2017-2018ပညာရေးစုံညီပွဲတော်

in #myanmar9 years ago

3.1.2018..ဗုဒ္ဓဟူးနေ့ တွင်ကျင်းပခဲ့သော
ကျွန်တော်တို့ကျေးရွာလေးရဲ့ ပျော်ရွှင်စရာပွဲတော်လေးတစ်ခုပဲဖြစ်ပါတယ်။ ပွဲတော်လေးလို့ပြောရတာလည်း.သိပ်ပြီးမလုံလောက်ဘူးထင်ပါတယ်ဗျာ တစ်ရွာလုံးနီးပါး
လာရောက်အားပေးတာဖြစ်လို့ ကျွန်တော်တို့ရွာလေးရဲ့ ပျော်ရွှင်စရာ ပွဲတော်ကြီးလို့ပြောရမလိုပါပဲ။


နှစ်စဉ်နှစ်တိုင်းကျင်းပနိုင်ခဲ့ခြင်းလည်းမရှိတဲ့အတွက်လည်း ယခုလို ပွဲတော်တစ်ခုအဖြစ်လုပ်ဆောင်ရာမှာ လိုအပ်ချက်လေးတွေတော့ရှိတာပေါ့ဗျာ။ ယခင်နှစ်များမှာ အခုလိုမျိုးပညာရေးစုံညီပွဲကို ကျင်းပခဲ့ပေမယ့်လည်း
အခုပြုလုပ်တဲ့ စုံညီပွဲတော်နှင့်ဆို စုံညီပွဲတော် မလုပ်ပဲနေခဲ့ရတာ အချိန်အားဖြင့် ကြားမှာ သုံးနှစ်လောက်ခြားခဲ့ပါပြီ။ ယခင်နှစ်များမှာကတော့ လျှပ်စစ်မီးမရရှိတာကတစ်ကြောင်း ဒီလိုပွဲတော်တစ်ခုဖြစ်ဖို့လုပ်ဆောင်ရာမှာ အခက်ခဲများစွာ ရှိတာကတစ်ကြောင်းမို့လည်း မလုပ်ဖြစ်ခဲ့တာလို့ထင်ပါတယ်။ အခုအချိန် ကျွန်တော်တို့ကျေးရွာမှာ လျှပ်စစ်မီးရရှိခဲ့တာ နှစ်နှစ်နီးပါးပဲရှိပါသေးတယ်။ စုံညီပွဲတော်လုပ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေကတော့ ကျွန်တော့အမြင်နဲ့တောင် တော်တော်များပါတယ်။ ကိုယ်တိုင်လုပ်ရင် ပိုပြီးအလုပ်များနိုင်မယ်လို့တွေးမိပါတယ်။ဘာလို့ဆိုတော့ တွေ့မြင်ရတဲ့အရာသေးသေးလေးတစ်ခုကိုတောင် ကိုယ်တိုင်လုပ်ဆောင်ရင် တစ်ခါတစ်လေမှာ ကိုယ့်အတွက် ကြီးမားသောအရာ၊ ကြီးမားသော အလုပ်တစ်ခုဖြစ်နေရလို့ပါ။


လျှပ်စစ်မီးရရှိသောနှစ် ဖြစ်တဲ့အတွက် လိုအပ်ချက်ကလည်း လျပ်စစ်မီးပဲဖြစ်လို့နေပြန်ပါတယ်.. ပွဲစီစဉ်သူတွေ နဲ့ဆရာဆရာမတွေဟာ 3.1.2018 နေ့မတိုင်ခင်အချိန်ထိ ကလေးတွေနဲ့ အကတိုက်တာတွေ သီချင်းတိုက်တာတွေ လုပ်ဆောင်ကြရပါတယ်။ အလွတ်သဘောဆိုပေမယ့်လည်း Sound Box များနဲ့ သီချင်းဖွင့်ပြီး တိုက်ကြပါတယ်။


