အလင်းမဲ့ကျိန်စာ (၄)

in #myanmar8 years ago (edited)

image
အလင်းမဲ့တိုင်းပြည်ကြီးရဲ့ဆယ်မိုင်ကျော်တွင်ရှိသော နိဘိဇတောင်တန်းမြင့်ကြီးပေါ်တွင် ဆံပင် ၊ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးများ ဆွတ်ဆွတ်ဖြူနေသော အဘိုးကြီးတစ်ယောက်ထိုင်နေလေသည်။ ထိုအဘိုးကြီး၏ရှေးတွင် အကျီမရှိ ဘောင်းဘီတစ်ခုတည်းသာ ၀တ်ဆင်ထားသော ကောင်လေးတစ်ယောက်သည် တုတ်သိုင်းလေ့ကျင့်နေလေသည်။ သူ၏တုတ်တိုင်းမှာ သူများတွေလို မြင်ဆန်ခြင်းမရှိဘဲ နှေးကွေးပြီး တစ်ရိပ်တစ်ရိပ်ချင်းစီ ဖြစ်နေလေသည်။ သေသေချာချာကြည့်ပါက ကောင်လေးရဲ့ပတ်ဝန်းကျင်တွင် တုတ်ရဲ့လွှဲလိုက်သော အင်အားစုသည် ပတ်ဝန်းကျင်သို့ ပြန့်လျက်ရှိပေသည်။ အဓိကတုတ်သိုင်းရဲ့ဝန်းကျင်သည် စွမ်းအင်စက်ဝိုင်းလည်နေသကဲ့သို့ ဖြစ်ချေသည်။

" မောရိယ မင်းရဲ့ တုတ်မှာ စုစည်းနေတဲ့ ဖိုဓာတ် ၊ မဓာတ်က အရမ်းကို ပြင်းထန်လွန်းနေတယ်။ တကယ်က ဖိုဓာတ်ပြင်းရင် မဓာတ်ကို လျော့ပြီး ကိုင်တွယ်ရမည်။ မင်းလုပ်နေတဲ့ ပညာက သိုင်းလည်းမဟုတ်ဘူး ဘာမှမဟုတ်ဘူး မင်းဘာမှ မဟုတ်တဲ့ အရာတွေကို လေ့ကျင့်နေတာ " အဘိုးကြီးက မျက်လုံးမှိတ်ပြီး ပြောနေလေသည်။ ထိုအချိန်တွင် အဝေးကနေ ငှက်သံတစ်စုံကြားလိုက်ရလေတော့တယ်။

" ဂီး ဂီး........"

ငှက်သည် အဘိုးကြီးရဲ့ပုခုံးပေါ်တွင် နားလိုက်လေသည်။ ထိုငှက်သည် မျက်လုံးစူးရှသော လင်းယုန်ငှက်တစ်ကောင်ဖြစ်ပီး ခြေထောက်တွင် စာတစ်စောင်ပါရှိလေသည်။ ထိုစာကို အဘိုးကြီးကို ယူလိုက်ပြီး ငှက်ကို ပြန်လွှတ်လိုက်လေသည်။ စာကိုဖွင့်ဖတ်လိုက်ပြီးချိန်တွင် အဘိုးကြီးရဲ့ မျက်လုံးများထဲမှ အလင်းတန်း တချက်ဖြတ်သန်းသွားပီး

" မောရိယ အခုချက်ချင်း တိုင်းပြည်ကို ခရီးထွက်ဖို့လုပ်တော့ နရဏီမင်းသားလေး နောက်ဆုံးပန်းသီးရတော့မည်။ အဲ့ဒါကြောင့် မင်းက မင်းသားလေးရဲ့ခရီးစဉ်ကို လိုက်ပါရလိမ့်မယ် "

" ဟုတ်ကဲ့ ဆရာကြီး အခုပဲ ပြင်ဆင်လိုက်ပါ့မယ် "

