လေပါတယ်

in #myanmar8 years ago

တစ်ကယ်တော့ လေ...
ဘဝဆိုတာ ကိုယ်​ဖြစ်​ချင်​တာချည်းပဲ ​ရွေးချယ်​ခွင့်​မရှိသလို အဆိုး​တွေလည်း မလာပါ​စေနဲ့လို့
ဆု​တောင်းခွင့်​မရှိ ပါ ဘူး....

မဖြစ်​ချင်​တာ​တွေဖြစ်​လာတဲ့အခါ ခံနိုင်​ရည်​ရှိဖို့နဲ့. ဖြစ်​လာသမျှကို ရင်​ဆိုင်​​ဖြေရှင်းနိုင်​ ရပါ မယ်​.....

လှံထမ်းလာတာ မြင်​ရတယ်​ ကံထမ်းလာတာမမြင်​ရ"ဆိုတဲ့အတိုင်း လူတစ်​​ယောက်​ ဟာ အမြဲတမ်း ကံမ​ကောင်းနိုင်​သလို အမြဲတမ်းလည်း ကံမဆိုးနိုင်​ပါဘူး......

အဆိုး​တွေဆက်​တိုက်​ ကြုံလာရတဲ့အခါ "ငါမှ ဖြစ်​ရတယ်..
ငါ ကိုက ကံဆိုးလိုက်​တာ"လို့ ညည်းညူ ​နေမဲ့အစား..
ဆိုး​နေတဲ့ ကံကို ဘယ်​လို​ကောင်း​အောင်​ပြင်​ရမလဲဆိုတာ နည်းလမ်းရှာ​ ရပါမယ်..

ဘဝဆိုတာ ပင်​လယ်​ထဲက လှိုင်းလုံးလိုပဲမြင်​ချီတစ်​ခါ နိမ့့်​ချည်​တစ်​လှည့်​နဲ့ အတက်​အကျမမှန်​ပါဘူး..
ဘဝဆိုတဲ့ လှိုင်းကြမ်း​တွေ​ကြောင့်​ ကမ်းနဲ့ ​ဝေးကွာရမဲ့အဖြစ်​ထက်​ တစ်​​နေ့​နေ့မှာ ကမ်းကို ​ရောက်​ရမယ်​ဆိုတဲ့ အ​တွေးနဲ့
ကိုယ်​ဖြစ်​ချင်​တာ ဖြစ်​ခွင့်​ရဖို့ ကိုယ့်​ရည်​မှန်းချက်​မ​ပျောက်​ဖို့က ကိုယ့်​အ​ပေါ်မှာပဲ အဓိက ကျလှတယ်​..

တစ်​ချို့​တွေက ​လှေ​လှော်​ရင်း တက်​ကျိုးသလိုမျိုး.
ဘဝကို​ရေစုန်​​မျှော ပစ်​လိုက်​ကြတာ နှ​မြောဖို့​ကောင်းလွန်းတယ်​..
တစ်​ချို့​တွေ ​တော်​​နေရက်​နဲ့ တလွဲ​ချော်​ထွက်​သွားကြတာ.
လမ်းမှား ​ရွေးချယ်​သွားကြတာ​တွေက ရင်​နာဖို့​ကောင်းတယ်​..

ကိုယ့်​ဘဝအတွက်​မှန်​ကန်​တဲ့လမ်း​ပေါ် ​ရွေးချယ်​​လျှောက်​နိုင်​ဖို့ ဆန္ဒပြုရင်း...

 အဆင်မပြေတာတွေကို ရင်ဖွင့်မနေပါနဲ့။ သူ့မှာလည်း ကိုယ့်လိုပဲ ဒုက္ခတွေနဲ့မို့ပါ။ ကိုယ့်ဒုက္ခက မိုးလောက်မြင့်သလို သူ့ဒုက္ခကလည်း ပင်လယ်လောက် နက်ရှိုင်းပါတယ်။ ကိုယ့်ဆန်အိုးထဲ ဆန်မရှိဘူး။ အဲ……သူ့ဟင်းအိုးမှာလည်း ဆီမရှိဘူး။ ထုတ်မပြောဖြစ်တဲ့ ရင်ထဲက သောကတွေမှာ တူညီသူအချင်းချင်း ဖေးမရိုင်းပင်းပါ။

 သူ ငါ့ကိုမေ့နေပြီလို့ ထင်တတ်ကြပါတယ်။ အမှန်က ဧည့်ဝတ်မကျေမှာစိုးတာကြောင့် ခပ်ခွါခွါလေး နေနေတာပါ။ ကိုယ့်အနားကို မကပ်ချင်ဘူးဆိုတာထက် ကိုယ့်ဆီကို အပူတွေ ကူးမှာစိုးတာကြောင့် အဝေးကနေ အားပေးနေကြတာပါ။ သူလည်း ကိုယ့်လိုပဲ အားတင်းလျှောက်ပြီး မချိတင်ကဲ ပြုံးနေရတာဖြစ်ကြောင်း စာနာနားလည်ပေးပါ။

