Keep Walking

in #myanmar7 years ago

t5n9axz4v5.jpg

Steem ဈေး ဘယ်တော့ တက်မှာလဲ။ ဒီမေးခွန်းကို စိတ်ဝင်စားသူကော ရှိသေးရဲ့လား။ နောက်ပြီး မေးမည့်သူကော ရှိသေးရဲ့လား။ သေချာတာ တခုကတော့ steem ဈေး ကျနေခဲ့သည်မှာ အတော်လေးကို ကြာနေခဲ့ပြီ ဖြစ်၏။ ယခင် 10$ ပတ်ခြာလည်မှာ ရှိနေခဲ့သည့် steem ဈေးသည် ယခုအခါမှာတော့ ပြားဂဏန်းမှာပဲ တ၀ဲလည်လည် ဖြစ်နေတော့၏။ တော်တော်လေးကို တည်တည်ငြိမ်ငြိမ် နေနိုင်လွန်းလှသည့် steem ပင်။

Steem ဈေးက ငြိမ်နေပေမယ့် ကျနော်တို့ကတော့ မငြိမ်နေပေ။ နေ့စဉ်ကို စာရေးပြီး ပိုစ့်တင် ဖြစ်နေ၏။ ယခင် steem ခေတ်ကောင်း၊ ဈေးကောင်းနေတုန်းကတောင် (၂) ရက် တခါလောက်သာ ပိုစ့်တင် ဖြစ်ပေမယ့် ယခုအခါမှာတော့ နေ့စဉ်တိုင်း လိုလို ရေး ဖြစ်နေ၏။ ဈေးပြန်တက်မည့် အချိန်ကို စောင့်ရင်း ဈေးကျတုန်းလေး စာရေး၊ ပိုစ့်တင်ပြီး SP စုနေခြင်း ဖြစ်၏။ ဈေးပြန်တက်လာချိန်ကို မျှော်ရင်းနှင့်ပေါ့။

he8i5hd1k2.png

တချိန်ချိန်တော့ ဈေးက တက်မှာပါလေ။ ဘယ်သူမှ ဘာမှ မပြောလည်း ကိုယ့်ကို အားတင်းရင်းနှင့်ပေါ့။ ရှေ့ဆက်ပြီး ချီတက်ဖို့ ခုလိုပဲ ကိုယ့်ကို အားပေး၊ အားတင်းရင်း ချီတက်ရမည် မဟုတ်လား။ တရက်က ကိုဟိန်း ရေးထားသလိုပေါ့။ တနေ့ တနေ့ စာရေးဖို့ အကြောင်းအရာ ရှာရတာလည်း အမော။ ကိုဟိန်း ပြောသလို တခုခုဆို အမှုမဲ့ အမှတ်မဲ့ မထား မနေတော့ဘဲ မှတ်သားရတာနဲ့ မှတ်တမ်းတင် ဓါတ်ပုံယူရတာနဲ့ တခါတလေ ဓါတ်ပုံ မယူထားဖြစ်တဲ့ အခါမျိုးမှာတော့ online ကနေ သင့်တင့်တဲ့ သက်ဆိုင်တဲ့ ဓါတ်ပုံ ရှာပေါ့။

နေ့စဉ် ရေးမည် တွေးထားတော့ ပိုစ့်တွေက အရေအသွေး လျော့လာ၏။ (အခြားသူများကို ဆိုလိုခြင်း မဟုတ်၊ ကျနော့်ပိုစ့်များကို ကျနော် ဆိုလိုခြင်း ဖြစ်၏) အရေအတွက်ကို ဦးစားပေးလိုက်တော့ အရေအသွေးပိုင်း လျော့နည်းသွားခြင်း ဖြစ်မည် ထင်၏။ ဒီအချက်ကလည်း ပြင်ဆင်ရမည့် အချက်တချက်ပင် ဖြစ်၏။ အရေအတွက်ပိုင်းကော၊ အရေအသွေးပိုင်းကိုကော သေချာလေး ပြင်ဆင် ထိန်းသိမ်း ရမည်။

ဘာတွေ ဘယ်လိုပဲ ဖြစ်နေနေ steem ကတော့ ဆက်လက် ရှိနေဆဲ ရှိနေမြဲ ဖြစ်၏။ ကျနော်တို့ကလည်း ဆက်လက်ပြီး ရေးသားနေဦးမည် ဖြစ်၏။ steem တွေစု SP တွေစုနေကြဦးမည် ဖြစ်၏။

Don Jaun

MSC 31

Sort:  

power down ထားတယ် ရောင်းစားရတော့မယ် ရောင်းပြီး ဈေးတက်တော့လဲ ဝမ်းနဲစွာထိုင်ကြည့် ရုံဘဲကျန်တော့တယ်

ဒိုမီ နင်လုပ်ရင် ဈေးတက်မယ်နော်…)))))

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 60866.94
ETH 1568.75
USDT 1.00
SBD 0.50