Minnow Support Project သို့ချိတ်ဆက်ခြင်း

in #msp7 years ago (edited)

msp.jpg

Minnow Support Project ဆိုတာ Steem ပေါ်မှာအချင်းချင်းအပြန်အလှန်အကူအညီတွေပေးပြီးလုပ်ဆောင်ရတဲ့ Network တစ်ခုပါလူသစ်တွေအတွက် မိမိကိုလူသိများလာအောင် Follower တွေ Vote ပေးမယ့်သူတွေတိုးလာအောင်ကူညီပေးနိုင်ပါလိမ့်မယ်။ ဒီ Project ကို @aggroed ကစတင်တည်ထောင်ခဲ့ပါတယ်သူ့ရဲ့တွဲဖက်ကတော့ @benjojo လို့သိရပါတယ၊် တခြား Witnesses တွေကလဲဒီ Project ကိုကူညီထောက်ပံ့ပေးထားပါတယ်။ Minnow Support Project ကိုချိတ်ဆက်ထားတဲ့သူတွေကခုမှစလုပ်သူတွေတင်မကဘဲနာမည်ရပြီးသားသူတွေလဲအများကြီးရှိတာနဲ့တစ်နေ့ထက်တစ်နေ့လာရောက်ချိတ်ဆက်တဲ့သူတွေများလာတာသတိထားမိပါတယ်။ သူ့ရဲ့လုပ်ဆောင်ပုံကကိုယ်ကနေ Vote ပေးမယ်ကိုယ့်ကိုလဲပြန်ပြီး Vote ပေးမယ်ဆိုတဲ့ပုံစံပါပဲဒါပေမဲ့ကောင်းတာကတစ်ယောက်ချင်းလိုက်ပြီး Vote ပေးစရာမလိုဘဲသူ့အလိုလျှောက် Vote ပေးသလိုဘယ်သူ့ကို Vote မယ်လို့မဟုတ်ပဲကျပန်း Vote တာဖြစ်တဲ့အတွက်သင်နဲ့မသိသေးတဲ့သူတွေပါသင့်ကိုသတိထားမိလာပြီး Follower တိုးလာနိုင်ပါတယ်။
Minnow Support Project ကိုချိတ်ဆက်ဖို့အတွက်အောက်ပါဆိုဒ်တွေမှာအကောင့်ဖွင့်ဖို့လိုအပ်ပါတယ်-

ပထမဆုံး Discordapp အကောင့်ဖွင့်ပါမယ်၊ Discordapp ဆိုတာ Messaging Application တစ်ခုပါ၊ Channel တွေဖွဲ့လို့ရသလို Bot တွေပါ Run လို့ရတဲ့အတွက် Steem Group အတော်များများကအဲဒီ App ကိုသုံးပါတယ်။ Register လုပ်ရတာရိုးရှင်းတဲ့အတွက်အသေးစိတ်မရေးတော့ပါဘူး Register လိုက်ပါ။
ပြီးရင် Group ထဲဝင်ဖို့ Invite Link လိုပါတယ်၊ ဒီလင့်ကိုနှိပ်ပြီးသွားပါ https://discord.gg/E4t4efP
(Register လုပ်ဖို့ကိုလဲအဲဒီလင့်ကနေသွားပြီးမှတစ်ခါတည်းလုပ်လို့လဲရပါတယ်)

Discordapp ပြီးရင် Steemvoter Account ဖွင့်ပါမယ်၊ ဖွင့်နည်းနဲ့သုံးနည်းရေးထားပါတယ်ဖွင့်ရတာအဆင်မပြေရင်ဒီမှာသွားဖတ်လို့ရပါတယ် => https://goo.gl/6ZD1Le

အထက်ကအဆင့်တွေပြီးပြီဆိုရင်တော့နောက်ဆုံးအနေနဲ့ https://streemian.com မှာအကောင့်ဖွင့်ပါမယ်၊ ကျွန်တော့် Steem Account နဲ့ဖွင့်ပြီးသားကြီးဖြစ်နေလို့ဖွင့်ပြဖို့အဆင်မပြေပါဘူးကိုယ်တိုင်ပဲစာဖတ်ပြီးတစ်ဆင့်ချင်းလုပ်သွားလိုက်ပါ။ Key တွေ Password တွေတောင်းရင်လဲထည့်ပေးလိုက်ပါစိတ်ချရပါတယ်။
အကောင့်ဖွင့်ပြီးရင်ပုံမှာမြင်ရတဲ့အတိုင်းတွေ့ရပါလိမ့်မယ်၊ ပုံမှာပြထားသလိုအပေါ်ဘားမှာတွေ့ရတဲ့တိုင်း Services>Curation Trail ကိုနှိပ်ပါ။

