လွယ်​လွယ်​​လေးပါ။

in #myanmar6 years ago

"လွယ်​လွယ်​​လေးပါဟယ်။"ဒီစကားသည်​ ကျွန်​မမည်​သည့်​အလုပ်​ကိုမဆိုလုပ်​ကိုင်​သည့်​အချိန်​၌သုံး​သော
စကားဖြစ်​သည်​။ကျွန်​မ၏တပည့်​များသည်​ပင်​ ကျွန်​မအား
"တီချယ်​က​တော့ဘာသင်​သင်​လွယ်​လွယ်​​လေးပါလို့
အမြဲ​ပြောတယ်​​နော်​"ဟု​ပြောကြပါသည်​။
မှန်​ပါသည်​။ထိုစကား​လေးသည်​ကျွန်​မငယ်​ငယ်​ကတည်းကမိမိကိုယ်​မိမိအား​ပေးတတ်​​သောစကား​လေးပင်​ဖြစ်​ပါသည်​။ထိုစကားဖြင့်​မိမိကိုယ်​မိမိအား​ပေးတတ်​​အောင်​ သင်​ကြား​ပေးခဲ့သူမှာကျွန်မ၏ဘဝပန်းချီကားချပ်​အား​ လှပစွာ​ရေးချယ်​တတ်​​စေရန်​သင်​ကြား​ပေးခဲ့သူ ကျွန်​မ၏​လက်​ဦးဆရာ​ရှေ့​ဆောင်​လမ်းပြသူကျွန်​မ၏​ဖေ​ဖေဖြစ်​ပါသည်​။
မှတ်​မိ​နေပါ​သေးသည်​။ကျွန်​မအသက်​၃နှစ်​အရွယ်​တွင်​သရက်​ပင်​​ပေါ်သို့သရက်​သီးတက်​ခူးရန်​ကြိုးစားခဲ့သည်​။
သရက်​ပင်​ခွကြားသည်​သိပ်​မမြင့်​လှ​သော်​လည်း ၃နှစ်​အရွယ်​က​လေးအဖို့မနည်းကြိုးစား၍တက်​​နေရသည်​။ဤသည်​ကိုအ​မေနှင့်​အဘွားမြင်​၍​ဒေါသကြီးစွာဖြင့်
တုတ်​ကိုင်​၍ဆင်းခဲ့ရန်​​ပြောသည်​။ထိုအချိန်​တွင်​ အ​ဖေ
အပြင်​မှပြန်​​ရောက်​လာခဲ့သည်​။
အ​မေနှင့်​အဘွားလက်​မှတုတ်​ကိုဆွဲယူပြီးလွှင့်​ပစ်​​ခဲ့သည်​။အ​မေနှင့်​အဘွားအားလည်းကျွန်​မအား​ရိုက်​သည်​ကို မကြိုက်​​ကြောင်း​ပြောခဲ့​လေသည်​။ကျွန်​မအားအ​ဖေက"​အ​ဖေ့သမီး​လေးကသတ္တိအရမ်းရှိတာ။တဆင့်​ချင်းစီ
တက်​တက်​​ဖြေး​ဖြေးတက်​။လွယ်​လွယ်​​လေးသမီးရဲ့"
ဟူ​သောစကားဖြင့်​အား​ပေးခဲ့​လေသည်​။အ​ဖေ​ပြောသည့်​အတိုင်းတလှမ်းချင်းတဆင့်​ချင်း​ဖြေး​ဖြေးချင်းတက်​သွား
ရာ​နောက်​ဆုံး၌ကျွန်​မသရက်​ပင်​ခွကြားသို့​ရောက်​ရှိသွား​ပါသည်​။ပြန်​ဆင်းရာတွင်​လည်း​အောက်​သို့လုံးဝငုံ့ကြည့်​ခြင်းမရှိဘဲတဆင့်​ချင်းစီဆင်းသွားရာ​မြေပြင်​​ပေါ်သို့​​လွယ်​ကူ​ချော​မောစွာ​ရောက်​ရှိသွားခဲ့ပါသည်​။
အသက်​၅နှစ်​ပြည့်​၍​ကျောင်းစ​နေသည့်​အရွယ်​သို့​ရောက်​ရှိ​သောအခါ၌လည်းအ​ဖေ၏လွယ်​လွယ်​​လေးပါဆိုသည့်​စကားသည်​နားထဲစွဲ​နေခဲ့ပါသည်​။သူငယ်​တန်း​ကျောင်းသူဘဝ၏ပထမဆုံးလပတ်​စာ​မေးပွဲစတင်​​ဖြေရမည့်​အချိန်​၌ကျွန်​မသည်​အရမ်းပင်​စိတ်​လှူပ်​ရှား​နေခဲ့သည်​။
ကျွန်​မ၏စိတ်​လှူပ်​ရှားမှူကိုသိသည့်​ကျွန်​မ၏အ​ဖေသည်​ ကျွန်​မအား"သမီးခါတိုင်းစာ​ရေးသလိုမျိုးပဲ​လေ။သမီးရပြီး
သားစာ​တွေကိုပြန်​စဉ်းစားပြီးတစ်​လုံးချင်းစီပြန်​ချ​ရေး
