Shani (အပိုင်း၃)

in #myanmar8 years ago (edited)

အပိုင်း(၁)ဖတ်ရန်>https://steemit.com/myanmar/@honeysara/shani-dev-50254f48d81f2

အပိုင်း(၂) ဖတ်ရန်>https://steemit.com/myanmar/@honeysara/shani-ngybaw-ed8bd6af19a1a

ကယ်ကြပါဦး.... ကယ်ကြပါဦး''
တစ်ယောက်ယောက်အော်ဟစ်အကူအညီတောင်းနေသောအသံကို ကြားလိုက်ရတော့ ပထမအံ့သြ သင့်သွားသည်။ ဒီတောအုပ်လေးထဲမှာ အမေရယ် ကျွန်တော်ရယ် ကျေးငှက်သာကရလေးတွေရယ်ပဲရှိခဲ့တာလေ အရင်က၊ တခြားဘယ်သူမှမရှိခဲ့။ ဟော အခုတော့ သက်ရှိတစ်ယောက်ရဲ့အကူအညီတောင်းသံကြားလိုက်ရတယ်။ ဘယ်သူများဒုက္ခရောက်နေပါလိမ့်
ဆိုတဲ့အတွေးနဲ့ အသံလာရာဘက်ဆီသို့ လိုက်ရှာရင်းသွားနေမိတယ်၊ ဒီလိုနဲ့ တောအုပ်လေးရဲ့အပြင်ဘက်ကိုရောက်မှန်းမသိရောက်သွားတော့တယ်။

တောအုပ်လေးရဲ့အပြင်ဘက်ကိုရောက်တော့ တွေ့လိုက်ရသည့်မြင်ကွင်းကား ကျီးကန်းတစ်ပိုင်းလူတစ်ပိုင်းနတ်မိစ္ဆာကလေးငယ်အား နတ်ဆိုးမိစ္ဆာတစ်ကောင်မှ ဖမ်းဆီးစားသောက်ရန်ကြံစဉ်နေသည်။ ကျီးကန်းငယ်လေးကား အသက်ဘေးကို ကြောက်လှသဖြင့် ကယ်ပါကူပါ တစာစာ အော်ဟစ်နေရှာသည်။ မတရားမှုကို ပထမဆုံးအကြိမ်မြင်တွေ့ဖူးချင်းရယ်ပါ။ ဒါဟာ ကြီးငယ်နိုင်ညှဉ်းလုပ်တာပဲဟု သဘောပေါက်သွားသောအချိန်တွင် ကျွန်တော့်သွေးတွေပွက်ပွက်ဆူလာသည်။ ကျီးကန်းငယ်လေးကို ကယ်တင်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့ကြောင့် နတ်ဆိုးဆီသို့သွားကာ ကျီးကန်ငယ်လေးကို ဒုက္ခမပေးရန်သွားတားလိုက်သည်။ သူ့လိုအင်အားကြီးလှသောနတ်မိစ္ဆာကို ဆယ်နှစ်သားအရွယ်ကလေးငယ်လေးက လာရောက်တားမြစ်သဖြင့် နတ်ဆိုးကဟားတိုက်ရယ်သည်။
ညှိမရသည့်အဆုံးတွင် စိတ်တိုလာသဖြင့် ဒေါသဖြင့်အော်ဟစ်လိုက်ရာ ထိုနတ်ဆိုးနေရာတွင်ပင် ဇီဝိန်ချုပ်သွားရှာသည်။ ကျီးကန်းလေးမှာ ကျွန်ပ်အားကျေးဇူးတင်လွန်းလှသဖြင့် ကျွန်ပ်နောက်မှ တကောက်လိုက်လာသည်။ ကျေးဇူးတင်ရန်မလိုကြောင်း သွားလိုရာသွားနိုင်ကြောင်းပြောသော်လည်း ထိုကျီးကန်းလေးမှာ သွားစရာနေရာကလည်းမရှိ၊ ဆွေမျိုးများကလည်း အနိမိတ်ကောင်ဟု ပစ်ပယ်ထားသဖြင့် အားငယ်ကာအသိုက်မှ တစ်ယောက်တည်း ထွက်လာသောကြောင့် ယခုကဲ့သို့ဒုက္ခရောက်ကြောင်း ကျွန်ုပ်အား ငိုယို၍ ပြောပြရှာသည်။ ကျွန်ုပ်လည်းသနားလှသဖြင့် ကျွန်ပ်နေထိုင်ရာ တောအုပ်လေးသို့ခေါ်လာခဲ့သည်။ ဤသို့ဖြင့် ကျီးကန်းလေးမှာ ကျွန်ုပ်၏ ပထမဆုံး မိတ်ဆွေတစ်ယောက်ဖြစ်လာခဲ့သည်။
ထိုကျီးကန်းလေးနာမည်မှာ ''ကာကိုး'' ဟုခေါ်၏။

main1024(1).jpg
Image Source >>http://www.ombooksinternational.com/omkidz/Shani-Dev_571.html