1.jpg

2.jpg

အောက်ပါပုံအတိုင်း minnowsupport ကို Follow လုပ်ပါ၊ တခြားဟာတွေကိုလဲ Follow လုပ်လို့ရပါတယ်ဒါပေမဲ့ Voting Power မနိုင်ပဲနေမှာစိုးလို့ minnowsupport တစ်ခုတည်းပဲ Follow လုပ်ပါ။

3.jpg

Follow လုပ်ပြီးရင် Your Trails နေရာမှာ minnowsupport ကိုတွေ့ရပါလိမ့်မယ်တစ်ချက်နှိပ်လိုက်ပါ။

3a.jpg

ကျလာတဲ့ဇယားထဲမှာ Setting ချိန်ပေးရပါမယ် Voting % ကို 10% နဲ့ 20% ပဲထားပါ၊ အဲဒီထက်များရင် Voting Power မလောက်မှာစိုးလို့ပါကျန်တာကြိုက်သလိုထားလို့ရပါတယ်။ Required Tag နေရာမှာကိုယ် Vote ပေးချင်တဲ့ Tag တွေထည့်ပါ။ ကျွန်တော်ပြထားတဲ့ပုံအတိုင်းလိုက်ထည့်လို့လဲရပါတယ်၊

Tag နေရာမှာ Myanmar ဆိုတာကိုမဖြစ်မနေထည့်ပေးစေချင်ပါတယ်
ထည့်ပြီးရင်အောက်မှာပြထားတဲ့ပုံအတိုင်း Screen Shot ရိုက်ပြီး Save ထားပါ။

4.jpg

အထက်ကအဆင့်တွေအကုန်ပြီးပြီဆိုရင်တော့ညာဘက်အပေါ်နားကကိုယ့်ရဲ့နာမည်ပေါ်နေတဲ့နေရာကိုတစ်ချက်နှိပ်ပါ။ အောက်ပါပုံအတိုင်းခလုပ်အပြာလေးဘေးက “x” လေးနဲ့ re-enable လို့ပေါ်နေရင် Active မဖြစ်သေးပါဘူးတစ်ချက်နှိပ်ပေးပါ၊ re-enable ဆိုတဲ့စာလေးပျောက်သွားပြီးအစိမ်းရောင်အမှန်ခြစ်လေးပေါ်နေရင် Active ဖြစ်သွားပါပြီ၊ ကိုယ့်ရဲ့ Voting Power နည်းသွားတဲ့အခါ re-enable ဆိုပြီးပြန်ဖြစ်သွားပါလိမ့်မယ် Voting Power များလာတဲ့အခါပြန်ပြီး Active လုပ်ပေးပါ။

5.jpg

အခုဆိုရင် Streemian မှာအကောင့်တပ်ဆင်လို့ပြီးသွားပါပြီ။
ဆက်ပြီးတော့ Steemvoter.com ကိုသွားပါ Voting ပေးမယ့် List ထဲမှာ minnowsupport ကို 100% အနေနဲ့အောက်ပါပုံအတိုင်းထည့်ပြီး Screenshot ရိုက်ပြီး Save ထားပါ။ ပြီးရင် Save Rule ကိုနှိပ်လိုက်ပါ။
ဒါဆို Steemvoter.com အတွက်လဲပြီးသွားပါပြီ

6.jpg

အခုနောက်ဆုံးအနေနဲ့စောစောက၀င်ထားတဲ့ discordapp ရဲ့ PAL Group မှာ Register လုပ်ပါမယ်၊
အဲဒီမှာ Register လုပ်ဖို့ Fonfrim အနေနဲ့ 0.001 SBD သို့မဟုတ် 0.001 STEEM လွှဲပေးရပါမယ်။ (ပေးစရာမရှိဘူးဆိုရင်ကျွန်တော့်ဆီလာတောင်းပါကူညီပါ့မယ်)
Ok အခု Register လုပ်ဖို့ Group ထဲက #registration ဆိုတဲ့ section ကိုသွားပါ။
$register username ဆိုပြီးရိုက်ထည့်ပါ (Username နေရာမှာကိုယ့်ရဲ့ Steem Username ပါ) အဲဒီဂရုမှာ command ရိုက်ထည့်တိုင်း Code နဲ့ command Text ကြားထဲမှာ Space တစ်ချက်ခြားရပါတယ်။ ဘာအတွက်ပဲရိုက်ထည့်ထည့်ပါ (ဥပမာ။ $register username လို့ဖြစ်ရပါမယ် $registerusername လို့ရိုက်လို့မရပါ) $register username လို့ရိုက်ထည့်ပြီးပြီဆိုရင် Bot ကနေအောက်ပါအတိုင်း memo တစ်ခုပေးပါလိမ့်မယ်။