ရတာကိုစာ​မေးပွဲလို့​ခေါ်တာပဲသမီးရဲ့ဘာခက်​လို့လဲ။လွယ်​လွယ်​​လေး​လေသမီးရဲ့။"ဟုအား​ပေးစကား​ပြော ကြားခဲ့​လေသည်​။
အလယ်​တန်း​ကျောင်းသူဘဝ၌လည်း"စာကျက်​ရတာ
ခက်​လိုက်​တာ"ဟုအ​ဖေ့​ရှေ့ငြီးမိလျှင်​အ​ဖေကစာကျက်
ပုံအားမည်​သို့နှလုံးသွင်းမည်​ကိုသင်​​ပေးခဲ့​လေသည်​။
အ​ဖေ၏စာကျက်​နည်းကား"သမီးစာတပုဒ်​​လုံးကိုမကြည့်​နဲ့။တစ်​​ကြောင်းချင်းစီကိုအရင်​ကြည့်​ပြီးဆိုသွား။
စာ​ကြောင်း​တွေကသမီးမသိတဲ့စာလုံး​တွေနဲ့​ရေးထား
တာရှိလို့လား။တစ်​​ကြောင်းရပြီးမှ​နောက်​တစ်​​ကြောင်းကိုဆိုကြည့်​။ပြီးရင်​၂​ကြောင်း​ပေါင်းဆို။ဒီလိုတစ်​​ကြောင်းချင်းစီဆိုသွားရင်​မရစရာအ​ကြောင်းမရှိဘူး​လေသမီး။လွယ်​လွယ်​​လေးပါသမီးရယ်​။"ဟူ​သောစကားပင် ဖြစ်​​ပါသည်​။
ကျွန်​မ​သည်​​တက္ကသိုလ်​တက်​ရင်းဖြင့်​အသိကုမ္ပဏီတစ်​ခု၏Cosmesticများအား Marketingအချိန်​ပိုင်းအလုပ်​ရခဲ့သည်​။Marketingဆင်းဖို့ကျွန်​မအရမ်းစိုးရိမ်​​နေခဲ့သည်​။"ဘယ်​လို​ပြောရမလဲ။ကိုယ့်​ပစ္စည်းကို
သူတို့ဝယ်​ပါ့မလား။"စသည့်​ပူပန်​မှူမျိုးစုံဖြစ်​ခဲ့သည်​။
ထို့​ကြောင့်​ကျွန်​မ၏ပူပန်​မှူများအားကျွန်​မ၏ အ​ဖေအား
ရင်​ဖွင့်​​ပြောပြခဲ့သည်​။
ထိုအခါ၏ကျွန်​မ၏အ​ဖေကကျွန်​မအားMarketing
ဆင်းသည်​ဟူ​သောအ​တွေးဖြင့်​ပုံကြီးမချဲ့သင့်​​ကြောင်း။
လူ​တွေကိုစကားသွား​ပြောသည်​ဟူ​သောအ​တွေးဖြင့်​သာ
တဆင့်​ခြင်းလုပ်​သွားသင့်​​ကြောင်းအစပြု၍​သင်​ကြား​ပေး
ပါ​တော့သည်​။
"ပထမဦးဆုံးသမီးသွား​ရောင်း​မယ့်​ဆိုင်​ကဆိုင်​ရှင်​ကို
သမီးပြုံးပြုံးက​လေး​နေပြီးသမီး​ရောင်းရမယ့်​ပစ္စည်း
အ​ကြောင်းကိုသမီးပါးစပ်​က​လေးလူပ်​ပြီး
စကား​လေး​ပြောမယ်​။ဒါလည်းဘာခက်​လဲ။သမီးသူငယ်​ချင်း​တွေနဲ့လည်းသမီးCosmetics​တွေအ​ကြောင်းအရင်​တုန်းကမ​ပြောဖူးဘူးလား။အဲဒီလိုစိတ်​ထားလိုက်​​။
ပြီးရင်​အဲဒီဆိုင်​ရှင်​ကသမီးပစ္စည်းကိုယူမယ်​။မယူဘူး ။ပြန်​​ပြောမယ်​။အဲဒါကိုသမီးကပြုံးပြုံး​လေးပြန်​နား​ထောင်​ရုံပဲ​လေ။ဘာခက်​လဲ။လွယ်​လွယ်​က​လေးပဲဟာ။"ဟူ၍
ဖြစ်​​လေသည်​။
အ​ဖေ၏"လွယ်​လွယ်​က​လေးပါ"ဟုအရာရာတိုင်းအား တ​ပေါင်းတစုတည်းမမြင်​ဘဲအစိတ်​စိတ်​အမွှာမွှာခွဲဖြာစမ်းစစ်​သည့်​နည်းအားကျွန်​မသည်​ဘဝ၌အခက်​အခဲများစွာ
ဖြင့်​ကြုံ​တွေ့သည့်​အခါလွယ်​လွယ်​ကူကူပင်​​ကျော်​လွှား
ဖြတ်​​ကျော်​နိုင်​ခဲ့သည့်​အ​တွေ့အကြုံများရရှိခဲ့​လေသည်​။
