လွမ်းမိပါသည် အတိတ်ဆီ

in #myanmar8 years ago

အေးမြလင်းဖြာ လမင်းသာရဲ့
ရှောင်ရှိန်လဲ့လင်း သူ့အဆင်းကို
မေ့သလိုလို စိတ်မှာဆို ။

ငွေရောင်လက်လက် ငွေကြယ်ထွက်လည်း
တွေ့နိုင်ပါဘဲ ကောင်းကင်ထဲသို့
ကိုယ့်စိတ်တို့လဲ မရောက်ဖဲ ။

ငယ်စဉ်ပျော်မွှေ့ တောဓလေ့လဲ
မတွေ့နိုင်တော့လေပြီ။
ရွှေလမင်းဆီ ထမင်းဆီဆမ်း
ရွှေလင်ဗန်းနဲ့ မတောာင်းတတ်ကြတော့ပြီ ။
ကြယ်ရောင်းတွေမှိန် မီးတွေထိန်လို့
ကစားဖို့ဖုန်းကိုယ်စီ ။

လွမ်းမိပါသည် အတိတ်ဆီက
လသာညမှာ ဆော့ကာပျော်မြူး
ကစားဖူးတဲ့ သူငယ်ချင်းများဆီ ။

images (8).jpeg

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

တိုးတက်​မှုနဲ့ဆုတ်​ယုတ်​မှုကယှဉ်​ပြီးပါလာတတ်​ကြတာသဘာဝပါ။
ရေးထားတာ​လေး​ကောင်းတယ်​။
ဒိုမီ​လေးဆီ မ​ရောက်​ဖြစ်​တာ​တောင်​ကြာသွားပြီ။
အ​တွေးအမျှင်​​တွေကလည်း ထွက်​လည်းထွက်​နိုင်​ပါတယ်​​နော်​။😁

လာလည်တာကျေးဇူးပါဗျာ လူများတော့ စုံအောင် ကျွန်တော်လည်း ရောက်ဖြစ်ဖုးရယ်

😀😀😀

Amazing. Bro😍

ဂျိုးဥ တို့ စာဥတို့ကိုလွမ်းမိပါ့ဟယ်

ဂျိုးဥတော့ကြောက်တယ်ဗျာ

ကဗျာလည်းရေးတက်ပီပေါ့ ဒိုမီ

ဟုတ် ရမ်းတုတ်ပါဗျာ သူများတွေလို သိပ်နားမလည်တော့ လေးလုံးလေး လေးဆစ်ချကြည့်တာ ဟုတ်မဟုတ် ကွကိုယ်တောင် မသိဘူး ။

ကလေးဘဝကို ပြန်လည် လွမ်းဆွတ်မိပါတယ်ဗျာ

အော် လွမ်းအောင် လုပ်မိလေပြီ

ကဗျာဆိုတာ နှစ်​လုံးသားကလာတဲ့ပဲ့တင့်​သံ

right ယု နိ စာတွေ အရမ်းကောင်းလာတယ်

တို့လဲ လွမ်းမိပါသည်။

ဂယ် ကွီးရွှေ

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.074
BTC 63337.80
ETH 1663.24
USDT 1.00
SBD 0.41