မသာတစ်ခေါက် ကျောင်းဆယ်ခေါက်

in #myanmar6 years ago

image

မနေ့ က သေခြင်းတရးကို မမေ့ဖို့  အကြောင်းလေး ရေးပေးခဲ့ပါတယ် ။ မိမိတို့ စိတ်ထဲ တစ်မိနစ် တစ်စက္ကန့် လောက် သတိဝင်မိတာဟာလည်း မရဏာနုဿတိ ပွားများလိုက်သလိုပါပဲ ။ အလွန်ပင် အကျိုးကျေးဇူးများပါတယ် ။ မြန်မာစကားပုံတစ်ခုရှိသည် ။ " မသာတစ်ခေါက် ကျောင်းဆယ်ခေါက် " ဆိုသည့်စကားပါ အနက်အဓိပ္ပါယ်ကိုတော့ သေချာသိကြသည့်သူရယ်လို့  သိပ်မရှိကြပေ ။ မိမိလည်းအရင်က နားမလည်ခဲ့၍ လူကြီးသူမများမေးမြန်းခဲ့ဖူးသည် ။ " သုသာန်က မြို့အပြင်မှာဆိုတော့ မသာလိုက်ပို့ ရတာ ဝေးတယ်လေ ။ ကျောင်းက မြို့ထဲဆိုတော့ နီးတာပေါ့ကွာ ဒါကြောင့် ကျောင်းဆယ်ခေါက်သွားတာ မသာတစ်ခေါက်စာပဲ ရှိလို့  မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ခေါ်တာနေမှာပေါ့ကွ " ဆိုတဲ့ အဖြေကို အမှန်ထင်ခဲ့ဖူးသည် ။

image

နောက်တော့ မိမိစာသင်တိုက်ရောက် အဘိဓမ္မာတို့  ဇာတ်တော်တို့ မှာ သေချာသင်ကြားရတော့ ကိုယ်ဘာသာ ဆက်စပ်တွေးမိလာခဲ့သည် ။ အရင်က အမှားသိတွေကို ဥာဏ်ရှင်းရှင်းနဲ့ အမှန်မြင်အောင် ကြည့်နိုင်ခဲ့သည် ။ ဇာတ်တော်တွေထဲမှာပါပါသည် ဝိသာခါကျောင်းအမတို့  အနာထပိဏ် သူဌေးတို့  ကျောင်းသို့ ခဏခဏ သွားလေ့ရှိသည် ။ သွားတိုင်းလည်း ပန်းရေချမ်းဆီမီးစတုမဓူ စသည့်လှုဖွယ်ပစ္စည်းများပါသွားကြသည် ။ နောက်ပြီး ကျောင်းထဲမှာ အမှိုက်လှဲ သောက်ရေသုံးရေ စသည့် ဝေယျာဝစ္စ ကုသိုလ်အမှုများလည်း ပြုလုပ်ဆောင်ရွက်ကြသည် ။ ထိုကဲ့သို့  ကျောင်းသို့ ဆယ်ခေါက်သွားပြီး ကုသိုလ်ပြုနေခြင်းသည် အသုဘ တစ်ခါလိုက်ပို့ ပြီး " အော် ငါလည်းတစ်နေ့ သေရမှာပါလား။ သေခြင်းတရားက အကြီးအငယ်မရွေးပါလား။ ငါလည်း သေလတ္တံပါလား" ဟု မရဏာနုဿတိကမ္မဌာန်း စီးဖြန်းသည့် ကုသိုလ်နှင့် ညီမျှသည်ဟု ဆိုလိုခြင်းဖြစ်ပါသည် ။ ထို့ ကြောင့် မိမိတို့ လည်း ရနိုင်သမျှသော ကုသိုလ် ယူကြစေချင်သည် ။ မလွှဲမရှောင်သာ နာရေးပို့ ဆောင်ခဲ့ရသည်ရှိသော် ထိုကဲ့သို့ သော အခွင့်အရေးမျိုး လက်မလွှတ်သင့်ပေ။ အနည်းငယ်တော့ ဆင်ခြင်ပွားများနိုင်ကြမည်ဟု ယုံကြည်ပါသည် ။