မောရိယလည်း အဘိုးကြီးရဲ့စကားအတိုင်းပင် ပြေးထွက်သွားပြီး ဂူထဲဝင်သွားလေသည်။ အတွင်းတွင် မီးတိုင်များ ထွန်းညှိလိုက်လေသည်။ ထို့နောက် အိတ်တစ်လုံးတွင်းသို့ ဗူးခါးခြောက်တစ်လုံးထည့်လိုက်ပီး အိတ်ကိုလွယ်လိုက်လေသည်။ ထို့နောက် ဂူအပြင်ကို ထွက်လိုက်ပြီး ဂူအ၀ရောက်သောအခါ ဂူတွင်းသို့ ကြည့်ကာ အသံတစ်သံဖြင့် အော်လိုက်လေသည်။

" ဟေး......ဟေ့....ဟေး....." (အသံမှာ ဟေးလည်းမဟုတ် ဟေ့လည်းမဟုတ် ဟေလည်းမဟုတ်ဘဲ အဲ့ဒီကြားထဲက မြင့်သံ နိမ့်သံဖြစ်ပေသည်။ ထိုအသံကို စာဖြင့်ရေးဖွဲ့ကာမရချေ...။)

အတွင်းတွင်ရှိသော မီးတိုင်များအားလုံး ငြိမ်းသွားပီး ဂူကြီးတစ်ခုလုံး အမှောင်ကျသွားလေသည်။ ထို့နောက် မောရိယလည်း ဂူကနေ အပေါ်ကို ပြန်တက်လာပြီး အဘိုးကြီးဆီ သွားလိုက်လေသည်။ အဘိုးကြီးသည် တောင်ပေါ်တွင် ရပ်နေသည်။ လေတစ်ဟူးဟူးတိုက်နေခြင်းကြောင့် ဆံပင် နှင့် မုတ်ဆိတ်မွှေးများသည် လေခေါ်ဆောင်ရာအရပ်သို့ လွှင့်နေသည်။ ၀တ်ဆင်ထားသော အ၀တ်ဖြူသည်လည်း တစ်ဖတ်ဖတ်ဖြင့် လွှင့်လူးနေချေသည်။ အဘိုးကြီးလည်း အပေါ်ကို တက်လာသော မောရိယ ဆိုသော ကောင်လေးကို ကြည့်နေရင်း အတွေးစိတ်ပေါ်လာလေသည်။ ထိုအတွေးစိတ်မှာမောရိယ ဆိုသော ကောင်လေးရဲ့ ငယ်ရွယ်သော အချိန်ကာလတစ်ချို့ဖြစ်ပေသည်။


အလင်းမဲ့တိုင်းပြည်ကြီးတွင် နရဏီမင်းသားလေးတစ်ပါး ဖွားမြင်သဖြင့် တစ်တိုင်းပြည်လုံး ပျော်ရွှင်နေကြပေသည်။ ထိုပျော်ရွှင်သူများကလည်း တတိုင်းပြည်လုံး ပျော်ပွဲရွှင်ပွဲများ ပြုလုပ်သဖြင့် ပွဲတော်ကြီးတစ်ခုသည်လည်း မင်းသားလေး ဖွားမြင်သည့်နေ့ကနေ ဆယ်ရက်ခန့်အထိတောင် ရှိချေသည်။ မင်းသားလေးဖွားမြင်ပြီး (၇)ရက်မြောက်နေ့တွင် တိုင်းပြည်ရဲ့မြို့စွန်တွင်ရှိသော သူဌေးကြီး မာဋ္ဌ ရဲ့ ကြင်ယာတော် ခူခိုင်ဒေ၀ီတွင် ကလေးလေးတစ်ယောက် ဖွားမြင်ခဲ့ချေသည်။ ထိုကလေးဖွားမြင်သောအခါ ကောင်းကင်ကြီးနေ၀န်းကြီးသည် ထူးထူးခြားခြား ပူပြင်းလာသဖြင့် အဲ့ဒီနေ့ မည်သူမှ အပြင်မထွက်နိုင်ချေ။ ထိုသို့သော အခြင်းအရာကြောင့် သူဌေးကြီးသည် ကလေးကို သူရိယ ဟု အမည်တပ်ခဲ့လိုက်လေသည်။ မောရိယသခင်လေးသည် မွေးဖွားလာကတည်းက သူတစ်ပါးကလေးတွေလို ငိုခြင်း ရယ်ခြင်းမရှိသော ကလေးလေး ဖြစ်လေသည်။ ထို့ကြောင့် ကလေးသည် နေမကောင်းဖြစ်နေခြင်းလားဆိုပီး သူဌေးကြီးသည် စိုးရိမ်သောကြောင့် ထိုနေရာရဲ့မြောက်စွန်းစွန်းတွင်ရှိသော ရေကန်ကြီးအနီးတွင် နေထိုင်သော ဆေးနတ်သမားတော်ကြီး သဂ္ဂရာဇာ ဆီသို့ ထွက်ခွာလာလေသည်။