ပွဲလုပ်တဲ့နေ့မှာပဲ စတင်ပြီးကြုံရတာကတော့ ပွဲစလို့ နာရီဝက်ခန့်အကြာမှာပဲ လျှပ်စစ်မီးကပျက်ပါတော့တယ်။
မီးစက်က ထားရှိတာမှန်ပေမယ့် လျှပ်စစ်မီးကိုသာအားကိုးထားတဲ့အတွက် အရံအဖြစ်ထားရှိထားတဲ့မီးစက်က သေးနေပြီး.မီးထွန်းဖို့လောက်ပဲရရှိခဲ့ရပါတယ်။ စက်အကြီးတစ်လုံးကိုလည်း အဆင်သင့်ဆောင်ထားခဲ့ပေမယ့် ဒိုင်နမို မီးမထွက်တဲ့ပြဿနာနဲ့ကြုံခဲ့ရပါတယ်။
ဟိုးအရင် နှစ်ကဆိုရင်တော့ လျှပ်စစ်မီးမရှိတော့
ယခုလိုပွဲမျိုးလုပ်ခါနီးဆို မီးစက်တွေကို သေချာစီစစ်ပြီး
အလုပ်လုပ်တာဖြစ်တော့ မီးအတွက်က အဆင်ပြေပါတယ်။တော်ပါသေးတယ် ကံကောင်းတယ်လို့ဆိုရမယ်
နာရီဝက်လောက်အကြာမှာ မီးပြန်လာပါတယ်။
အမှန်က မီးကပျက်သွားတာ မဟုတ်ပဲ ကျွန်တော်တို့ရွာမှာ တပ်ဆင်ထားတဲ့ Transformerက ဘရေကာ ကျသွားတာလို့သိရပါတယ်။ မီးသမားလည်း အဲ့အချိန်မှာ မူးနေသလားမသိပါဘူး ဖုန်းချက်ချင်းခေါ်လို့မရပါဘူး။
ဟီး ကြားသွားရင် မီးသမား ကျွန်တော့ကို မေတ္တပို့နေပါအုံးမယ်😁။အမှန်က မီးသမားက မမူးပါဘူးဗျာလို့😁😁။
မီးပျက်တော့ ကျွန်တော်တောင် အဲ့ဒီကိုသွားပြီး မီတာခွက်နဲ့ ဟိုထောက်ဒီထောက်လုပ်ခဲ့ပါသေးတယ် 😁။

3.1.2018မှာ ပြုလုပ်တဲ့ 2017-2018ညာရေးစုံညီပွဲတော်
မှာ ပါဝင်တဲ့တင်ဆက်မှုတွေကတော့.. ထူးချွန်ကျောင်းသားလေးများကို ဆုပေးခြင်း၊ဆရာဆရာမများနှင့် ရပ်ရွာ ရပ်မိရပ်ဖများက ကျောင်းသားအားလုံးကို ကြိုးစားကြလို့
အရမ်းကိုပဲတော်ကြကြောင်းနှင့် နောင်နှစ်တွေမှာလည်း ဒီထက်ကြိုးစားကြဖို့ပြောကြားပြီး ထူးချွန်ခြင်းမရှိတဲ့ကျောင်းသားများကိုလည်း စိတ်မပျက်ကြဖို့နဲ့ ကြိုးစားရင်ထူးချွန်လာမယ်ဆိုတဲ့အကြောင်း အားပေးစကားများပြောကြားပေးသွားကြပါတယ်။