၎င်းအ​တွေ့အကြုံများစွာထဲ၌မှတ်​မှတ်​ရရအဖြစ်​အပျက်​တစ်​ခုရှိခဲ့ပါသည်​။ကျွန်​မမိဘများထားခဲ့သည့်​အ​မွေအနှစ်​​အိမ်​က​လေးသည်​ပျက်​စီးယိုယွင်းလာခဲ့ပါသည်​။ကျွန်​မသည်​အိမ်​က​လေးအားပြုပြင်​ရန်​​ငွေ​ကြေးလုံ​လောက်​စွာမရှိခဲ့ပါ။ထို့​ကြောင့်​ကျွန်​မသည်​ကျွန်​မအိမ်​က​လေးအား
ဖျက်​ချ၍အခန်း​ပေးအခန်းယူစနစ်​ဖြင့်​ကန်​ထရိုက်​အပ်​ခဲ့ရပါသည်​။
၎င်းကန်​ထရိုက်​တာသည်​စာချုပ်​ပြည့်​သည့်​ရက်​အထိ
ပြီးဆုံး​အောင်​​ဆောက်​လုပ်​ခြင်းမပြုခဲ့ပါ။ရပ်​ကွက်​​ရုံးသို့ ဆင့်​​ခေါ်၍ပြဿ နာအား​ဖြေရှင်းရန်​ကြိုးစားခဲ့​သော်​လည်း
လာ​ရောက်​​ဖြေရှင်းခြင်းမရှိခဲ့ပါ။ထို့​ကြောင့်​ရဲစခန်းတွင်​အမှူဖွင့်​အ​ရေးယူရန်​အ​ကြောင်း​ပေါ်​ပေါက်​လာခဲ့ပါသည်​။
ကျွန်​မဘဝ၌မ​​မျှော်​လင့်​​သောကိစ္စတစ်​ရပ်​ပင်​ဖြစ်​ခဲ့သည်​။ရဲစခန်းဆိုသည့်​​နေရာသည်​အလုပ်​အတွက်​​ထောက်​ခံစာ
ယူသည့်​ကိစ္စမှလွဲ၍ပတ်​သတ်​ဆက်​နွယ်​၍​အကျွမ်းတဝင်
သွား​ရောက်​ဖူးသည့်​​နေရာမဟုတ်​​ပေ။
မတိုင်​ကြား၍လည်းမဖြစ်​သည့်​အ​ခြေအ​နေသို့​ရောက်​ရှိ
ခဲ့​ပေသည်​။ထိုအခါတွင်​ကျွန်​မသည်​အ​ဖေ​ပြောခဲ့သည့်​လွယ်​လွယ်​က​လေးပါဟူ​သောစကားအားအမှတ်​ရခဲ့မိ
သည်​။စခန်းမှူးသည်​လည်းစကား​ပြောဆက်​ဆံ​နေရ
သည့်​လူသားထဲမှလူသားတစ်​​ယောက်​သာဖြစ်​သည်​။တခြားသူများအားလည်းမိမိကိစ္စအကူအညီလိုအပ်​သည့်​အခါများတွင်​အကူအညီ​တောင်း​ဖူး​ပေသည်​။ယခုအ​ခြေ
အ​နေသည်​လည်းအတူတူပင်​ဖြစ်​သည်​။ဘာများခက်​ပါသနည်း။လွယ်​လွယ်​က​လေးပါဟု​ဖြေသိမ့်​ပြီး​ဖြေရှင်းခဲ့ပါသည်​။
ဤကမ္ဘာ​လောက၌မည်​သည့်​အရာမဆို​ပေါင်းစု၍တည်​ရှိ​ဖြစ်​တည်​​နေခြင်းဖြစ်​သည်​။အ​သေးငယ်​ဆုံး​သောအက်​တမ်​ဟူသည့်​အမှူန်​က​လေး၌ပင်​ပရိုတွန်​၊နယူတွန်​နှင့်​အက်​လက်​ထရွန်​ဆိုသည့်​အရာများ​ပေါင်းစပ်​ဖွဲ့စည်း​နေ
ပါသည်​ဟုသိပ္ပံပညာရှင်​များကခွဲခြမ်းစိတ်​ဖြာပြခဲ့ပါသည်​။
လူဟူ​သောပညတ်​ကိုဆံပင်​၊၊အရိုး၊အသား၊သွေးစသည်​ဖြင့်​​ကောဠာသ၃၂ပါးဖြင့်​ခွဲခြမ်းစိတ်​ဖြာကြည့်​ပါက
လူသားဆိုသည့်​ပညတ်​သည်​အဘယ်​မှာရှိအံနည်း။
ထို့အတူအ​ရာရာတိုင်းအားအ​ပေါင်းအစုဟူ၍ရှူမြင်​သုံးသပ်​ခြင်းသည်​မှားယွင်း​သောအမြင်​တမျိုးပင်​ဖြစ်​ပါသည်​။ထို့​ကြောင့်​​လောကီလူသားကျွန်​မတို့သည်​ကိစ္စရပ်​တိုင်း၌ ခွဲခြမ်းစိတ်​ဖြာ​လေ့လာစမ်းစစ်​၍ တဆင့်​ချင်း​လျောက်​လှမ်းသွားပါက​အောင်​မြင်​မှူပန်းတိုင်​သည်
မလွဲမ​သွေကြိုဆို​နေ​ပေလိမ့်​မည်​ဟု​တိုက်​တွန်း၍နိဂုံးချုပ်​ပါသည်​။