" သမားတော်ကြီးခင်ဗျာ ကျွန်တော့်ရဲ့ သားတော်လေးက မွေးကတည်းက မရယ် မပြုံးတော်မူနေပါတယ် ဆရာကြီး အဲ့ဒါ ကလေး ဘာဖြစ်တာလဲဆိုတာ စမ်းသပ်ပြောပြပေးတော်မူပါ။ ကျွန်တော့်သားလေး အသက်အန္တရာယ်များ ရှိနိုင်လား သိပါရစေ "

" သူဌေးကြီးက အစိုးရိမ်လွန်တာကိုး သခင်လေး မောရိယက ဘာမှမဖြစ်ပါဘူး ကျန်းမာပါတယ်။ သခင်လေးရဲ့ရှေးဘုန်းကံတရားကြောင့် သခင်လေးက မွေးကတည်းက ဥာဏ်ထူးရလာတဲ့သူတစ်ယောက်ဖြစ်တယ်။ အဲ့ဒါကြောင့် သူလည်း တရားဖြင့်အေးချမ်းနေခြင်းသာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် စိုးရိမ်တော်မမူပါနဲ့။ "

'' သမားတော်ကြီးရဲ့စကားကို ကျွန်တော် အမှန်ယူလိုက်မယ်နော် သမားတော်ကြီး "

သူဌေးကြီးလည်း ဆေးသမားတော်ကြီးရဲ့တဲတစ်ခုရဲ့အရှေ့တွင်ရှိသော ကွပ်ပျစ်တွင် ထိုင်လိုက်ပြီး သမားတော်ကြီးချထားသော ရေနွေးကြမ်းကို သောက်လိုက်လေသည်။ ရေနွေးကြမ်းမှာလည်း ဆေးသမားတော်ကြီးဆိုသည့်အတိုင်း ဆေးလက်ဖက်ရည်ဖြစ်ပီးတော့ တစ်ငုံသောက်လိုက်တိုင်း ခန္ဓာကိုယ်အတွင်းမှ နဒီလှိုင်းများ တုန်ခါသွားချေသည်။ ထိုနဒီလှိုင်းများရဲ့အဟုန်သည် ခန္ဓာကိုယ်ရဲ့အပြင်ဘက်သို့ ထွက်ခွာသဖြင့် ခန္ဓာကိုယ်တွင် ပိတ်နေသော အရာအားလုံး ပွင့်သွားလေတော့သည်။ ထိုသို့ ပွင့်ရာတွင်လည်း အကြံဥာဏ်များလည်း ပါဝင်လေသည်။

" သမားတော်ကြီးရဲ့ဆေးလက်ဖက်ရည်က အရမ်းသောက်လို့ကောင်းတာပဲ။ တစ်ငုံသောက်တိုင်း တစ်ငုံသောက်တိုင်း အားအင်တွေ ပြည့်ဖြိုးသွားသလိုပါပဲ။ "