“To register username with @kyawsantun, send 0.001 STEEM to banjo with memo: abcd-defg-hijkl then type $register username again.”
memo နောက်က abcd-defg-hijkl ကို Copy ကူးပြီး banjo ကို 0.001 STEEM ပို့ပေးလိုက်ပါ။
minnowsupport ကလဲ banjo နည်းတူတစ်ခုပို့ပါလိမ့်မယ် banjo လိုပဲပို့ပေးလိုက်ပါ။ ပို့ပေးပြီးရင် $register username လို့ထပ်ရိုက်ကြည့်ပါ။ Register လုပ်ပြီးကြောင်းပြောပါလိမ့်မယ်။ အဲဒါဆိုရင်တော့ Register လုပ်လို့ပြီးပါပြီ။ Register လုပ်ပြီးပြီဘာလုပ်လို့ရလဲဆိုတော့အဲဒီ Group က $upvote ဆိုတဲ့ Channel ကိုသွားပါ။ သူများတွေရိုက်ထည့်သလို "$upvote posturl" ဆိုပြီးမိမိ Promote လုပ်ချင်တဲ့ပိုစ့် URL ကိုထည့်ပြီး 12 နာရီခြားတစ်ခါ Upvote တောင်းလို့ရပါတယ်။ သတိထားရမှာကခဏခဏမတောင်းပါနဲ့မဆိုင်တဲ့ Channel တွေမှာပိုစ့်တွေမတင်ပါနဲ့ဘန်းခံရနိုင်သလို Downvote တွေပါရနိုင်ပါတယ်။
အဲဒါတွေအားလုံးပြီးပြီဆိုရင်နောက်ဆုံးအနေနဲ့စောစောက Screen Shot ရိုက်ခိုင်းထားတဲ့ပုံနစ်ပုံကို
discordapp ပေါ်ကနေပဲ @aggroed ဆီကိုပို့လိုက်ပါ။ သူကစစ်ဆေးပြီး general ထဲမှာမန်ဘာဖြစ်ကြောင်းကြေညာပေးပါလိမ့်မယ်။ အဲဒါတွေအကုန်လုံးပြည့်စုံသွားပြီဆိုရင်တော့ Minnow Support Project ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သွားပါပြီ၊ သတိထားရမှာက Streemian တို့ Streemvoter တို့မှာကိုယ်ထည့်ထားတာတွေ Active ဖြစ်မဖြစ်မကြာခဏပြန်စစ်ပေးပါ၊ ပို့စ်တင်တဲ့အခါ Streemian မှာထည့်ထားတဲ့ Myanmar ဆိုတဲ့ Tag ကိုထည့်ဖို့လဲမမေ့ပါနဲ့။ ခုမှစလုပ်တဲ့မြန်မာတွေကို Minnow Support နဲ့ချိတ်ဆက်စေချင်ပါတယ်တခြား Steemit သုံးတဲ့မြန်မာသူငယ်ချင်းတွေကိုလဲအသိပေးပေးကြပါ။
Discord Account ရှိပြီဆိုတော့ကျွန်တော်တို့ Myanmar Steem Community Discord Group ကိုလဲချိတ်ဆက်ထားစေချင်ပါတယ်။
ဒီလင့်ကနေသွားပါ: https://discord.gg/JE5cKqk

ကျေးဇူးတင်ပါတယ်…

KST.png

Sort:  

very good..... keep posting useful app for the newbie... this is awesome....

Congratulations @kyawsantun! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published a post every day of the week

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

တင်ပြထားတာကောင်းတယ်ဗျာ

မလုပ်တတ်သေးဘူး ကူညီပေးပါ

မလုပ်တတ်တာကအကုန်မဖတ်နဲ့တဆင့်ချင်းဖတ်ပြီး Website တစ်ခုချင်းလုပ်သွားပါတစ်နေတဲ့အပိုင်းရှိရင်တော့လာပြောပါ Bro

Thank you very much.It is very good for all.

This post has received a 2.51 % upvote from @booster thanks to: @kyawsantun.

ျန်တော့ဟာ steemainမှာ Zကွန်ဖိုင်းလုပ့်မရဘူး။ fbအကောင့်အပ်ပေးပါ။
https://www.facebook.com/sawmyat.tun.3150

ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67657.28
ETH 3498.77
USDT 1.00
SBD 2.70