အခက်​အခဲဟူသမျှတဆင့်​ချင်း​ဖြေရှင်း၍ လွယ်​ကူစွာ
ဖြတ်​သန်း​ကျော်​လွှားနိုင်​ပါ​စေဟုဆန္ဒပြုရင်း
အိအိခိုင်​​ခံစား​ရေးဖွဲ့သည်​။

MSC No.173.

image
Credited from google images.

Sort:  

"လွယ်လွယ်လေးပါ" အဲလိုခံယူချက်လေးနဲ့ကြိုးစားလျှောက်လှမ်းကြတာပေါ့ မအိရေ

ဟုတ်​ကဲ့မဇင်​​ရေ

စာရေးဆရာကြီး မအိကို အားပေးနေပါတယ် ခင်ဗျာ 😁😁😁😁

ဟီး​နောက်​ပါနဲ့

ဟုတ်ပါတယ်ဗျာ ခက်ခဲတယ်လို့ စိတ်ထဲထင်နေရင်လည်း ဘယ်လိုကျော်ဖြတ်ကြရမလဲ

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင်​။အရာအားလုံးကိုလွယ်​ကူစွာ​ကျော်​ဖြတ်​ကြတာ​ပေါ့ရှင်​။

လွယ်လွယ်လေးပါနော်

ဟုတ်​ကဲ့လွယ်​လွယ်​​လေးပါ။

မှတ်သားစရာပါပဲsis👍

ဟုတ်​ကဲ့​ကျေးဇူးပါ

မအိအဖေရဲ့"လွယ်လွယ်လေးပါ"ဆိုတဲ့စကားက တာသွားလှပေတယ်

ဟုတ်​ကဲ့​ကျေးဇူး

အရမ်း​ကောင်းပါတယ်​ဗျာအား​ပေး​နေပါတယ်

ဟုတ်​ကဲ့​ကျေးဇူးပါ

ကောင်းမွန်သော အတွေးခေါ်များပိုင်ဆိုင်နေသ၍ မအိ အောင်မြင်နေအုံးမှာပါဗျ

ဟုတ်​ကဲ့ရှင့်​​ကျေးဇူးပါ​နော်​။

အခက်​ခဲ​တွေကို လွယ်​ကူစွာ ရင်​ဆိုင်​​ဖြေရှင်းနိုင်​ပါ​စေအမ

ဟုတ်​ကဲ့​မောင်​​လေး​ရေ။ကျေးဇူးအများကြီးတင်​တယ်​​နော်​။

ရေးထား​ကောင်းတယ်​ဗျာ။
ဘဝကို ​ပေါ့​ပေါ့ပါးပါးရင်​ဆိုင်​တာအ​ကောင်းဆုံးထင်​ပါတယ်​။

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65236.35
ETH 3483.12
USDT 1.00
SBD 2.51