ဘေးနားတွင်ရှိသော မောရိယလေးမှာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ သို့သော် သမားတော်ကြီးသည် ထိုင်ရာကနေ ထလာပြီး သူရိယလေးရဲ့နဖူးကို ကိုင်လိုက်လေသည်။ နဖူးကလေ ထွက်လာသော သူရိယနဒီလှိုင်းသည် သမားတော်ကြီးရဲ့လက်ဝါးကို ရိုက်ခတ်လေသည်။ ထိုရိုက်ခတ်မှုကို သမားတော်ကြီးသည် အလိုလိုသိမြင်သွားပြီး သူဌေးကြီးအား စကားတစ်ခွန်းပြောလိုက်လေသည်။

" သူဌေးကြီးရဲ့သားတော်က ပြင်းထန်တဲ့သဘာဝစွမ်းအားကို ရရှိထားတယ်။ ဒါကြောင့်မို့ ဒီသဘာဝစွမ်းအားက မထိန်းချုပ်နိုင်ရင်တော့ သူအတွက် ဆိုးကျိုးတွေ ဖြစ်လိမ့်မယ် အဲ့ဒီအားတွေက သူပေါ်မှာ အများကြီးသက်ရောက်မှုရှိနေတယ်။ ဒါကြောင့်မို့ သားတော်လေး အသက်ငါးနှစ်သားမှာ ကျွန်ုပ် ဒီကလေးကို သူ့စွမ်းအားတွေကို ထိန်းချုပ်နိုင်ဖို့အတွက် သင်ကြားပေးမယ် မာဋ္ဌ "

သူဌေးကြီးသည် စိတ်ထဲတွင် တွေဝေသွားလေသည်။ သို့သော်လည်း သူဌေးကြီးကို ငယ်စဉ်ကတည်းက ပညာတွေ သင်ကြားပေးခဲ့တာလည်း သမားတော်သဂ္ဂရာဇာပင် ဖြစ်တာကြောင့် ဆရာသခင်ရဲ့စကားကိုလည်း မပယ်ရှားချင်တာရယ် သားတော်လေးရဲ့ အနာဂတ်ကိုလည်း ကြည့်ရအုန်းမယ်ဆိုတာရယ်ကြောင့် သမားတော်ကြီး ပြောကြားချက်ကို လက်ခံသဘောတူလိုက်လေသည်။ သူဌေးကြီးလည်း သမားတော်ကြီးအား နှုတ်ဆက်ပြီး ရထားလုံးပေါ်တက်ကာ မြို့ကို ပြန်လည်ထွက်ခွာသွားလေသည်။

" အာစလာ ဘရာဒင် ဒါရိုစထျာ ခလင်ဆိုနီရာ
မာချရာ သက္ကရီနာ မွန်းကရို့
ဗီဗိုက်ကယ်ဆိုရာ ဘာလို့
အာချက်ကာ ရာဇီးနား " ဆိုတဲ့ မန္တန်နဲ့ပတ်သက်ပြီး မေးထားတာရှိလို့ပါ။ ဘာမန္တန်လဲဆိုပြီ မန့်တွေမှာ တွေ့ရပါတယ်။ ဒီမန္တန်ရဲ့အဓိပ္ပာယ်ကတော့ အကြောင်းအရာတစ်ခုကို ညွှန်းဆိုတာပါ။ ဒါက ရှေးဟောင်းခိုင်ဒါမှင်စာစကားတစ်မျိုးပါ။ ထိုခိုင်ဒါမျိုးနွယ်စုသည် တစ်နေရာမှ တစ်နေရာသို့ ချက်ချင်းအရောက်သွားနိုင်တဲ့စွမ်းအင်လည်း ပိုင်ဆိုင်ပြီး သတင်းစကားများကိုလည်း ချက်ချင်းရောက်အောင်လုပ်ပေးနိုင်သဖြင့် သတင်းစကားပို့မှင်စာအဖြစ် မှော်ပညာလောကတွင် အသိများပါသည်။ ထိုဓာတ်ဖန်လုံးသည် ထိုမှင်စာတစ်ကောင်၏သေဆုံးရာသဲသောင်ပြင်မှ သဲဖြင့် ပြဲလုပ်ထားသော ဖန်ဓာတ်လုံးဖြစ်ပြီးတော့ ဂါထာ၏ အဓိပ္ပာယ်မှာ ထိုမှင်စာ၏အတွင်းဝိညာဉ်အားကို အသုံးပြုကာ ကြည့်လိုသောနေရာကို ကြည့်သည့်အခါ အသုံးပြုပါသည်။ တစ်ခါသုံးတိုင်း သွေးတစ်စက်ချပေးရပါတယ်။ မန္တန်၏အဓိပ္ပာယ်မှာ

