Honor 7A
Huawei ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Honor ကနေ အခုနောက်ဆုံး မြန်မာနိုင်ငံဈေးကွက်ကို အရည်အသွေးကောင်းမွန်တဲ့ Honor 7A စမတ်ဖုန်းကို ငွေကျပ် ၁၇၉,၀၀၀ ကျပ်နဲ့ ရောင်းချသွားတော့မှာပဲဖြစ်ပါတယ်။
အခု Honor 7A စမတ်ဖုန်းဟာ အခြားသော Huawei ဖုန်းတွေလိုမျိုးမဟုတ်ပဲ Qualcomm Snapdragon 430 Processor နဲ့ Adreno 505 GPU ကို သုံးစွဲထားတာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုပြီးကောင်းမွန်မှာဖြစ်ပါတယ်။ RAM အနေနဲ့ 3GB ပါဝင်မှာဖြစ်ပြီးတော့ 32GB Storage ပါဝင်မှာပါ။ Storage ထပ်တိုးချင်တဲ့သူတွေအနေနဲ့လည်း MicroSD Card ကနေ ထပ်တိုးလို့ရပါသေးတယ်။
Camera ပိုင်းအနေနဲ့ကတော့ Dual Camera ပါဝင်ပြီးတော့ 13MP + 2MP Back Camera နဲ့အတူ LED Flash ပါဝင်တဲ့ 8MP Front Camera ပါဝင်မယ်လို့ သိရပါတယ်။
Battery ပိုင်းအနေနဲ့ကတော့ 3000mAh Battery ပါဝင်မှာဖြစ်ပြီးတော့ 5.7″ HD+ 18:9 Ratio Display ကြောင့် Battery စားသက်သာမှာဖြစ်ပါတယ်။ Android 8.0 Oreo ကို သုံးထားတဲ့အတွက်နောက်ဆုံး Android Version ကို အသုံးပြုနိုင်မှာပါ။
အခု Honor 7A ဟာ လက်ရှိအချိန်မှာ ငွေကျပ် ၂ သိန်းအောက်ဖုန်းတစ်လုံးကို ဝယ်ယူချင်တဲ့သူတွေအတွက်ကတော့ တော်တော်လေးကို မဆိုးဘူးလို့ သတ်မှတ်ရမှာပါ။
Upvote this: https://steemit.com/free/@bible.com/4qcr2i