Huawei Closed Bootloader Unlock

in #huawei8 years ago

Huawei စမတ်ဖုန်းတွေဟာ Software ပိုင်းမှာ Android OS ကိုပဲ အသုံးပြုထားပေမယ့် အထဲက ဒီဇိုင်းနဲ့ Features တွေကို ပြင်ဆင်ထားတဲ့ EMUI ကို အသုံးပြုနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင်က Huawei ဖုန်းတွေရဲ့ Hardware ကို သဘောကျပေမယ့် EMUI ကို မကြိုက်တဲ့သူတွေက Custom ROM တွေတင်ပြီး အသုံးပြုကြတာဖြစ်ပါတယ်။IMG_20180613_185906.jpg

အခုအချိန်မှာတော့ Huawei က သူရဲ့ စမတ်ဖုန်းတွေမှာ Custom ROM တွေအသုံးပြုတာကို မကြိုက်ဘဲ ပိတ်သိမ်းသွားတော့မယ့်ပုံပါပဲ။ ယခုလအစောပိုင်းတုန်းက Huawei က သူရဲ့ စမတ်ဖုန်းတွေကို Bootloader Unlock ပြုလုပ်နိုင်တဲ့ Support Page ကို ဖြုတ်သိမ်းခဲ့ပြီး Email ကတစ်ဆင့် Bootloader Unlock ပြုလုပ်နိုင်အောင် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
IMG_20180604_060022.jpg
ဒါပေမယ့် အခုတော့ Email က တစ်ဆင့်လည်း Bootloader Unlock ပြုလုပ်နိုင်မှာမဟုတ်တော့ဘဲ လက်ရှိ Bootloader Unlock Support တွေအကုန်လုံးကို ပိတ်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီအတွက် မေလ ၂၄ ရက်နောက်ပိုင်း ရောင်းချနေတဲ့စမတ်ဖုန်းတွေအကုန်လုံး Bootloader Unlock ပြုလုပ်ခွင့်ရရှိမှာမဟုတ်သလို အစောပိုငး်က ရောင်းချထားတဲ့ Huawei ဖုန်းတွေအကုန်လုံးလည်း ရက် ၆၀ အတွင်း Bootloader ပြုလုပ်ခွင့်ရရှိမှာဖြစ်ပြီးတော့ ရက် ၆၀ ကျော်သွားရင် Bootloader Unlock ပြုလုပ်ခွင့် ပိတ်သိမး်သွားမယ်ဆိုတဲ့ အကြောင်းကြားစာကို ရရှိနေကြတယ်လို့ သိရပါတယ်။

Huawei ရဲ့ EMUI ဟာ Features တွေပါဝင်မှုများပြားတယ်ဆိုပေမယ့် လက်ရှိအချိန်မှာ Pure Android နဲ့ယှဉ်ရင် လျှင်မြန်မှုနဲ့ Update ရရှိမှုနှေးကွေးတဲ့အတွက်ကြောင့် အခုနောက်ပိုင်း Huawei က Hardware အကောင်းစားနဲ့ စမတ်ဖုန်းတွေထုတ်လုပ်နေပေမယ့် ဝယ်ယူသူနည်းပါးနေတာဖြစ်ပါတယ်။ အခုလိုမျိုး Custom ROM တွေပါ အသုံးပြုလို့မရတော့အောင် Bootloader Unlock ပြုလုပ်ခွင့်ပိတ်သိမ်းလိုက်တာက Android OS ရဲ့ လွတ်လပ်တဲ့ Open Source စနစ်နဲ့တောင် မကိုက်ညီတော့သလိုဖြစ်ပြီး လက်ရှိအချိန်မှာ ကန့်ကွက်နေတဲ့သူတွေလည်း အများအပြားရှိနေပါပြီ။

Huawei ကိုယ်တိုင်ကတော့ အခုကိစ္စအတွက် ဖြေရှင်းချက် တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
source

Sort:  

Flagged for Plagiarism again. @steemflagrewards

Steem Flag Rewards mention comment has been approved! Thank you for reporting this abuse, @steemseph categorized as plagiarism. This post was submitted via our Discord Community channel. Check us out on the following link!
SFR Discord

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.080
BTC 61714.34
ETH 1618.58
USDT 1.00
SBD 0.40