သူများထက် ထူးသူ
အခုရေးပြချင်တာကတော့ ဟာသလေးပေါ့။ ရီရတယ် ဆိုတာထက် အကြီးအကဲရဲ့ တုတ်ထိုးအိုးပေါက်ပြောလိုက်မှုကြောင့် ရီမောစရာလေးဖြစ်သွားတဲ့အကြောင်းလေးပါ။ ညနေတိုင်း ၆ နာရီခွဲဆိုလျင် ဘုရားဝတ်တတ်ရသည်။ သတ်မှတ်ထားသည့် နေရာမှာ ထိုင်ပြီး အာရုံစူးစိုက်စွာ ကန်တော့ကြရပါသည်။ နေရာ အတည်တကျ ချပေးထားမှုကြောင့် ထိုင်နေသည့်အခါဆို ညီတန်းပြီး ကြည်ညိုဖွယ်ရာအတိပေါ့။
မိမိတို့ နဲ့ အတန်းတူ သူငယ်ချင်းတစ်ယောက်လည်း ပါတာပေါ့။ သူကတော့ သူများထက်ထူးသည် နည်းနည်းလေး ပိုလိုက်ရမှကို ကျေနပ်သူဖြစ်သည်။ ဘုရာရှိခိုးတဲ့အခါ သူများတွေ လက်အုပ်မိုးပြီး နဖူးထိထားချိန်ဆို သူကထူးပြီး ခေါင်းပေါ်တင်ထားတတ်သည်။ တစ်နေ့ တော့ စာချဆရာတော် တတ်လာတဲ့အခါ တွေ့ပါလေရော ညီညာစွာတန်းထားတဲ့ သံဃာတန်းကို အနောက်ကနေ ကြည့်လိုက်တဲ့ အခါ သူ့ လက်က ထိုးထိုးထောင်ထောင်နှင့်မို့  အကြည့်ရဆိုးတာပေါ့ ။ဒါနဲ့ပဲ ဘုရားရှိခိုးပြီးတဲ့အခါ သူ့ ကို လာပြောပါလေရော စာချဆရာတော်နှင့်တကွ မိမိတို့ အားလုံး သူ့ ကို " ချစ်တီး " ဟုသာ ခေါ်ကြသည်။ အသားလေးမဆိုစလောက်မည်းပြီး ကပ်စေးနဲ့လို့  အမည်ပြောင် ပေးထားကြတာပါ ။
" ဟေ့ ချစ်တီး မင်းက သူများနဲ့မတူဘူး လက်က ဘာလို့  မိုးပေါ်ထောင်ပြီး ကန်တော့ နေတာတုန်းကွ "
" မှန်ပါ ဘုရား ဘုရားဝတ်ပြုရင်း တပည့်တော် သူများထက် ပိုပြီးကြည့်ညိုမိလို့ ပါဘုရား "
" အဲ့လောက် ကြည်ညိုနေရင်လည်း ကိုယ့်ကိုကိုယ် ဓာတ်ဆီလောင်းပြီး မီးပူဇော်လိုက်ပါလားကွ လက်ကြီးကို့ ယို့ ကားယား နဲ့ အကြည်ညိုပျက်တယ် "
စာချဆရာတော် စကားဆုံးတော့ မိမိတို့ အားလုံး မနေနိုင် ဝါးလုံးကွဲ ရီမိပါတော့သည် အော် အမှတ်တရတစ်ခုပေါ့ဗျာ. . .


ကြည်ညိုလွန်းအါးကြီးလို့
မက်တပ်ရပ် ပီးကန့်တော့နေမှဖြင့်
This post has received a 0.55 % upvote from @drotto thanks to: @gunapeya.
Sneaky Ninja Attack! You have been defended with a 1.85% vote... I was summoned by @gunapeya! I have done their bidding and now I will vanish...Whoosh
You just rose by 2.3863% upvote from @therising courtesy of @gunapeya. Earn 43.8% APR by delegating SP to therising. For more details visit: https://steemit.com/budget/@therising/auto-daily-payout-of-43-8-apr-for-steem-power-delegations-starting-from-500-sp-only-limited-period-offer.