SPUD နီးလာပြီ

in #myanmar7 years ago (edited)

image

ဘာလိုလိုနှင့် လကုန်ရက်ရောက်ခဲ့ပြန်ပါသည်။
လကုန်ရက်ရောက်ပြီဆို ထုံးစံအတိုင်း ကျွန်တော်တို့
သည် SPUD အတွက် post တင်ကြရပြန်ပါသည်။
SPUD မှ ဆုရတာ မရတာထား သူ့ဆီမှ vote
ရပါသည်။ လစဉ် ၁ရက်နေ့ရောက်တိုင်း SPUD
အတွက် ပိုစ့်တင်ရန် ကြိုးစား စာရေးရသည်။
ဆုမရလည်း စာရေးရတာ အမြတ်ပါ။

အောက်တိုဘာ ၁ ရက်နေ့ရောက်လျှင် ကျွန်တော်တို့
မြန်မာပြည်မှာ ယူနီကုတ်များကို တရားဝင် အသုံး
ပြုတော့မည်ဖြစ်သည်။ ထို့ကြောင့် SPUD
အတွက်ပိုစ့်တင်ရင်း ယူနီကုတ်လည်း အစမ်းရေး
ရင် တစ်ချက်ခုတ် နှစ်ချက်ပျက် ဖြစ်သွားသည်။
SPUD မှာ ဆုရဖို့ steem power up ရန်
Steem ကအရနည်း၍ ပါဝါနည်းနည်းသာ
အပ်နိုင်ပါသည်။ ဟိုးယခင်က Steem ဈေးကျလျှင် steem, sbd, SteemPower များကို ခုနှစ်ရက်ပြည့်လျှင် များများပေးတတ်သည်။ ယခု steem ဈေးကျပါသော်လည်း ယခင်လို များများမ‌ပေးတော့ချေ။

20190930_174449.jpg

ထို့ကြောင့် steem power များများအပ်ချင်ပါသော်လည်း နည်းနည်းသာ ရရှိသောကြောင့်
နည်းနည်းသာအပ်ရပါတော့သည်။ SPUD
ပြိုင်ပွဲမှာလည်း ဆုရဖို့။ ဆုရလောက်အောင်
လည်းကိုယ်တွေမှာ steem က အပ်ရအောင်
ဝိုင်းစုခိုင်သိန်းရဲ့ မက်လောက်စရာ တစ်ကွက်မှ
မရှိ ။ သူများတွေ ဘယ်လိုလုပ်သည်မသိ
အပ်လိုက်တဲ့ ပါဝါတွေ မယုံနိုင်အောင်ဖြစ်ခဲ့ရ
လောက်အောင် ပါဝါတွေအပ်ကြတာ။

ဘယ်လိုဘဲဖြစ်ဖြစ်ပါလေ SPUD အတွက်
ပါဝါတွေများများမအပ်နိုင်တောင် ပိုစ့်တစ်ခု
ရေးတင်ရတာ အမြတ်ပါ့။ SPUD အတွက်
ကြိုတင်ပိုစ့်တစ်ခုတော့ရေးပြီသွားသည်။
နောက်ဆုံးတော့ ယူနီကုတ်နှင့်လည်း စာရေး
ပိုစ့်နိုင်ခဲ့ပြီလေ။ အများတကာ ယူနီကုတ်ဆိုတော့လည်း ယူနီကုတ်ရတာပ။ အများတကာ
SPUD ဆိုတော့လည်း SPUD ပါပဲပေါ့။
Steemit ရဲ့ steem ဈေးကလည်း ဘယ်တော့
တက်မလဲပေါ့နော်။ ‌မျှော်လင့်ရင်း post တွေ
ရေးတင်ရင်း။

20190930_174549.jpg

အန်တီမာမာအေးရဲ့ သံသရာဆွဲဆန့်လို့
ဘယ်လောက်ပင်ရှည်ရှည် ဆိုသလို
Steem ရေ နင်ဘယ်လောက်တောင်များ
ဆွဲနေနိုင်မလဲဆိုတာ ငါ စာရေးပြီး
SPUD မှာပြိုင်ရင်း နင်ကို စိတ်ရှည်စွာ
စောင့်နေပါ့မယ်လို့ ။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

မနက်ဖြန် power up ကြမယ်

Posted using Partiko Android

ဟုတ်ကဲ့ပါ ကိုဟိန်းရေ

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 63092.89
ETH 1689.94
USDT 1.00
SBD 0.42