When I Was Young
ကျနော်လမ်းလျှောက်တတ်စအရွယ်တုန်းက ကျနော်တို့ ရပ်ကွက်လေးမှာ လျှပ်စစ်မီးမရသေးပါ။ ကျနော်တို့ အိမ်ရှေ့မှာ ထိုစဉ်က ကွပ်ပြစ်လေးတစ်ခုရှိသည်။ ည,ည ဆိုလျှင် ထိုကွပ်ပြစ်လေးပေါ်မှာ
ထိုင်ကာ စကားတွေဖောင်ဖွဲ့ ပြောဆိုကြသည်။
ဥပုသ်နေ့တွေ ရက်ကြီးအခါကြီးတွေဆိုလျှင် ထိုကွပ်ပြစ်ပေါ်တွင် ရပ်ကွက်ထဲမှ လူကြီးများစုဝေးကာ သာရေး နာရေးအကြောင်းများ၊ ဘုရားဟောတရားဒေသနာများကို အပြန်အလှန်ဆွေးနွေးကြသည်။ ထိုလူကြီးတွေလာလျှင် အိမ်ကအဘွားက ရေနွေးကြမ်းနှင့် ငါးခြောက်ဖုတ်၊ တစ်ခါတစ်ရံ ဆတ်သားခြောက်ဖုတ်၊ ဂျင်းသုပ်၊ လက်ဖက်သုပ် တို့ဖြင့် ဧည့်ခံသည်။
ကျနော်တို့ကလေးတွေက လူကြီးတွေပြောသမျှကို မေးလေးထောက်ကာ နားထောင်ကြသည်။( အမှန်တော့ ဆတ်သားခြောက်ဖုတ်စားချင်လို့ နားထောင်ချင်ယောင်ဆောင်ခြင်းဖြစ်သည်။ ရှုး တိုးတိုး..... အဘွားမသိစေနဲ့နော်၊ သိသွားရင် ခေါင်းခေါက်ခံရမှာဗျ😁 )
Mandalay Night
လျှပ်စစ်မီးမရသေးတာလည်း တစ်ခုတော့ကောင်းပါသည်။
လပြည့်နေ့များတွင် ၀ိုင်းစက်နေသောလမင်းကြီးကို ရှင်းလင်းစွာမြင်ခွင့်ရသည့်အပြင် လရောင်ကို အပြည့်အ၀ 100% ခံစားခွင့်ရှိသည်။ ယခုအခါ အထပ်မြင့်တိုက်တာအဆောက်အဦးများကြောင့် အိမ်ထဲကနေ အပြင်ကို လှမ်းကြည့်လျှင်တောင်
လကိုကောင်းကောင်းမမြင်ရပါ၊ တစ်ခါတစ်လေ ဖိုးရွှေလကို မြင်ရပေမယ့်လို့
လျှပ်စစ်မီးရောင်စုံများသည့်မြို့ပြရဲ့အလင်းရောင်ကြောင့်
ကြောင့် လမင်းရဲ့အလင်းရောင်ဝါထိန်ထိန်လေးက မျက်နှာငယ်နေရသည်။
လပြည့်ညရဲ့အလင်းရောင်အောက်တွင်
အိမ်ရှေ့ကွပ်ပြစ်ပေါ်ဝယ် အဖေ၊ အမေ၊ အဘိုး၊ အဘွား များဖြင့် အတူတူထိုင်ကာ ကောင်းကင်ကြီးကိုကြည့်၍ " ဟိုကြယ်လေးက ဘာကြယ်လေးလဲ" ဟု ကလေးပီပီ စပ်စုခြင်း၊ အမေ့ပေါင်ပေါ်ခေါင်းအုံးကာ ဒီနေ့ ကြယ်ဘယ်နှစ်လုံးထွက်လဲ ရေကြည့်ခြင်း စသည့်အခိုက်အတန့်လေးများကို ယခုတိုင် အောက်မေ့တမ်းတလျှက်ရှိပါသည်။ အဲ့ဒီတုန်းက ကြယ်လေးတွေကို ချစ်တယ်။
I Love Twinkle Twinkle Little Star (★^O^★)
Author 👉 @honeysara
Photo from Google

အမက မန်းလေးကလား မန်းလေးသူတွေက ကျွန်တော် ကျွန်တော်နဲ့ ပြောတတ်ကြတယ်နော် ။ မန်းလေးသူတွေ ကျွန်တော် ကျွန်တော်နဲ့ပြောကြတာ ဘာကြောင့်လဲဗျ။ ကျွန်တော်ကြားဘူးထားသလိုကြောင့်များ ဖြစ်နေမလား မသိဘူးနော် ။
ဟုတယ်...မန်းလေးသူသူစစ်စစ် 😁
ကျွန်မလို့ ပြောတတ်ဖို့ တော်တော်ကြိုးစားရတယ် 😂
myanmar is so beautiful place .i like myanmar.
Really .
Thank you 😇
very nice sky!
yeah , so beautiful .
ငယ်သေးရှာတယ်
Twinkle Twinkle Little Star ဆိုတော့
😂😂😂
You just rose by 1.0765% upvote from @therising courtesy of @honeysara. Earn 43.8% APR by delegating SP to therising. For more details visit: https://steemit.com/budget/@therising/auto-daily-payout-of-43-8-apr-for-steem-power-delegations-starting-from-500-sp-only-limited-period-offer.
You got a 2.70% upvote from @nado.bot courtesy of @honeysara!
Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.
This post has received a 4.93 % upvote from @chronocrypto thanks to: @honeysara.
You got a 4.53% upvote from @steembidbot courtesy of @honeysara!
Thank you so much for using our service!
Help us grow by delegating to us! 100sp, 500SP, 1000SPYou just received 6.25% upvote from @onlyprofitbot courtesy of @honeysara!
You got a 2.38% upvote from @getboost courtesy of @honeysara!