တွင်းမအင်းသို့ အလည်တစ်ခေါက်

in #myanmar7 years ago (edited)

1514144067901.jpg

မယ်​ကြည်​ ဟိုတစ်​​နေ့ကသွားခဲ့တဲ့ မြန်​မာနိုင်​ငံအလယ်​ပိုင်းရဲ့ အို​အေစစ်​လို့ တင်​စားလို့ရတဲ့ တွင်းမအင်း အ​ကြောင်း မယ်​ကြည့် သူငယ်​ချင်း​တွေကို ​ပြောပြချင်​ပါတယ်​..။တွင်းမအင်းဟာ ဆိုလို့ရှိရင်​ မုံရွာမြို့ရဲ့ အ​နောက်မြောက်​ဘက်​ မုံရွာ ယာကြီး က​လေး လမ်းမ​ပေါ်က​နေ လမ်းခွဲသွားရပြီး မုံရွာက​နေ မိုင်​ ၂၀ခန့်​သာ ကွာ​ဝေးပါတယ်​..။

Screenshot_2017-12-25-01-14-32-543_com.google.earth.png

တွင်းမအင်းဖြစ်လာပုံက လွန်​ခဲ့တဲ့ နှစ်​ သန်း​ပေါင်းများစွာက မီး​တောင်​ အထပ်​ထပ်​ ​ပေါက်​ကွဲခဲ့ပီး ​မြေပြင်​သည် ​ချော်​ပြာ အထပ်​ထပ်​ က​နေ မြင့်​တက်​လာခဲ့ရာကနေ သဘာဝအတိုင်း ချိုင့်​ဝှမ်းကြီးဖြစ်​လာပီး ​စိမ်းပြာအိုင်​ကြီး ဖြစ်​လာခဲ့တာ ဖြစ်​ပါတယ်​..။

IMG_20171223_101746.jpg

အိုင်​ကြီး ​ဘေးပတ်​ပတ်​လည်​မာ အုန်းပင်​​တွေနဲ့ ခြံရံထားတာ မြင်​​တွေ့ခဲ့ရပါတယ်​..။

IMG_20171223_120910.jpg

အင်းထဲက ​ရေက​တော့ ​သောက်​လို့မရပါဘူး။မယ်​ကြည်​တို့ မြန်​မာနိုင်​ငံရဲ့ စိမ်းပြာ​ရေညှိထွက်​တဲ့ ​နေရာတစ်​ခုလဲ ဖြစ်​ပါတယ်​..။ ကနီနယ်​ထဲက ယခု တွင်းမအင်း ၊ ​တောင်​​ပျောက်​အင်း ၊ ၂အင်း ဟာ ဆိုလို့ ရှိရင်​ ဆေးဖက်ဝင် စပီရူလိုင်းနားရေညှိ ထုတ်​လုပ်လို့ရတဲ့အင်းတွေုဖြစ်ပြီး ​ဘုတလင်မြို့ နားက တွင်း​တောင်​ ဟာ ဆိုလို့ရှိရင်​ အကြီးဆုံးဖြစ်ပါတယ်..။

FB_IMG_1514144635455.jpg

စပီရူလိုင်းနားကို ကမ္ဘာ့နိုင်​ငံတိုင်း မထွက်​ပါဘူး..။ရှားပါးထွက်​ကုန်​ တစ်​ခု ဖြစ်​ပါတယ်​..။စပီရူလိုင်းနားထွက်သော နိုင်​ငံ၆နိုင်ငံသာရှိပီး မြန်​မာနိုင်​ငံမှလဲ စပီရူလိုင်းနားထွက်ရှိပါတယ်​..။

FB_IMG_1514145070805.jpg

    တွင်းမအင်း  ​ရောက်​ဖို့ ကားနှင့်​သွားမည်ဆိုလျှင်​ ၁နာရီခန့်သာ ​မောင်းရပါတယ်​..။

ကလေးလမ်းမကြီးပေါ်ကနေ လမ်းညာဘက်​ ချိုး​ကွေ့ပြီး ​ခေတ္တ ​မောင်းနှင်​ပြီးလျှင်​ ချိုင့်​ဝှမ်းကြီးထဲက အံ့သြဖွယ်​ရာ သာယာလှပတဲ့ အင်းကြီးကို အရင်​ လှမ်းမြင်​​တွေ့ရမာ ဖြစ်​ပါတယ်​..။အပေါ်စီးမ လှမ်းမြင်ရသော တွင်းမအင်းသည် သဘာဝ ပန်းချီကားတစ်ချပ်အလား အလွန်ပင် လှပလှပါသည်။

