အို လောဘ Greesy.
Steem ဈေးက တက်လာမလိုလိုနဲ့ ကျသွားပြန်။
ပြားငါးဆယ်တော့ရောက်ခဲ့ပါသည်။ ပြားငါးဆယ်ကို
ထိန်းထားပါဟ စိတ်ထဲမှ ပြောမိသည်။ အော်လောဘ
ပြောပြတာပါ။ ငါးဒေါ်လာထိရောက်သွားလည်း
ဘာပြုမှာမို့လို့လဲ။ တကတည်း တင်းခံနေတာ။
”တက်လိုက်ပါလား steem ဈေးလေးရ”
”တက်လိုက်ပါလား steem ဈေးလေးရ”
အဲ့ကလို အော်ပြီး တိုင်ပေးရမလားမသိတော့ဘူး။
ထီတွေထိုးနေတာ လောဘ
ချဲတွေထိုးနေတာ လောဘ
နှစ်လုံးတွေထိုးနေတာ လောဘ
ဘောလုံးတွေ လောင်းနေတာ လောဘ။
Steem တွေဈေးတက်ပါစေလို့ ဆုတောင်းနေတာ
လောဘမဟုတ်ပါဘူးနော့ 😁။ ကိုယ့်လုပ်အားခ
လေး ပိုတိုးတောင်းတာပါနော့ 😁။ လောဘ
နှင့်ပတ်သက်ပြီး လူတွေကို နည်းအမျိုးမျိုးဖြင့်
ဖြားယောင်းသွေးဆောင်နိုင်သည်။ ကျွန်တော်
ငယ်စဉ်က လွန်ခဲ့သောအနှစ် ၂၀ ကျော်ကပေါ့။
ဒီအကြောင်းကို ရေးသင့် မရေးသင့်စဉ်းစားမိပါ
သေးသည်။
ကျွန်တော်ငယ်စဉ် နွားထိုးကြီး၊ မလှိုင်ဖက်သွားသည့်
လမ်းတွင် ရွှေပေါ်ကျွန်းဟုခေါ်သည့် နေရာတစ်ခုလား
ရွာတစ်ရွာလားမမှတ်မိတော့ပါ။ အဆိုပါနေရာကို
ရောက်ဖူးသည့်သူလည်းရှိမည် ကြားဖူးသူလည်းရှိ
ကြပါမည်။ အဆိုပါ ရွှေပေါ်ကျွန်းတွင် ဘုန်းကြီးတစ်ပါးရှိသည်။ ထိုကိုယ်တော်ကြီးက အင်မတန် နာမည်
ကြီးလှသည်။ မန္တလေးမြို့အနီးတဝိုက်မှ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် သွားရောက်လှူဒါန်းကာ
ဆုတောင်းကြသည်။ ဓိဌာန်ကြသည်။ ဆုတောင်း
ဓိဌာန်အောင်မြင်၍ သွားရောက်သူများပြားသည်။
ထိုဆရာတော်ကြီးက အမှန်ပင်တရားရှင်ဖြစ်မည်
မဖြစ်မည်ဆိုတာတော့ မသိပါ။ ဆရာတော်ကြီး
အပါး နေသူတို့က လှူဖွယ်ပစ္စည်းများကြောင့်
လောဘတက်လာကြသည်။ ဆရာတော်ကြီးအားဖူးမျော်ရန်လာသူများကို လှူဖွယ်ပစ္စည်းပါသည့်သူမှသာ အနီးကပ်ဖူးမျော်ခွင့်ရှိသည်။ လှူဖွယ်ပစ္စည်း
မပါသူများက အဝေးခြံစည်းရိုးအပြင်မှ လှမ်းဖူးခွင့်ရကြသည်။ ထိုစဉ်က ဆရာတော်အား လှူဖွယ်
ပစ္စည်းကပ်ရင်း တွေးမိသည့် ကျွန်တော့်အတွေးဖြစ်ပါသည်။ နောက်ပိုင်းတွင် ရွှေပေါ်ကျွန်းအကြောင်း
လူတို့အမျိုးမျိုးပြောကြသည်။ တဖြည်းဖြည်း
နှင့်ပျောက်ကွယ်သွားသည်။
လူတို့သည် လောဘကြီးကြသည်။ ဖြတ်လမ်းနည်း
ဖြင့် ချမ်းသာချင်ကြသည်။ တိုးစေ၊ ပွားစေ၊
ပျောက်စေဆရာများ ရှာကာကိုးကွယ်ကြသည်။
ကျွန်တော်ငယ်စဉ်က သူရဲဈေး၊ အိုးဘိုဖက်တွင်
လည်း ဆရာတော်တစ်ပါးပေါ်၍ လူတို့ကသွား
ရောက် ဆုတောင်းကြပြန်သည်။ ထိုဆရာတော်
လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
လူတို့သည် လောဘမှတဆင့် ထူးထူးဆန်းဆန်း နှင့်
ပျောက်စေဆရာများထံရောက်သွားပြန်သည်။
ငယ်စဉ်က ယခုရွှေကြက်ယက်ဘုရားအနီးတွင်
ကြောင်မှစကားပြောသည်ဆို၍ သွားကြည့်ကြပြန်
