ကျန်းမား​ရေးနှင့်​အားကစား အပိုင်း-၃

in #myanmar7 years ago

ကျန်းမား​ရေးနှင့်​အားကစား အပိုင်း-၃
1514345260-picsay.jpg
ကျွန်​​​တော်​တို့ ထင်​ကြတာက ​ကျန်းမား​ရေး​ကောင်းဖို့ ဆိုလျှင် ​​​ဆေးဝါး​ဆေး​ထောင့်​​တွေ မှီဝဲယုံဖြင့်​ လုံ​လောက်​ပြီထင်​ကြတယ်​။ စားချင်​တာစား ပြီးရင်​ ​ဆေး​သောက်​ စသဖြင့်​ ​ကြော်​ငြာ​တွေ​တောင်​ ရှိပါတယ်​။ အဆီကျချင် ပိန်ချင်တယ် ​မော်​ဒယ်​ကိုယ်​လုံး​လေးလိုဖြစ်​ချင်​တယ်​ဆိုသူ​တွေ အရင်​စဉ်းစားတာ ဘယ်​​​ဆေးဝါး​တွေ​သောက်​သုံးရင်​ အဆီကျသလဲ၊ဘယ်​​လိမ်း​ဆေး​တွေလိမ်းရင်​ ပိန်​သွားလား ဒါပဲစဉ်းစားကြတယ်​။ 'အားကစား​တွေ'​ ​လေ့ကျင့်​လိုက်​စားရင်​ အဆီကျနိုင်​တယ်​ ဝိတ်​ကျနိုင်​တယ်​ဆိုတာ သတိထားမိသူနည်းတယ်​။ အချို့​ဆေးဝါး​တွေဟာ တကယ်ပဲ ခန္ဓာကိုယ်​အ​လေးချိန်​ကို သိသိသာသာ ​လျော့ချ​ပေးနိုင်​ပါတယ်​။ ဒါ​ပေမယ့်​ အဲ့ဒီ​ ​ဆေးဝါး​ဆေး​ထောင့်​​တွေဟာ အနည်းနှင့်​အများ​တော့ side effect ဆိုးကျိုး​တွေ​တော့ရှိစမြဲပါ။ ဒီလို​ဆေးဝါး​တွေ သုံးစွဲခြင်း​​ကြောင့်​ ဒုက္ခ​ရောက်​သွား သူ​တွေလည်း ဒုနဲ့​ဒေး။ ဒါ​ကြောင့်​ ကျ​​နော်​က​တော့ ဒီလို​ဆေးဝါး​တွေ စားသုံးပြီး ခန္ဓာကိုယ်​လှပ​အောင်​ လုပ်​တဲ့နည်းလမ်းမျိုးကို အားမ​ပေးပါဘူး။ ပင်​ပန်းချင်​ ပင်​ပန်းပ​စေ အချိန်​​တွေ နှစ်​​တွေချီ​အောင်​ ကြာချင်​ကြာပ​စေ အားကစားလုပ်​ခြင်းဖြင့်​ ခန္ဓာကိုယ်​လှပ​အောင်​လုပ်​တဲ့ နည်းလမ်းကိုပဲလုပ်​ကြပါလို့ တိုက်​တွန်းလိုပါတယ်​။
images (5).jpg
အခုလိုတိုးတက်​လာတဲ့ ​ခေတ်​ကြီးမှာ အမြို့မြို့အနယ်​နယ်​တိုင်းတွင်​ "GYM" (အားကစားရုံ)​တွေ ရှိ​နေပါပြီ။ အားကစားရုံတိုင်းမှာ ကျွမ်းကျင်​တဲ့ trainer (အားကစားနည်းပြဆရာ)​ တွေလည်း ရှိပါတယ်​။ ထို GYMအားကစားရုံ​တွေမှာ လစဉ်​​ကြေး​ပေးသွင်းပြီး ​​ခေတ်​မှီစက်​ပစ္စည်း​တွေနှင့်​ ​လေ့ကျင့်​​ဆော့ကစားနိုင်​ပါတယ်​။ ဒီလို​ဆော့ကစားရာမှာ မိမိဖြစ်​ချင်​တဲ့ ခန္ဓာကိုယ်​ အချိုးအစားအလိုက်​ ​ဆော့ကစားရမည့်​ ပုံစံခြင်းဟာ မတူနိုင်​ပါဘူး။ ဥပမာ မိမိဟာလက်​ရှိ 'ဝ'​နေရာမှ ပိန်ပါးသွယ်​လှချင်​တယ်​၊ ဒါမှမဟုတ်​ ပိန်​​နေရာမှ ခန္ဓာကိုယ်​ပြည့်​တင်းပြီ ကိတ်​ချင်​တယ်​၊ အမျိုး​တွေဆိုလျှင်​လည်း ကြွက်​သား​တွေနှင့်​ ဖုထစ်​​ဖောင်းကြွ​နေချင်​တယ်​ စသဖြင့်​ မိမိဖြစ်​ချင်​တဲ့ ခန္ဓာကိုယ်​အချိုးအစားကို ကျွမ်းကျင်​တဲ့ gym trainer​တွေနှင့်​ ​ တိုင်​ပင်​​ဆွေး​နွေးပါ။
images (6).jpg
ဘယ်​လို ​လေ့ကျင့်​​ဆော့ကစားသင့်လဲ​၊ ဘယ်​လို အစာအာဟာရ​တွေ ဖြည့်​စွက်​စာ​တွေ မှီဝဲစားသုံးသင့်​လဲဆိုတာ ထို gym trainer​တွေမှာ လမ်းညွှန်​​ပေးပါလိမ့်​မယ်​။ သူတို့ရဲ့ လမ်းညွှန်​ချက်​​တွေအတိုင်း သေ​သေချာချာ ​လေ့ကျင့်​လိုက်​စားရင်​ တစ်​နှစ်​အတွင်း သင်​ဖြစ်​ချင်​တဲ့ ခန္ဓာကိုယ်​မျိုး ပိုင်​ဆိုင်​နိုင်ပါ​​လိမ့်​မယ်​။ အခုဆို 2018ခုနှစ်​ကို ​ရောက်​ရရှိ​တော့မှာပါ။ ​နောင်​နှစ်​ 2018ကုန်​လျှင်​ သင်​လိုချင်​တဲ့ ခန္ဓာကိုယ်​မျိုး ရရှိပိုင်​ဆိုင်​​နေ​လောက်​ပါပြီ။ ဘာ​တွေ ​တွေ​ဝေ​နေအုံးမှာလဲ အခုပဲ gym တစ်​ခုခုမှာ စာရင်း​ပေးပြီး စတင်​​လေ့ကျင့်​ဆော့ကစားလိုက်​ပါ​စို့.....။
images (7).jpg
images (8).jpg
Writer By Jhon
MSC-046
Photo By Google Image

