19/10/2017 Post From Steemit Myanmar

in #myanmar7 years ago (edited)

19/10/2017 မြန်မာ steemit မှ post များပါ ကျွှန်တော့် ဦးနှေက် သေးသေးလေးနဲ့ ရေးထားပါသဖြင့် အမှားများကိုလည်း ထောက်ပြပြောဆိုကြပါအုံးဗျာ

  1. ငါးခူ မွေးနည်း အကြောင်းကို ကိုယ်တွေ့ လေးနဲ့ ပေါင်းပြီး ရေးသားထားပါတယ် မွေးမြူရေးနှင့် ပတ်သက်သော ဗဟုသတ ရရှိစေမည့် post လေးဖြစ်ပါတယ်

ငါး (ငါးခူ) မွေးမြူ နည်း

image

2 . မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာ ယူကြပြီး ကိုယ့်အမှားကိုသင်ခန်းစာယူဖို့ပဲ အာရုံမစိုက်ကြပဲ ကိုယ့်အရင် လူတွေ လုပ်ခဲ့ဖူးတဲ့ အမှားတွေကို ကိုယ်နဲ့ သင့်လျော်တဲ့ အပိုင်းတွေမှာ လေ့လာဆွေးနွေး သင်ခန်းစာ ယူကြဖို့ တင်ပြဆွေးနွေးထားပါတယ်

အမှားတွေကနေသင်ခန်းစာယူမယ် (KC Myanmar)

3 . Online ငွေရှာမှု ပြုလုပ်လာပြီး တွေ့ကြုံလာရတဲ့ ဒုက္ခများ scam ဒုက္ခ များနှင့် ရင်းလိုက်သည်ပင် ဆုံးရှုံးရပုံ steemit နဲ့ တွေ့လာမှ အဆင်ပြကာ 70$ ပင် စုဆောင်းမိထားပြီဖြစ်ကြောင်း ရင်ဖွင့်ထားတာကို အင်္ဂလိပ်လိုရေးသားထားသော ဆောင်းပါးလေးတစ်ပုဒ် ဖြစ်ပါတယ်

Road to steemit

4 . ကျူးကျော်ရပ်ကွက်ကလေးမှ အဆင့်မြင့်ကာ မြေကွက်အပိုင်လေးနဲ့လက်သမား ကိုစံမောင် မိသားစု အကြောင်းလေးပါ ဇာတ်လမ်းက အပိုင်းဆက်နဲ့ဆက်ရန် အခုမှနည်းနည်း ဆိုတော့ သိက်မပြောတတ်သေးပါ နောက်အပိုင်းတွေလည်း အတူတူ ဆက်ခံစားကြမယ်ဗျာ

“ မှိုင်းမိနေကြသူများ ”အပိုင်း1

5 .ဒီတစ်ခါတော့ HIV romantic ပဲ ပြောရမလား ကိုယ် HIV ဖြစ်နေတယ် လမ်းခွဲလိုက်ပါတော့ ဆို ဟင့်အင်းဟင့်အင်း ကိုကိုမှ ကိုကို စွဲနေပြီ ခွဲနိုင်ဘူး ဆိုသလို ဘာမှ ဂရုမစိုက်ပဲ HIV + ဖြစ်နေသူနဲ့ လက်ထပ်မဲ့သူများအတွက် HIV ပညာပေးစာပေများပါ လက်ထပ်မည့် သူမှ မဟုတ်ပါ အ့ခားသူများလည်း ဖတ်သင့်ပါတယ် အရင်ကတည်းက HIV POSTတွေ ရှိထားလို့ အထူးညွှန်းစရာမလိုလောက်ပါ

HIV/ AIDS အ​မေးအ​ဖြေများ အပိုင်း ၅ HIV/ AIDS (Q&A Part-5)

6 . မိခင်မေတ္တာဖွဲ့ လေးတစ်တစ်ခုပါ steemit ရဲ့ ပင်တိုင် post လေးတစ်ခုပေါ့ ဗျာ steemit အဖွဲ့သားအတော်များများ ရေးတာဖတ်ဖူးပါတယ် ခုလဲ ဘယ်လို ပုံစံနဲ့ ဖွဲ့ထားတယ်ဆိုတာ

image

မိဘများရဲ့မေတ္တာ

7 . မုန့်ဖိုးများများ မရရှာတဲ့ ကောင်လေးတစ်ယောက် မုန့်ပင်မစားနိုင်ဘဲ ရလာတဲ့ မုန့်ဖိုးနည်းနည်းလေးတွေကို စုပြီး မျက်နှာဖုံးလေးတွေကို အရူးအမူး စွဲလန်းစွာဝယ်တတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းလေးပါ ဝမ်းနဲဖွယ်အဖြစ်အပျက်လေးကို ခံစာကြရမှာပါ

အတုများ (အပိုင်း ၂)TinMyoAung

8 . စကားပြောဆိုဆိုရာတွင် မကြောက်တတ်သူများ စကားပြောကောင်းသူများဖြစ်ဖို့ ဆွေးနွေးထားပါသည် ။ အရမ်းကောင်းပြီး Ahtar Oo တောင် အဆစ်ယူထည့်ထားသော post ကောင်းတစ်ပုဒ်ပါ စကားပြောကောင်းသူမျာ့းဖြစ်အောင် လေ့ကျင့်ပုံ ကလေးငယ်လေးများအား လေ့ကျင့်ပေးနည်းကအစ ပါရှိသဖြင့် မှတ်သားထိုက်ပါပေတယ်