image

နောက်ထပ်ကုသိုလ် အလွယ်ရနည်းရှိပါသည် ။ နေ့ စဉ်နေ့ တိုင်း ရဟန်းသံဃာများအား နို့ ဃနာဆွမ်းကပ်လှုနေသည့် အကျိုးကျေးဇူးထက် လက်ဖျောက်တစ်ခါတီးစာမျှ မေတ္တာဘာဝနာ ပွားသည့် ကုသိုလ်က ပိုပြီး ကြီးကျယ်မြင့်မြတ်ပါသည်တဲ့။ ထို့ ကြောင့် မိမိရှေ့တွင် ဖြစ်စေ မိမိကွယ်ရာဖြစ်စေ ဒုက္ခရောက်နေသူများတွေ့လျှင် မေတ္တာဓာတ်များ ပို့ လွှတ်စေချင်သည် ။ ဤသူသည် ရေကဲ့သို့ အေးချမ်းပါစေ ။ ပန်းကဲ့သို့  မွှေးကြိုင်ပါစေ။ ကြုံတွေ့နေရသော အခက်အခဲများ ကျော်လွှားနိုင်ပါစေ။ စသည်ဖြင့် မိမိစိတ်ထဲကနေ စူးစူးစိုက်စိုက်ပို့ လွှတ်ပေးခြင်းဖြင့် မိမိကိုယ်တိုင် အေးချမ်းသော အကျိုးခံစားရမည်မှာ အသေအချာပင်။ ရပ်နီး ရပ်ဝေး မည်သူ့ ထံဖြစ်စေ စိတ်အာရုံစူးစိုက်ပို့ လွှတ်လျှင် မေတ္တာ၏ အကျိုးရရှိမှာ ဧကန်မလွဲပင် ။ ယူတတ်ရင် ကုသိုလ် ပွားတတ်ရင် ဘာဝနာဆိုသည့်အတိုင်း မိမိတို့ နောင်ဘဝအခြေလှဖို့ ရာ ကုသိုလ်အထုပ်ကလေး ရသလောက်ထုပ်ပိုးသယ်ဆောင်သွားနိုင်ကြပါစေဟု ဆန္ဒပြုလျက် . . . . .

မိမိအား ချစ်သူ မုန်းသူ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိနိုင်ကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

မရဏာနုဿသတိ ပွားနိုင်‌‌အောင်‌ကြိုးစားပါ့မယ်‌အရှင်‌ဘုရား။

သာဓုပါကွယ် သာဓုပါ

ဦးဇင်းဘုရား တပည်တော်ဦးခိုက်ပါ၏ ဘုရား

လာလည်မယ်နော့ ပျောက်နာကြာပေါ့

တပည့်တော်မမိုးလင်းအစောကြီးဆွမ်းလောင်းပါသည်ပြီးလျှင်မေတ္တာပို့ပဌာန်းရွတ်ဖတ်ပါသည်နေ့စဉ်လုပ်နေတုးံပါသေခြင်းတရားကိုလည်းတွေးမိပါသည်ဘုရာစ

အာစိဏ္ဏကံ ကုသိုလ်အကျိုးကျေးဇူးများလှပါပေ့

သံဝေဂ ယူထိုက်ပါပေါ့ ဘုရား

ဒါပေါ့ ကိုဟိန်းရာ

သံဝေဂရမိပါတယ် ဦးဇင်း ငါလည်း တစ်နေ့ သေရမှာပါလား

အခုတင် မတ်မတ်စု ကုသိုလ်အများကြီးရပြီကွယ်

တရားသဘောဆင်ခြင်မိပါတယ်ဘုရား

ဝမ်းသာမိပါတယ် တတ်တိုးရေ

ကိုယ်တိုင်နှလုံးသွင်း လေ့ကျင့်သင့်တဲ့တရားတွေပါ သတိပေးနေလို့ကျေးဇူးပါဘုရား

ဟုတ်ကဲ့ ဦးစိုးရေ လူ့ ဘဝ ခဏလာလည်တုန်း ရသမျှလေး ယူသွားတတ်စေချင်မိလို့ ပါ

Congratulations @gunapeya! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard - Witness Update
SteemFest³ - SteemitBoard support the Travel Reimbursement Fund.

You can upvote this notification to help all Steemit users. Learn why here!

မသာတစ်ခေါက်ပို့ရင် ကျောင်းဆယ်ခေါက်ရောက်တာနဲ့တူတူဘဲထင်တယ်။သို့သော် မသာပို့သည်ဆိုတာ သံဝေဂရစေချင်လို့ပိုကြတယ်။ခုခေတ်က ထိုသို့မသိကြတော့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်နဲ့ညီပမလားနော်

ဒါကြောင့် သတိမမေ့ကြစေချင်တဲ့ စေတနာနဲ့ ရေးပေးလိုက်ရတာပါ

အားလုံးစိတ်၏ဧချမ်းခြင်းကိုယ်၏ဧချမ်းနှင့်ပြည့်စုံကြစေသော်

ဦးမင်းလည်း ထပ်တူခံစားရပါစေသော်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 67435.35
ETH 3528.53
USDT 1.00
SBD 2.68