ကျွန်ုပ်တောအုပ်လေးသို့ပြန်ရောက်သောအချိန်တွင် အမေက ကျွန်တော့်အားမတွေ့သဖြင့် စိတ်ပူစွာလိုက်ရှာနေသည်ကို တွေ့လိုက်ရသည်။ ကျွန်ပ်ကိုတွေ့တော့ သူ့စကားနားမထောင်ဘဲတောအုပ်အပြင်ထွက်ရပါ့မလားဟု မဆူမငေါက်ဘဲ ကျွန်ပ်အား ထွေးပွေ့လိုက်ကာ ''သားလေးဘာဖြစ်သွားသေးလဲ''ဟု စိုးရိမ်တကြီးမေးရှာသည်။ ကျွန်ုပ်လည်း ဘာမှမဖြစ်ကြောင်းပြောဆိုကာ ''ကာကိုး'' နှင့်မိတ်ဆက်ပေးလိုက်သည်။

Author > @honeysara
MSC-040

MRTV Entertainment မှ ထုတ်လွှင့်ပြသလျှက်ရှိသော ''တန်ခိုးထွန်းလင်း စနေဂြိုဟ်မင်း'' ဇာတ်လမ်းတွဲကိုကြည့်၍ ခံစားရေးဖွဲ့ထားပါသည်။

Sort:  

ဇာတ်လမ်းတွဲ အစအဆုံးပြီးအောင် ရေးပါ၊နှစ်ပေါက် ပါလေ့စေ အားပေးနေမယ် အယ်လဲ

မြန်မြန်ပီးအောင် pro မရှိတဲ့နေ့ပါရေးဦးမှာ 😁

စ​နေ ကိုခံစား​ရေးဖွဲ့သည်​ဆိုပါလား
ဧကန်​ စ​နေသမီးလား :-)

စနေဂြိုဟ်မင်းကြီးကို လေးစားလို့ပါဗျာ 😇

ပြီးရင် စာအုပ်ထုတ်ပေးပါဗျို့

စာအုပ်ထုတ်ဖို့ငွေစုလိုက်ဦးမယ် 😁

ဖတ်လို့ကောင်းတုန်းရှိသေးပြီးသွားသည်။အားပေးနေပါသည်

ဇာတ်လမ်းကတိုနေလို့ ထပ်ဖြည့်ပြီးရေးထားပါသေးတယ်နော် 😁

ဇာတ်လမ်းတွဲ အစအဆုံးရေးမှာလား အမ။
နှစ်ပေါက်အောင် ရေးရမှာ...hee.. 😁 😁..

ဟုတ်တယ် နှစ်ပေါက်အောင်ရေးရမှာ ပျော်စရာကြီး 😂😂

@minnowfairy has given your post a 8.33% upvote! Follow @minnowfairy to stay updated on our latest programs and initiatives.

ကောင်းပါ​တယ်​အမ အမစာ​လေး​တွေဖတ်​​နေရ​တော့ videoကြည့်​စရာမ​တော့ဘူး😂😂

အခွေဖိုးသက်သာရေးအကြံအစည် 😂

You got a 1.24% upvote from @allaz courtesy of @honeysara!

Thanks for using Bid Voting Bot @allaz service and Steem Upvote Bot Tracker
I want to introduce you to my new friend @monsterbit in order to give additional thanks!
Do you know who is @monsterbit is? My friend, you can miss a lot. I highly recommend checking him with introduceyourself. He is going to hold interesting contests with cash prizes and promises to tell a lot of interesting stories!

အော်လိုက်တာနဲ့ကို ဇီဝိန် ချူပ်
နာ့ မှာသာ အဲ့လို အသံမျိုး ရှိလိုကတော့ ဟွင်း…ဟွင်း

အိုက်စ်..ကြောက်တယ်နော် မမမြန်မာ 😁

ပျော်​ပြီ​လေ .. ဒီက​နေပဲ ​စောင့်​ဖတ်​​တော့မယ်​ ...😀😀

အယ် 😁😁

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 63940.64
ETH 1672.83
USDT 1.00
SBD 0.42