" မိုးသားမြေပြင်အဆုံးထိတိုင်ပါစေကွယ်
မြင်မြင်သမျှ အနီးဆုံးဖြစ်စေရော့လဟယ်
ဘယ်လောက်ဝေးဝေး မြင်ရမယ်
ဒါက ငါ့အမိန့် စေအာဏာဖြစ်တယ် "

@လင်းညို့တာရာ
@linnhyotaryar
MSC - 226
(အပိုင်းငါးစောင့်မျှော်ကြပါအုန်းလို့)

အပိုင်းတစ်ဖတ်ရန် - https://steemit.com/myanmar/@linnhyotaryar/alngmundefinednsa-1-dfb422788ad5c

အပိုင်းနှစ်ဖတ်ရန် - https://steemit.com/myanmar/@linnhyotaryar/alngmeundefinednsa-2-07d7de12f3d07

အပိုင်းသုံးဖတ်ရန် -
https://steemit.com/myanmar/@linnhyotaryar/alngmundefinednsa-3-ebcbf47cde08c

Sort:  

ဇာတ်​ရှိန်​တက်​လာပြီဗျို့
မျှော်​ပြီ​လေ ...

ဟုတ်ကဲ့ Brother ရေ

ပြီးပြီလား စာရေးဆရာ

မပြီးသေးဘူး ကျန်သေး

မင်းသားနှစ်ယောက်တွေ့ကြတော့မှာပေါ့။
ဒါနဲ့ မင်းသားလေးသူရိယက အပေါ်မှာရေးထားတာ မောရိယ ဖြစ်နေတယ်။

ပြင်လိုက်ပြီဗျ ကျေးကျေး

အဲ့မန္တန် ဖတ်လိုက်တာနဲ့ sbd တွေ ဝေါကနဲ တက်လာရင် ကောင်းမှာ

HEEE ကျေးဇူး

" မိုးသားမြေပြင်အဆုံးထိတိုင်ပါစေကွယ်
မြင်မြင်သမျှ အနီးဆုံးဖြစ်စေရော့လဟယ်
ဘယ်လောက်ဝေးဝေး မြင်ရမယ်
ဒါက ငါ့အမိန့် စေအာဏာဖြစ်တယ် "
ဂါထာလေးအကြောင်းသိရတာကျေးဇူးပါအစ်ကိုရေ အားပေးနေပါတယ်ဗျာ။

ဟုတ်ကဲ့ဗျာ မေးထားကြလို့ ဖြေပေးလိုက်တာ

အပိုင်း၅​မျော်​​နေမယ်​fri

ဟုတ်ကဲ့ မျှော်ပေးပါအုန်း

မြင်မြင်သမျှSBD တွေ ငါ့ဟာ ဖြစ်စေတော့ လဟယ် အပိုင်းဆက်လေးမှာ ဆက်လက်အားပေးပါဦးမယ်

သောက်ကျိုးနည်း ဂါထာတွေ ဖျက်ဆီးနေပီ ငိငိ

အရမ်းကောင်းပါတယ်အကို

အပိုင်း၅​စောင့်​ပါတဲ့ စုစုရဲ့

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.103
BTC 63234.18
ETH 1879.25
USDT 1.00
SBD 0.37