နေဝင်ချိန်လား ကျချိန်လား
စနေနေ့ မနက် ၁၁နာရီ၌ မိတ်ဆွေမိသားစုသည်
ရန်ကင်တောင် အရပ်ရှိ YGW ဘိုးဘွားရိပ်သို့
သွားမည်ဖြစ်၍ အားပါက လိုက်ခဲ့ရန်ခေါ်သည်။
ကိုယ်တွေကလည်း နေကောင်းကာစ
လမ်းထွက်ချင်နေသည်နှင့် အတော်ဖြစ်သည်။ ၁၁း၃၀ နာရီ သွားမည်ပြော၍ ရေအမြန်ချိုး၊
ထမင်းအမြန်စားကာ စောင့်နေသည်။ ၁ နာရီ
ထိုးသည်အထိ မိတ်ဆွေကပေါ်မလာ
သူတို့စောင့်ရင်း အိပ်ငိုက်မျည်းလာသည်။
မိတ်ဆွေများရောက်လာတော့ ၂နာရီထိုးပြီးဖြစ်
သည်။ ပဲလမုန့်နှင့် ရှာပေါ်ဝဲမုန့်များကို အဘိုး
အဘွားများ ကန်တော့ရန် ဝင်ဝယ်၍ နောက်ကျနေ
ခြင်းဖြစ်သည်။ လမ်း ၃၀အတိုင်းရှေ့သို့တက်ကာ
ပြင်ဦးလွင်ကားလမ်းမပေါ်ရောက်သည်။
ထိုမှ သစ္စာဝေဒဂူကားလမ်းအတိုင်း ရှေ့ဆက်သွားရသည်။ သစ္စာဝေဒဂူ မရောက်မီ ကားလမ်းဘေးတစ်ဖက် တစ်ချက်တွင် တဲအိမ်လေးများဆောက်ကာ အကြော်မျိုးစုံရောင်းသည့်ဆိုင်လေးများစွာ
ကိုတွေ့ရသည်။ မိသားစုလိုက်၊ မိတ်ဆွေအစုလိုက်၊
လူငယ်စုံတွများကို အချို့က အချိုရည်သောက်
ရင်း၊ အချို့က ထန်းရည်၊ ယမကာများသောက်
ရင်း အပန်းဖြေနေကြသည် တွေ့မြင်ရသည်။
သစ္စာဝေဒဂူ၊ မုံလယ်တောရ တရားစခန်းလမ်းများကိုဖြတ်ကျော်၍ ထူးမတောင်ပေါ်သို့ ကားဖြင့်
တက်ခဲ့ကြသည်။ လမ်းခရီးတွင် ဆိုင်ကယ်များ
ဖြင့်တက်သူများကို တွေ့ရသည်။ လမ်းတစ်ဝက်
ခန့်တွင် မျောက်များကို အစာကျွေးနေသည့်
နေရာလေးကို မြင်တွေ့ခဲ့ရသည်။ တောင်ခြေမှ
၁၀မိနစ်၊ ၁၅မိနစ်ခန့်ကားမောင်းပြီးသောအခါ YGW ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းသို့
ရောက်ရှိသည်။
ဘိုးဘွားကျောင်းသို့ရောက်လျှင် ဆရာတော်အား
ကန်တော့၍ မုန့်နှင့် အလှူငွေကပ်ကြသည်။
ဘိုးဘွားကျောင်းသည် တည်ထောင်လာတာ
၎နှစ်ကျော်ပြီဖြစ်ကြောင်း ဆရာတော်က ရှင်းပြ
သည်။ ပရဟိတ အသင်းများမှ လာရောက်ပို့သည့်
အဘိုးအဘွားများ၊ ဆွေမရှိ မျိုးမရှိဘိုးဘွားများ၊
လမ်းဘေးဒုက္ခရောက်နေသည့် ဘိုးဘွားများ၊
မသွားမလာနိုင်သည့် ဒုက္ခိတဘိုးဘွားများ၊
စိတ်ရောဂါဝေဒနာရှင်ဘိုးဘွားများကို ပြုစု
လက်ခံကာ စောင့်ရှောက်ပေးနေခြင်းဖြစ်သည်။
မိတ်ဆွေတို့ မိသားစုက အဘိုးအဘွားများကို
တစ်ဦးဆီ မုန့်ထုတ်များလိုက်လံပေးဝေလှူကြ
သည်။ အဘိုးအဘွားများက ကျန်းမာသူရှိသလို၊
ကျန်းမာရေးချို့တဲ့သူလည်းရှိကြသည်။
မုန့်များလက်ခံယူပြီး အဘိုးအဘွားများက
ဆုများပေးကြသည်။ အဘိုးအဘွားများက
သူတို့ရရှိသည့်မုန့်များကို ပလတ်စတစ်သေတ္တာ
အတွင်း ထည့်၍သိမ်းဆည်ကြသည်။ အဘွား
တစ်ဦး၏ ပလတ်စတစ်သေတ္တာ ကို အမှတ်
မထင် မျက်စိကရောက်သွားသည်။
မုန့်တွေ မုန့်တွေ အများသားဗျ။ ကိတ်ခြောက်၊
အချိုရည်ဗူး၊ ခေါက်ဆွဲခြောက်နှင့် အခြားမုန့်များစွာကို သေတ္တာနှင့် အပြည့်တွေ့မြင်လိုက်ရသည်။
အခြား အဘွားများတွင်လည်း အဆိုပါ
ပလတ်စတစ်သေတ္တာများ ကိုယ်စီရှိကြလေသည်။
YGW ဘိုးဘွားစောင့်ရှောက်ရေးကျောင်းသည်
လူမျိုးသာမရွေး အဘိုးအဘွားများ၊ နာမကျန်း
ဘိုးဘွားများကိုပါ လက်ခံပြုစုစောင့်ရှောက်ပေး
သည့် နေရာလေးဖြစ်သည်။ လူ့ဘဝနေဝင်ချိန်မှာ
အားအင်ကုန်ခမ်း ချိနဲ့နေကြသည့် အဘို အဘွားများကို ကူညီဖေးမပေးနေသော YGW ဆရာ
တော်နှင့်အဖွဲ့အား ဂုဏ်ပြု့ရေးသားလိုက်ပါသည်။


Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks esteemapp
ဖုန်းက ယူနီကုဒ် ပြောင်းလိုက်တော့ စာတွေ ဖတ့မရတော့ဘူး😁
Posted using Partiko Android
😁 ပြောင်းလိုက်အုံးမယ်