အရင်ဦးဆုံး ဆုပေးပွဲ အစီစဉ်ကို စတင်ခဲ့ပြီး၊
ဒုတိယအစီစဉ်ဖြစ်တဲ့ ဖျော်ဖြေတင်ဆက်ခြင်းအစီစဉ်ကိုစတင်ခဲ့ကြပါတယ်။ ဖျော်ဖြေတင်ဆက်ကြတဲ့ ကျောင်းသားအဖွဲ့ဟာဆိုရင်ဖြင့် 15ဖွဲ့တိတိရှိပါတယ်။ ကလေးများတင်ဆက်ပြရာမှာ မြန်မာသီချင်းများနှင့် englishသီချင်း DJများပါ ပါဝင်ပါတယ်။ အဲ့ဒီလိုတင်ဆက်ပြကြတဲ့ကလေးငယ်လေးတွေကို ကြည့်ပြီး ကျွန်တော်သိမြင်ခဲ့ရတာတစ်ခုက တစ်ခြို့ကလေးငယ်လေးတွေဟာ အခြားသူတွေကို ကြည့်ပြီးမှ ကပါတယ်။ အဲ့ဒီတော့ အကမှာ မညီညာတဲ့ကကွက်တွေဖြစ်လာရပါတယ်။ တစ်ခြို့ကလေးတွေကြတော့လည်း အရမ်းကိုပဲတော်ကြပါတယ် သူတို့ကကွက်သံစဉ်အတိုင်းကကြတာမှာ ဘယ်သူ့ကိုမှလည်းမကြည့်ပါဘူး
တိုက်ထားတဲ့သီချင်းနဲ့ကကွက်တွေကို စီးမြောခံစားပြီးကနေတယ်လို့ထင်ရအောင်ကိုတော်ပါတယ်။ ဒါဟာ အဲ့ဒီကလေးရဲ့ ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓာတ်ကိုတွေ့ရပါတယ်။ လေ့ကျင့်မှုတွေသေချာလုပ်ပြီး ကကွက်တွေမှာ သူတစ်ပါးကို အားမကိုးတဲ့အတွက် တီးလုံးသံစဉ်တွေမှာ ကကွက်တွေဟာ လှပနေပါတယ်။ သူတပါးကိုကြီးအားကိုးနေတဲ့ ကလေးငယ်တွေကတော့ သံစဉ်အလိုက်နဲ့ ကကွက်ယိုင်ယိုင်တွေဖြစ်နေကြရပါတယ်။ တခြို့ကလေးတွေဆို အရမ်းကို ဥာဏ်ကောင်းကြတာပါ။ဘာလို့လည်းဆိုတော့ englishသီချင်းနဲ့ကကြရာမှာ သီချင်းကိုပါသူတို့အလွတ်ရကြပါတယ်။ သူတို့ကိုကြည့်ပြီး ကျွန်တော်ငယ်စဉ်အချိန်ကို ပြန်သတိရမိပါတယ်။ ကျွန်တော်ငယ်ငယ်က ဘုရားရှစ်ခိုးခြင်းဆိုတဲ့အလုပ်ကို ကျက်မှက်ခဲ့ရခြင်းမဟုတ်ပါဘူး အမေနဲ့အဖိုးရဲ့ ညစဉ်တိုင်းရှစ်ခိုးတဲ့ အသံကိုနားထောင်ရင်း ကျက်မှက်စရာမလိုပဲတက်ကျွမ်းခဲ့ရတာပါ။ အဲ့ဒီအချိန်ကလည်း.ငယ်ရွယ်စဉ်အချိန်ဖြစ်လို့ ကိုယ်ကိုယ်ကိုလည်း တက်ကျွမ်းလို့တက်ကျွမ်းမှန်းတောင်မသိလိုက်ပါဘူး၊ အနောက်ကျွန်း သံဗုဒ္ဓေ၊ အောင်ဒယရှစ်ကွက်၊ 24ပစ္စည်း စတဲ့အရာတွေကို မိဘတွေနဲ့လိုက်ဆိုရင်းရခဲ့ရတယ်လေ။ အခုကလေးငယ်လေးတွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ရွာသူရွာသားများရဲ့ လာရောက်အားပေးမှုကိုကြည့်ပြီး.ကျွန်တော်အရမ်းကို ပီတိဖြစ်မိပါတယ်။
စုံညီပွဲဖြစ်မြောက်ဖို့ စီစဉ်သူတွေအဖို့ အခုလိုအားပေးမှုကိုတွေ့ရတဲ့အခါ ဘယ်လောက်များဝမ်းသာကြည်နူးမိမလည်းဆိုတာတွေးသာကြည့်ကြပါတော့ဗျာ။


ဖျော်ဖြေတဲ့အဖွဲ့15ဖွဲ့ ပြီးသွားတဲ့အခါမှာ အဲ့ဒီအဖွဲ့တွေထဲကနေ ကြိုက်တဲ့အဖွဲ့ရှိရင် ပြန်လည်တောင်းဆိုနိုင်တယ်လို့ ခွင့်ပေးထားတော့ ပြန်လည်တောင်းဆိုလို့
ပြန်လည်တင်ဆက်ပြရတဲ့အဖွဲ့ သုံးဖွဲ့မှာ လေးကြိမ်ကရပါတယ်။နားရှုပ်သွားပြီလားမသိဘူးနော်😁။
အဖွဲ့တစ်ခုက ပြန်တင်ဆက်ရတာ နှစ်ကြိမ်ဖြစ်သွားပါတယ်။ ပထမ ဖျော်ဖြေတာနဲ့ဆို အဲ့ဒီတစ်ဖွဲ့ကပဲ သုံးကြိမ်တိတိ ဖျော်ဖြေရပါတယ်။ ကျန်တဲ့အဖွဲ့သုံးခုကတော့ ပြန်လည်တင်ဆက်တာနဲ့ဆို နှစ်ကြိမ်စီဖြစ်သွားရတာပေါ့။
တောင်းဆိုလို့ရတယ်ဆိုတာ အလွတ်တော့ တောင်းဆိုလို့ဘယ်ရမလည်းနော့... သူတို့လေးတွေအတွက် ဆုကြေးငွေရှိပါတယ်။ဆုကြေးငွေနဲ့ထည့်ဝင်ပြီး တောင်းဆိုရတာပါ။ နောက်ဆုံးမှာတော့ စုံညီပွဲတော် ဆရာဆရာမများနဲ့ ကျောင်းသူကျောင်းသားလေးတွေ အမှက်တစ်ရဓာတ်ပုံရိုက်ခြင်းဖြင့် စုံညီပွဲကို ပိတ်သိမ်းလိုက်ပါတယ်။
.
နှစ်စဉ်နှစ်တိုင်း ဒီလိုမျိုးပွဲတော်မျိုးကျင်းပနိုင်ကြစေဖို့လည်း ကျွန်တော်ဆုတောင်းမိပါတယ်။ ထူးချွန်ကျောင်းသားများစွာပေါ်ထွက်လာဖို့ဟာလည်း အားပေးအားမြှောက်လမ်းပြပေးသူ ဆရာများနဲ့ မိဘတွေရဲ့တာဝန်ပဲမဟုတ်ပါလားဗျာ၊.အစကောင်းမှ အနှောင်းသေချာမှာဖြစ်တဲ့အတွက် ငယ်ရွယ်သူတွေကို မြှောက်စားမှ တောက်ပတဲ့အနာဂါတ်ဆိုတာကို ဖန်တီးနိုင်ကြမှာပါ။.မိမိကိုယ်ကိုယ်အားကိုးနိုင်ဖို့ အခုလိုပွဲလေးတွေကိုလုပ်ပေးဖို့လိုအပ်တယ်လေ။
သူတို့ရဲ့ ကြိုးစားချင်စိတ်တွေကို ယှဉ်ပြိုင်ခြင်းရဲ့မျဉ်းပေါ်ကိုတင်လိုက်ရင် အရမ်းကိုအကျိုးရှိတဲ့စွမ်းအားတွေပေါ်ထွက်လာမှာမလွဲပါဘူး။ ဆုကြေးဆိုတာ ကြိုးစားသူတွေနဲ့သာထိုက်တန်ပါတယ်