IMG_20171223_132243.jpg

လမ်းအတိုင်း တ​ဖြေး​ဖြေး ဆင်းသွားရင်​​တော့ ​ရေစိမ်းပြာရောင်တွေနဲ့ အင်းကြီးကို ​တွေ့ရပီဖြစ်​ပါတယ်​..။ မယ်​ကြည်​တို့ သွားကြတဲ့ခရီးမာ ရွာခံသူတစ်​​ယောက်​ပါပါတယ်​..။IMG_20171223_101758.jpg
အင်းထဲတွင်​ လှည့်​လည်​ပီး စက်​​လှေစီးလို့ ရပါ​သေးသည်​..။အုန်းပင်​​ပေါသည့်​ အရပ်​​ဒေသမလို့ အုန်းစိမ်း​ရေ ချိုမြမြလေးလဲ ​သောက်​ခဲ့ရပါတယ်​..။

FB_IMG_1514141693193.jpg

ရေစပ်​မာ ဆိုင်​​လေး​တွေလဲ ရှိပါတယ်​.. ။ရေစပ်​မာ မယ်​ကြည်​နှင့်​ ညီမတစ်​​တွေ ဓာက်​ပုံရိုက်​ကြပီး အင်းထဲ စက်​​လှေ ပတ်​စီးကြပါ​တော့တယ်​..။

IMG_20171223_102831.jpg

ပီး​တော့ တွင်းမရွာထဲက မယ်​ကြည့်​ ညီမ​လေး အိမ်​မာ ထမင်းစားကြပါတယ်​..။အံ့သြစရာတစ်​ခုက ​ရေချိုတွင်း​တွေဟာ အင်းအစပ်​မာပဲရှိ​နေတာပါ ​ရေတွင်းထဲ ကျောက်​​ခွေ ၃​ခွေ ​လောက်​ ချယုံနှင့်​ ​ရေချိုထွက်​တယ်​လို့ သိခဲ့ ရပါတယ်​..။အင်းထဲက ​ရေဟာ ​သောက်​လို့မရ​ပေမဲ့ အင်းအစပ်​က ​ရေချိုထွက်​ပါတယ်​..။ဧည့်ဝတ် ​ကျေပွန်​လှတဲ့ ညီမ​လေးအိမ်​မာ ထမင်းစားကြပီး မယ်​ကြည်​ တို့တ​တွေ ကားဆီသို့ ပြန်​ခဲ့ကြပါတယ်​..။အသွား စက်​​လှေစီးပီး အပြန်​မာ ရွာထဲက​နေဖြတ်ပီး ပြန်​ခဲ့ပါတယ်..။မြေသြဇာ​ကောင်းလှတဲ့ ရွာ​လေးဖြစ်​ပီး အိမ်​တိုင်း အုန်းခြံ ၊ ကွမ်းခြံ၊ ငှင်​​ပျောခြံနှင့်​ တခြား သီးနှံများ စိုက်​ပျိုးကြတာ မြင်​ခဲ့ရပါတယ်​..။

IMG_20171223_122800.jpg

အိမ်​​ခြေ ၄၀​ကျော်​​လောက်​သာ ကျန်​ရှိပြီး အ​တော်​များများ အ​ပေါ်ကို ​ရွှေ့သွားကြပီ ဖြစ်​သည်​..။ဒေသထွက် တွင်းပိုး​ကြော်​ဟာဖြင့်​ မိုးတွင်းမှ ရရှိသဖြင့်​ မမြည်းခဲ့ရ​ပေ..။

IMG_20171223_100708.jpg

  စပီရူလိုင်းနား ထုတ်​​နေတဲ့ အမှတ်​ ၃

ဆေးဝါးစက်​ရုံ ကိုလဲ ​တွေ့ခဲ့ရပါတယ်​..။ဂေဟစနစ် မပျက်​စီး​စေရန်​နှင့်​ အင်း သန့်​ရှင်း​စေဖို့တွက်​ ရွာကို ​ရွှေ့​ပြောင်းဖို့ လုပ်​​နေ​ကြောင်း သိခဲ့ရပါတယ်​..။
ကားဆီ​ရောက်​မ တ​အောင့်​နားပြီး မယ်​ကြည်​တို့ ​တောင်​​ပျောက်​အင်းဘက် ဆက်​လက်​ထွက်​ခဲ့ပါတယ်​..။ချိုင့်အပေါ်ပြန်တက်ပြီး လယ်​ရှည်​ ရွာလမ်း ခွဲကနေ ​တောင်​​ပျောက်​ရွာ ​တောင်​​ပျောက်​အင်းကို သွားကြရ​တာဖြစ်​ပါတယ်​..။

