Thinking
Thinking
Thinking ဆိုတာ မြန်မာလို စဉ်းစားတွေးခေါ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ တစ်ခုခုကို မပြုလုပ်ခင် ဖြစ်လာမယ် အကျိုးဆက်ကို ကြိုတင်ပြီး တွေးခေါ်နိုင်ခြင်းကိုလည်း Thinking လုပ်တယ်လို့ခေါ်တယ်.....။
" အတွေးအခေါ် " ဆိုတာ လူတစ်ယောက်အဖို့ အတော်ကို အရေးပါတဲ့ စကားလုံးပါ။ အတွေးအခေါ် မရှိတဲ့ သူဟာ နေရာတကာမှာ သူများထက်နိုမ့်ကျနေတတ်ပြီး သူများနောက်မှာသာ ရှိနေတတ်တယ်။ အဒီလိုပဲ အတွေးအခေါ် အမျှော်အမြင်ရှိတဲ့သူတွေဟာလည်း အမြဲ သူများရှေ့မှာရောက်နေတတ်တယ်။ လူတွေကို ဦးစီးဦးဆောင်လုပ်ပြီး ခေါင်းဆောင်မှုနေရာကို ယူထားတဲ့သူတွေဟာ အတွေးအခေါ် အမျှော်အမြင်ကြွယ်ဝတဲ့သူတွေပါပဲ........။
ယနေ့ခေတ်မှာ တစ်နေ့ထက် တစ်နေ့ ဒုစရိုက်မှုတွေ မူးယစ်ရမ်းကားမှုတွေ လူသတ်မှုတွေ များပြား လာတာကို ကြည့်ခြင်းအားဖြင့် လူတွေမှာ အတွေးအခေါ် ဆင်ခြင်နှုံတရား နည်းပါးလာနေ သိမြင်နိုင်ပါတယ်.......။ ဘာလုပ်ရင် ဘာဖြစ်မယ် ဘယ်လိုဆိုးကျိုးတွေရှိတယ် ဆိုတာကို ကြိုတင်စဉ်းစားပြီး ဆင်ခြင်နိုင်ကြမယ်ဆိုရင် ဒီလို အမှုကိစ္စတွေ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပေ....။
လူကိုမူးရစ်သောသေရည်၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတွေကို သုံးစွဲခြင်းကြောင့် စဉ်းစားဆင်ခြင်နှုံတရားကင်းမဲ့ပြီး အမှားနဲ့ အမှန်ကို မခွဲခြားနိုင်ဘဲ အမှားပေါင်းသောင်းခြောက်ထောင်နှင့် ဘဝပါ ပျက်သွားခဲ့ရတဲ့ သာဓကတွေ များစွာရှိပါတယ်......။
ဘာကိုမှ မလုပ်ရဲမကိုင်ရဲတဲ့သူတယောက် ထိုမူးယစ်စေသော အရာတွေ သုံးစွဲမိလိုက်လျှင် ထိုသူ အသိဉာဏ်မှာ ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတဲ့ အရှေ့ကို ကြိုတင်တွေးခေါ်နိုင်တဲ့ စဉ်းစားဉာဏ်တွေ ပျောက်ကွယ်သွားပြီး မကောင်းမှုဒုစရိုက်အားလုံးကို ကျူးလွန်ဖို့ လွယ်ကူသွားပါလိမ့်။
ထိုကဲ့သို မူးယစ်စေတဲ့ အရာတွေကြောင့် စဉ်းစားချင့်ချိန်နိုင်တဲ့ အသိစိတ် မရှိတော့ဘူးဆိုလျှင်.........
ရန်ဖြစ်ဖို့လည်း သတ္တိတွေလာတယ်
လူသတ်ဖို့လည်း ဝန်မလေးတော့ဘူး
ပုဆိုးအင်္ကျီမပါလျှင်လည်း မရှက်တော့ဘူး
လူကြီးသူမတွေကိုလည်း လေးစားရကောင်းမှန်းမသိတော့ဘူး
ပတ်ဝန်းကျင်ကိုလည်း အားနာထောက်ထားရမယ်ဆိုတာလည်း နားမလည်တော့ဘူး
စတယ့် မကောင်းတာတွေကို လုပ်လိုက်မယ်ဆိုရင် ဘာလိုသက်ရောက်မှုတွေဖြစ်လာနိုင်လဲဆိုတာကို မတွေးမိကြတော့ဘူး....။
ဘာဖြစ်လို့လဲဆိုတော့ " thinking အတွေးအခေါ် "
မရှိတော့လို့ပဲ.....။
ဒါကြောင့်မို့ အရက်သေရည် မူးယစ်ဆေးဝါးတွေ မသုံးစွဲခင် မိမိခေါင်းထဲ စဉ်းစားတွေးခေါ်နိုင်တဲ့ အသိတရား ရှိနေချိန် "ဒါတွေလုပ်လိုက်ရင် ဒီလိုဆိုးကျိုးတွေ" ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်စဉ်းစားပြီး ရှောင်ကြည်နိုင်ဖို့ ဒီဆောင်းပါးတိုလေးကို ရေးသားလိုက်ရပါတယ်........။
Writer By Jhon
MSC-046
Photo By Google Image
ကောင်းတယ်ဗျာ ကိုဂျွန်။
ဟုတ်
အတွေးအခေါ်လိုတာပေါ့
သေချာတာပေါ့ဗျာ
steemit post တင်ဖို့ ဆို thinking
အမှန်ပဲ
Good pot bro
Yeah
Thank for sharing
👍👍👍
Wow!! Nice Post
Thank brother
You're so nice for commenting on this post. For that, I gave you a vote!
ဆင်ခြင်နိုင်တာပေါ့အစ်ကို ကောင်းတယ် ဖတ်ခဲ့သည်။
ကျေးဇူးပါ
nice post
ဟုတ်
Good post.
Thank
ြုးထားမယ်ဖိုက်တင်း
ဟုတ်
Good post bro
Thank