လင်းလက်လိုက်စမ်းပါ

in #myanmar8 years ago

image

လင်းလက်လိုက်စမ်းပါ

........... ........... ........... ........... ...........

တခါတလေ
ရှင်သန်နေထိုင်ခြင်းက
ပျင်းရိဖို့ကောင်းတယ်

စာရှည်ရှည် မရေးဖြစ်ဘူး
မရေးချင်တာထက်
ရေးဖို့ အချိန်မရှိနေတာ
ဒါနဲ့ပဲ
ရေပေါ်မှာ အရိပ်တွေ
ထိုင်ရေးနေမိတယ်

ပလုံ...
ငါထင်တာ ခဲလုံးပေါ့
မဟုတ်ဘူး
အိပ်မက် ပြုတ်ကျ သံ
အဲ့ အသံက

လွမ်းရေးထက်
ဝမ်းရေး မခက်ခဲ့ပါဘူး
ငါဆိုတဲ့ ကောင်က
အစာအိမ် ဟာ နေမှာထက်
နှလုံးသားလေး
လစ်ဟာ နေမှာကို ပိုကြောက်တယ်

ရေအသက် တမနက်
ထမင်းအသက် (၇) ရက်တဲ့
မဟုတ်ဘူး
သူမ အပြုံးလေးတချက်သာ မမြင်ရတဲ့
တစက္ကန့်နဲ့တင်
ငါဆိုတဲ့ကောင်
အကြိမ်ကြိမ် သေတယ်

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

Don Jaun

MSC 31

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.093
BTC 63194.91
ETH 1776.43
USDT 1.00
SBD 0.39