ယခုpostလေးကို.ဒီနေရာမှာပဲအဆုံးသတ်နိဂုံးချုပ်လိုက်ပါပြီဗျာ အရေးအသားကညံ့တဲ့အတွက် လိုအပ်များကို
ပြောပြလမ်းညွှန်ပေးဖို့တောင်းဆိုပါတယ်။ အရင်နေ့ကအကြောင်းအရာကို အကြောင်းအမျိုးမျိုးကြောင့်နောက်ကျသွားရတဲ့အတွက်လည်း အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။

ယခုတင်ဆက်ခဲ့တာကတော့
ကျွန်တော်တို့ မြဂိုးကျေးရွာလေးရဲ့
အမကကျောင်း 2017-2018ပညာသင်နှစ်ရဲ့
ပညာရေးစုံညီပွဲတော်လေးပဲ ဖြစ်ပါတယ်ခင်ဗျာ

Steemitမှ.ဆရာသမားများနဲ့ ညီကိုမောင်နှမအပေါင်း
ကျန်းမာချမ်းသာကြောင်းအပေါင်းနဲ့ပြည့်စုံကြပြီးလျှင်
နှစ်သစ်မှာ.ပျော်ရွှင်နိုင်ကြပါစေဗျာ။



@komoezaw

MSC-030

Sort:  

ကောင်းတယ်ဗျာ
ကလေးတွေတွက် ပျော်ရွှင်မှုရသလို
လူကြီးတွေလဲပီတိဖြစ်ရတာပေါ့
မီးသမားလဲ ကင်းသမားလိုဘဲ မူးဒယ်လားဗျ
ဟဲဟဲ
မီတာခွက်နဲ့ တောင်ထောက်မြောက်ထောက် သွားထောက်မနေနဲ့ အူး အကိုရေ
ဓာတ်လိုက် သွားရင် ကြည့်ရဲဟူးဗျ
စတာ
Good post ပါအကိုဆရာ

ရပါတယ်ဗျ စိတ်မဆိုးပါဘူးဗျာ
ဓာတ်မလိုက်အောင်တော့ လိုက်ပြီးထောက်တာပေါ့ ဟီး😁

အစ်ကိုလို့ ပဲခေါ်ပါဗျာ ဆရာဟုတ်ပါဘူး

မွန်မြတ်တဲ့ အလုပ်မို့  လေးစားပါတယ်

ဟုတ် ကျေးဇူးပါဗျာ

You got a 0.31% upvote from @upme requested by: @komoezaw.
Send at least 1.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness

This post has received a 0.65 % upvote from @upmyvote thanks to: @komoezaw. Send at least 1 SBD to @upmyvote with a post link in the memo field to promote a post! Sorry, we can't upvote comments.

This post has received a 0.38 % upvote from @buildawhale thanks to: @komoezaw. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

komoezaw!! Thank you, your Post.

မန်ံချိန်မရလို့ Up vote ပဲနော်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 61984.79
ETH 1763.17
USDT 1.00
SBD 0.38