 ကိုယ့်မှာ သောကရှိပေမယ့် သူ့ကို အားပေးဖို့လည်း သတိရပါ။ သံသရာမှာ အားလုံးက ဘဝရောဂါသည်တွေ။ အချင်းချင်း စည်းလုံးပါမှ အဆိုးလောကဓံတွေကို ခံနိုင်ရည်ရှိမှာလေ။ အမှတ်မထင် ဘယ်သူကစပြီး ရင်ဖွင့်မိသည်ဖြစ်စေ စိတ်ဝင်တစား နားထောင်ပါ။ ဒါက သူ့ကို ကိုယ်ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တွေထဲက တစ်ခုပါ။

 ကိုယ့်ပျော်ရွှင်မှုကို မျှဝေပါ။ သူ့ပျော်ရွှင်မှုကို ကြည်နူးပါ။ ဘဝဟာ နိစ္စဒူဝကိစ္စတွေနဲ့ နပန်းလုံးနေရတာဖြစ်တဲ့အတွက် ပျော်ရွှင်စရာ နည်းပါးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံချိန်မှာ ဘာမဟုတ်တဲ့ အဆင်မပြေမှုတွေကို ဖလှယ်ရင်း စိတ်ညစ်ညူးစွာ ဖြတ်သန်းရတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။

 ကိုယ့်ကိုယ်ကို တန်ဘိုးထားပါ။ ကိုယ့်မိသားစုကို တန်ဘိုးထားပါ။ ကိုယ့်ပတ်ဝန်းကျင်ကို တန်ဘိုးထားပါ။ ကိုယ့်မိတ်ဆွေတွေကို တန်ဘိုးထားပါ။ လောကကြီးကို တန်ဘိုးထားပါ။ အားလုံးက တစ်ချိန်မဟုတ်တစ်ချိန် ကိုယ့်အတွက် အရေးပါသူတွေ ဖြစ်လာပါလိမ့်မယ်။ နောက်ဆုံး ကိုယ်မုန်းနေတဲ့သူကလည်း ကိုယ့်ကိုသင်္ခန်းစာတွေ ပေးနေသူဖြစ်တာကို နားလည်ပေးပါ။

 လူ့ဘဝ တစ်ခဏတာအချိန်လေးမှာ တစ်ဦးနဲ့တစ်ဦး ဘာမှမပေးနိုင်ရင်တောင် နားလည်မှုတော့ ပေးနိုင်ပါစေ။ မတော်တဆ ကိုယ်က ပြုမိတဲ့အမှားကို ဝန်ခံပါ။ သူပြုမိတဲ့ အမှားကိုလည်း ခွင့်လွှတ်ကျေအေးပါ။ အချစ်ကို မပေးနိုင်လည်း အမုန်းတော့ မယူမိပါစေနဲ့။ သူလည်း ဒုက္ခသည်၊ ကိုယ်လည်း ဒုက္ခသည် ဒုက္ခသည်အချင်းချင်း မာန်တင်းနေတာဟာ ထပ်ဆောင်းဒုက္ခကို ထပ်ရှာတာပါပဲ။

 နောင်နှစ်ပေါင်း(၃၀)အတွင်း သူရောကိုယ်ပါ ပျောက်ကွယ်သွားရမယ့် အငွေ့အသက်လေးတွေပါ။ ဒီကမ္ဘာမြေမှာ ကံတရားကလွဲရင် ကျန်တာမှန်သမျှ ယာယီပိုင်ဆိုင်မှုပါ။ ကံဆီကနေ ငှါးတယ်။ ပြီးတော့ ကံတရားထံ ပြန်လည်အပ်နှံရတယ်။ ကိုယ်မပိုင်တဲ့ အရာတွေကို အကြောင်းပြုပြီး မာနတွေ အတ္တတွေ ပွားနေတာဟာ သူများဓားကို ခိုးပြီး ကိုယ့်ကိုယ်ကို ပြန်ထိုးတာနဲ့ အတူတူပါပဲ။

 ဘဝဟာ မွေးဖွားခြင်းက စပြီး သေဆုံးခြင်းမှာ ဆုံးတယ်။ ကြားကာလမှာ အားလုံး ရုန်းကန်ကြရတယ်။ လောကဓံ(၈)ပါးကို ကြုံရတယ်။ သုခ,ဒုက္ခကို ဆုံရတယ်။ မရှိခြင်းကနေ ရှိခြင်းကို ဖန်တီး၊ ပြီးတော့ မရှိခြင်းဆီ ပြန်သွားရမယ့် ခရီးမှာ သူသူငါငါ ပြိုင်မနေဘဲ နားလည်ပေးတတ်တဲ့စိတ်နဲ့ အနိုင်ပေးလိုက်ပါ။ တကယ်တော့ သူလည်း မနိုင်၊ ကိုယ်လည်း မရှုံး၊ နိဂုံးလှရင် အားလုံးကျေပါတယ်။

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.074
BTC 63337.80
ETH 1663.24
USDT 1.00
SBD 0.41