FB_IMG_1514141980587.jpg

အင်း ၂အင်းကို ​တောင်​ခြားထားပီး ပတ်​သွားရတာ နဲနဲဝေးပါသည်​..။ ​တောင်​​ပျောက်​အင်းကျ ကားလမ်းဆင်းမရ​တော့တာ​ကြောင့်​ လူ​တွေ မဆင်းကြ​တော့ဘဲ အ​ပေါ်က​နေကြည့်​ပီး ပြန်​ခဲ့ပါတယ်​..။

IMG_20171223_135835.jpg

လည်ရှည်ရွာတွင်လည်း ​ရေချိုအိုင်​ တစ်​အိုင်​ကို လှမ်းမြင်​ခဲ့ပါသည်​..။၎င်းအိုင်​တွင်​ ကြာပန်းများရှိသည်ဟု သိခဲ့ရပီး အလှမ်း​ဝေးသဖြင့်​ မ​ရောက်​ရှိခဲ့​ပေ..။
အပြန်​တွင်​ အ​လောင်းစည်​သူမင်း တည်​ခဲ့​သော ​ရွှေမု​ဠောစေတီသို့ ဝင်​​ရောက်​ဖူး​မျှော်​ လိုရာဆု​တောင်းခဲ့ပါသည်​..။

IMG_20171223_132944.jpg

၎င်း​နောက်​တွင်​ အလွန်​လှပ​သော ​နေကြာခင်းတွင်​ ဓာက်​ပုံရိုက်ကြပြီး​နောက်​ မယ်​ကြည်​တို့တ​တွေ အိမ်​ပြန်​​ရောက်​ပြီဖြစ်ပါသည်..။

IMG_20171223_152505.jpg

အလွန်​လှပ​သော ​နေရာတစ်​ခုဖြစ်​ပါ​သော​ကြောင့်​ မယ်​ကြည့်​ သူငယ်​ချင်းများ အလည်​တစ်​​ခေါက် ​လေ့လာ​ရေး လာ​ရောက်​​စေချင်​မိပါသည်..။

Author by @kyi
Photo by me and facebook
Msc no :050

Sort:  

ဟုတ်ကဲ့ပါခင်ဗျာ
အခုလိုစာအရေးသားနှင့်တကွဓါတ်ပုံလေးတွေကို
မြင်တွေ့ခွင့်လေးရရှိသည့်အတွက်ကြောင့်ကျွန်နော်
၏စိတ်၌ရွှင်ပြုံး၍ကိုယ်တိုင်ရောက်ဖူးသွားသလိုခံစား
မိလိုက်ကြောင်းပြောကြားရင်ဖွင့်ရင်း(သူရ)

လူပုံက ပိုများနေတယ်ဟုတ်😃😃

သဘာဝတရားတွေနဲ့ရှုခင်းပုံလေးတွေက
စိတ်ကိုပြောင်းလဲသွားစေနိုင်ပါတယ်ဗျာ(သူရ)

Beautiful post 😂

အဟေးဟေး😃😃 သားသား မမဖဲလေ😃😃

ပုံလေး လှတယ် morning ပါရှန့်😃😃

စိတ်သာချ ကြည်ရေ ကိုသာအေး လာလည်မယ်ဗျာ

လာခက်ပါ ကွီးသာအေးရေ😃😃လိုက်ပို့ပါ့မေ😃😃

လာနဲ့ မိန်းခလေးတွေဘဲလက်ခံမယ်

အဟေးဟေး😃😃

နောက်တခါရောက်အောင်သွားမယ်

နောက်တခါဆိုတော့ အရင်တစ်ခါ သွားခက်တေးရား😃😃

တွင်းမသွားတာ အမှတ်တရတွေဖြစ်ခဲ့တယ်

ဟုတေ😃😃လာလည်ပါနော်

ကျွန်တော်လည်း မုံရွာကပဲ အစ်မရေ
@kyi

ဟုတ်လား 😃😃အာ့ဆို ရောက်ဖူးတယ်ဟုတ်😃😃

ကျေးဇူးပါ

😃😃ကျေးဇူးပါ😃😃

ဟု ဖတ်တင်းပါ😃😃

နာမည်ကြီးဒေသလေးပါ ရောက်ဖူးချင်မိပါတယ်

လာလည်ပါ sisရေ😃😃

အ​နော့်​ကိုလည်း ​ခေါ်အုံး

ခေါ်ပါတယ်လို့စ်😃😃

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62312.95
ETH 2458.75
USDT 1.00
SBD 2.65