သည်။ကြောင်က သူ့သဘာဝ တညောင်ညောင်
အော်သည်ကို ကြောင်ချီသည့်အမျိုးသမီးက
ဘာသာပြန်ပြခြင်းဖြစ်သည်။
ဟိုတလောက ဘွားနဂါးဆိုလား နဂါးလေးဆိုလား
ကလေးတစ်ဦးပေါ်လာခဲ့သည်။ ထိုကလေးလက်နှင့်
ထိလျင်ရောဂါပျောက်သည်ဆို၍ သွားလိုက်ကြသည့်
လူတွေ မနည်းပါဘူး။ ထိုနောက်တွင် မည်သည့်
ပြဿနာများဖြစ်သည်မသိပါ ပိတ်သိမ်းသွားရသည်။
လူတို့သည်လည်း ဘာဟေ့ ညာဟေ့ကြားလျင်
သွားကြရန်အသင့်အနေအထားရှိကြသည်။
အဟောအပြော၊ ယတြာမှန်တယ်ဆိုပါက သူ့ထက်ငါ
အလုအယက်သွားကြသည်။ ကြားသိသလောက်ရေး
ရခြင်းဖြစ်ပါသည်။ တခြားကျန်နေသည်များလည်းရှိပါအုံးမည်။ လောကမှာ လောဘသားတွေကများ
တော့ လောဘတွေနောက်လိုက်နေကြပါအုံးမည်။




ပုထုဇဉ်ဖြစ်နေသေးတာကိုး ဦးထွေးရေ
Posted using Partiko Android
ပုထုဇဉ်တွေဆိုတော့လည်း ဘယ်လိုပြောမလဲပေါ့နော် sterm ဈေးလေးတော့တက်ချင်ပါသေးတယ်လေ 😁
@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
ဟုတ်ကဲ့ ကျေးဇူးပါ
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks esteemapp
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
👍👍👍
ရောက်ဖူးတယ် ကိုဒေ ၆တန်းနှစ်လောက်က ပုဂံအပြန်ဝင်ဖူးတာ အဲ့တုနါးက နာမည်ကြီးခါစ ဆိုတော့ ဒိတိုင်း အနီးကပ်ဖူးရတယ် ဘာတေလဲမသ်တဲ့ အဆောင်ဆိုတာတွေလည်း အများကြီးပေးလိုက်တယ် နောက်တော့မှ အဲ့လ်ုဒေ ဖြစ်ကုန်ဒါ
အော် မမလည်းရောက်ဖူးသကိုး ကျွန်တော်သွားတော့
လူတွေအင်မတန်စည်ကားနေပြီ
မိုးကုတ်ဆရာတော်ကြီးပြောသလို
ဟဲ့ ဒကာမကြီးတို့ ရဟန္တာ ပေါ်တယ်ဆိုပီး ဘယ်ပြေးလိုက် ညာပြေးလိုက်နဲ့လိုက်ဖူးနေတာ ဒကာမကြီးတို့ ရဟန္တာ ကောမြင်ဖူးကြရဲ့လားဆိုသလိုပဲ
ကိုယ့်ဆရာရင်းရဟန္တာကို ရှေ့ထားပီး ဟိုနားကြား ဟိုနားလိုက် ဒီနားကြားဒီနားလိုက်ဖြစ်နေတာ
ဟုတ်ပါ့ ကိုသက်ရေ စီကနဲ့ကြားလိုက်ရင် အုံးကနဲ့ရောက်သွားကြတာ ချမ်းသာချင်တဲ့လောဘစိတ်တွေနဲ့
လောဘကြီးလွန်းရင်အမှန်အမှားမခွဲခြားနိုင်ပြီ....steemဈေးတက်လို့ကတော့ပျော်ပြီပေါ့....😁
Posted using Partiko Android
လောဘကြီးတယ်လို့ပြောနဲ့ steem ဈေးလေးတက်ပါစေ 😁
တရက်လေးငါးကြိမ်ကတော့စတီးဈေးလေးကြည့်မိတာဘဲ လူတိုင်းထင်ပါတယ်
ဒါပေါ့ ဦးယုရေ ကျုပ်ဆို နေ့စဉ်ဖုန်းဖွင့်တာနဲ့
Steem ဈေးကိုမျက်လုံးကရောက်သွားတယ်
လူတိုင်း လောဘတော့ ရှိကြမှာပါ။ဒါပေမဲ့ မတော်လောဘ ဆိုတဲ့ သဘောမျိုးမဖြစ်စေဘဲ ရှိသင့်ရှိထိုက်တဲ့အနေအထားလေးထားပြီး တဖြည်းဖြည်းလောဘနည်းအောင် သတိလေးနဲ့ လူ့ဘဝကို အကျိုးရှိအောင် ကြိုးစားနေထိုင်သွားကြရမှာပေါ့။
Posted using Partiko Android
လောဘတော့ရှိကြရမှာပါ မတော်လောဘမဖြစ်ကြရအောင်ပ