Sort:  

အားကစားလိုက်စားမှ တမျိုးသားလုံးကျန်းမာမယ် 👏

Right

Gymတော့သွားမကစားဖစ်ပုအကိုရေ
ဒါပေမဲ့အမောခံနိုင်အောင်ဘာအားကစားလုပ်သင့်လဲဟင်ကြံပေးပါအုံးအကိုရေ

အရင်​ဆုံး ​ဆေးလိပ်​၊ကွမ်း၊အရက်​၊ဘီယာတို့ကို ​လျော့ပါ။ ဖြတ်​နိုင်​ပို​ကောင်းပါတယ်​။ အားကစားက​တော့ ​ပြေးတာ၊လမ်းမြန်​မြန်​​လျောက်​တာ၊ စက်​ဘီးနင်းတာ၊ ​လှေကားတက်​တာ​တွေကို ပြုလုပ်​​ပေးသင့်​ပါတယ်​။ ဖြစ်​နိုင်​မယ်​ဆို gymတစ်​ခုခုမှာ နည်းစနစ်​တကျ ​ဆော့ကစားသင့်​ပါတယ်​။ ​ကျေးဇူးပါ။

ကျေးဇူးပါအကိုရေ

အားကစားလုပ်​တာ​ကောင်းပါတယ်​ကျန်းမာ​ရေးအတွက်​။

အမှန်​​ပေါ့ဗျာ

ကျွန်တော်တောင် Gym သွားကစားချင်စိတ်ပေါက်လာပီဗျာ

ဟုတ်​ သွားသင့်​ပါတယ်

ကျန်းမာရေးတွက်ဆိုတော့လုပ်သင့်ဆုံးပဲ

ဟုတ်

လေ့ကျင့်ခန်းလေးတော့ ပုံမှန် ပြန်လုပ်ရအုံးမယ်ဗျာ

ပြန်​လုပ်​နိုင်​ပါ​စေ

လမ်းပဲလျောက်တယ် ကိုယ်တေက အသက်အရွယ်အရ ၊ အလုပ်အကိုင်အရ အားကစားမလုပ်နိုင်ဘူးလေ

ဟုတ်​လမ်း​လျောက်​တာလည်း သင့်​​တော်​ပါတယ်​။ ဖြစ်​နိုင်​မယ်​ ခပ်​သွက်​သွက်​​လေး ​ပြေးပါ။

Gym တောင်ကစားချင်လာပီ

Good

Gym ​တောင်​သွား​ဆော့ချင်​လာပြီ 😀

Good

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 63148.13
ETH 3109.71
USDT 1.00
SBD 2.51