အမြင်အမျိုးမျိုး
အမြင်အမျိုးမျိုး
ဘဝဆိုတာအခုလျှောက်နေတဲ့လမ်းနဲ့ခံယူထားတဲ့ပန်းတိုင်ကြားထဲကအချိန်တွေကိုဟန်ချက်ညီအောင်လျှောက်နေတဲ့ခြေတစ်လှမ်းပဲ..ဒါလူသားတိုင်းရဲ့
ဘဝပဲ။
ဘဝဆိုတာမွေးဖွားခြင်းနဲ့သေဆုံးခြင်းရဲ့ ကြားက ကာလတခ၊ု အပိုင်းအခြားတခုပါ
အဲ့ဒီကြားကာလလေးမှာ
မျှော်လင့်ခြင်းတွေ ဖန်တီးခြင်းတွေနဲ့ အတူပျော်ရွင်ခြင်းဝမ်းနည်းခြင်းတွေကို ဖြစ်ပေါ်စေတယ် ။
ဒါဟာ ဘဝ "ပါပဲ။
ဘဝဆိုတာက ကိုယ်ရွေးခြယ်ပိုင်ခွင့်မရှိပဲရောက်လာတယ်ဆိုပေမယ့် ရောက်လာတဲ့ဘဝမှာ အကောင်းဆုံးဆိုတာတွေ အသက်ရှင်သန်ချိန်မှာလုပ်ဆောင်နေ
ပြီး ပြသာနာများစွာကို ကိုင်တွယ်ဖြေရှင်း
ရင်ဆိုင်ပြီးအောင်မြင်မှုများစွာ
ရအောင်ကြိုးစားနေတာဘဝပါ။
ဘဝဆိုတာ အမြဲတမ်း ရုန်းကန်လှုပ်ရှားနေရတဲ့အရာကြီးပါ...အရှုံးတွေရှိသလို အပြုံးတွေလဲရှိခဲ့ပါတယ် မိမိအတွက် မိသားစုအတွက် လူမှုဝန်းကျင်အတွက် မသေမခြင်းလုပ်နေရတဲ့ ရုန်းကန်လှုပ်ရှားမှု ဖြစ်စဉ်ကြီးလို့ မြင်ပါတယ်...။
ဘဝဆိုတာ တိုက်ပွဲတွေကြားထဲက သင်ကြားခွင့်ရနေတဲ့ကျောင်းလိုပါပဲ။အရှေ့ဘက် နေထွက်သလို အနောက်ဘက်ရပ် နေဝင်မှာပဲ။
အရှေ့ဘက်နေထွက်တဲ့အခါ အပူဒဏ် ခံနိုင်ဖို့ တိုက်ပွဲဝင်ကြရတယ်။
အနောက်ဘက်နေဝင်တဲ့အခါ မိုက်မှောင်နေတဲ့လမ်းကို ကျော်ဖြတ်ဖို့ အမြဲသင်ယူနေရတဲ့ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းလိုပါပဲ။
စတင်မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားက
အချိန်တစ်ခုကို ဘဝလို့ သတ်မှတ်မယ်
ဆိုရင် ကောင်းတာပြုခဲ့တဲ့သူက
ကောင်းတဲ့ဘဝ
ဆိုးတာပြုခဲ့သူတွေကဆိုးတဲ့ဘဝ
ကျိုးစားသူကအောင်မြင်သောဘဝ
ကာလသုံးပါးမှာကံ(အလုပ်)ရဲ့
အကြောင်းအကျိုးကိုညွန်းတဲ့ ပြယုတ်
ကျွန်တော့်အဲ့သလိုမြင်တယ်။
written by kokogyi1
photo credit; kokogyi1





Wow its a great post ever!