနဲ့ ပြောတာဖြစ်တဲ့အတွက် ထောက်ခံပါတယ်ဗျာ။
သွေးအေးနေကြတော့ နည်းနည်းလေး မီးထိုးပေးဘို့လိုတယ်လေ။ဒါ ကြောင့် ပါးပါး လေးရေးလိုက်တာပါ။ကျေးဇူးကိုသန့်။
ဖယ်ရှားသင့်တဲ့အချိန်ရောက်လာခဲ့ရင်တော့ ဖယ်ရှားသင့်သူတွေဖယ်ရှားခံရပါလိမ့်မယ် ဖယ်ရှားခံရမယ်ဆိုရင်တော့ ဝမ်းနည်းစရာပါ Smart Card ကိုင်ဆောင်ထားပြီးရင် ပိုပြီးခြားနားလာနိုင်ပါတယ် စိတ်မပါသူတွေချန်ခဲ့ပါ
အဲ့ဒလိုကြလည်း စိတ်မကောင်းစရာ။
အချိန်က အဆုံးအဖြတ် ပေးသွားမှာပါ ကိုမဟော်ရေ ☺
အတူတူကြိုးစားကြတာပေါ့ကိုလွမ်းရာ။
ကျွန်တော်တို့ အဖွဲ့ က ၄ယောက်ပဲပေးသေးတယ်ပြောတယ်ဗျာ အဲ့ဒါသာစဉ်းစားကြည့်ပါတော့အကိုရာ
မအားကြလို့နေ မှာပါ ။ဖြည့်တွေးပေးလိုက်ပါ။တစ်ချို့ကလုပ်ချင်ပေမယ့် ရေကြီးနေတယ်။
မင်းpost ကိုဖတ်ပြီး ကဗျာတစ်ပုဒ်တောင်စပ်ချင်လာပြီ။
လုပ်ပါဦး ဆရာ ရတုတစ်ပုဒ်လောက် ချီး မြှင့်ပါဥိး။
Delegate STEEM POWER and start earning 100% daily payouts
This post has received a 20.12% upvote from @lovejuice thanks to @mahaw. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.
ဒါကတော့ pay it forward curation contest အကြောင်းရေးထားတာပါ ဘရို။
https://steemit.com/steempress/@mmunited/ideasonsteemblockchainpart4-payitforwardcurationcontest-rnxe32pmyd