စကားပြောကောင်းသူတစ်ယောက် ဖြစ်လာစေရန်

9 . ဘာသာရေးနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ဆောင်းပါးလေးပါဗျာ စာရေးသူမှ ဘုရားတွင် ဆုတောင်းခြင်းနဲ့ပတ်သက်လို့ ရေးပြထားပါတယ်

အသုံး ချတာ မမှားစေချင်

10 . ကောင်မလေးသုံးယောက် အကြောင်း အမျိုးသမီးတစ်ဦးမှ ဗေဒင်လာမေးရာမှ ဗေဒင်ပညာအစွမ်း ဟောပြောပုံလေးနဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်အောင်ရေးသားထားပါတယ် ။ ဆရာတင်လက်ရာဖြစ်တယ်ဆိုတာနဲ့တင် ဘယ်လောက်ကောင်းတယ်ဆိုတာ သိကြမှာပါ ။

နီနီစိုး မျိုးမျိုးလွင် ခင်ခင်ဝေ Tin Hlaing Oo (Thayet)

11 .အပိုင်းနဲ့ ဖြစ်တာကြောင့် တစ် ရော နှစ်ပါ ဖတ်မှ အဆင်ပြေ ပါလိမ့်မယ်ဟထင်ပါရဲ့ ဇာတ်လမ်းကောင်းလေးဖန်တီးထားသော်လည်း ကျွှန်တော့်အမြင် ယုတ္တိလေး နည်းနည်း ပီပြင်ရန်လိုအပ်သလိုထင်မိပါတယ် အကြောင်းအရာပြည့်ပြည့်စုံစုံရေးပါက ရေးစရာပိုများပြီး ပိုဆွဲဆောင်နိုင်မည့် ဇာတ်လမ်းမျိုးဖြစ်မှာပါ ။တောက်ကျိ ကိုယ်တော် အကြောင်းထဲက ထိသမျှ ရွှေဖြစ်စေအောင် လုပ်ပေးခဲ့တဲ့ဇာတ်လမ်းလေးလဲ သတိရမိပါသေးတယ် ။

လောဘအလို အပိုင်း(၂)

12 . အစပိုင်းမှာ တော့ ကလေးငယ်လေးများအား ဖုန်းမသုံးစေကြောင်းရေးထားပြီး လူကြီးမိဘ ဆရာသမားများရဲ့ ဆုံးမစကားကိုနားထောင်ဖို့ သူငယ်စဉ်က ဝမ်းနည်းဖွယ် အဖြစ်အပျင်လေးတစ်ခုနဲ့ တင်ပြထားပါတယ် ။

အနာဂါတ်ရဲ့ ကြယ်ပွင့်ကလေးများအတွက်(3)

13 . coin mining များအကြောင်းနှင့် Burst Coin Mining အကြောင်းကို မြန်မာစာ နှစ်ဘာသာဖြင့် ဖော်ပြထားပါတယ်

Burst Coin Mining ????? Part ( 2 )

14 . myanmar steemit မှ အချို့သော အကြောင်းများနှင့် သူ၏ steemit ပေါ်အမြင် steemit ကြောင့် ခံစားချက်များအားဟသီကုန်း ရေးသားတတ်လာပုံတို့ကို ဖော်ပြထားပါတယ် ။

ဖွဲမီး

15 . ကြီးကြီး ဖြစ်သူ နေမကောင်းဖြစ်၍ ကြီးကြီဆီ သွားရာလမ်းမှာပါ လမ်းခရီးနဲ့ မသွားခင်အကြောင်းလေး ရေးထားပါတယ် နောက်တစ်ပိုင်းဆက်မှာဖြစ်ပြီး ခုတော့ လမ်းမှာ ရပ်နေပါတယ် ဘယ်လိုသဲထိတ်ပြီး ရင်ဖို့မလဲ အတူစောင့်ကြရအောင်ဗျာ

သည်းထိတ်ရင်ဖို ထိုတစ်ည

16 . Gift Boxes ပြုလုပ်နည်းလေးပါ တဲ့ Steemit မှာ စက္ကူဖြင့် ပြုလုပ်နိုင်သော အရုပ်ကလေးများ အစရှိသဖြင့် ပြုလုပ်နည်းများကို တင်ပြပေးနေကျ Asterkame မှ ပြုလုပ်ပြထားပါတယ်

How to Make Gift Boxes

17 . ငယ်ငယ်က ဖိုးဖိုးဖွားဖွား ဖေဖေမေမေ တို့ရဲ့ ပုံပြင်များကို ကျွှန်တော်တို့ နားထောင်ခဲ့ဖူးပါတယ် steemit ရဲ့ ပုံပြောကောင်းတဲ့ဆရာဆို လူတိုင်းတောင် သိလောက်ပြီထင်ပါတယ် ဒီတစ်ခါလဲ ဥစ္စာပစ္စည်းများကို ဘယ်လို ထိမ်းသိမ်းမလဲ အလိမ်မခံရအောင် ဘယ်လိုကာကွယ်မလဲ အသိပညာတိုးပွားစေမည့်ပုံပြင်လေးတစ်ပုဒ် နဲ့ရေးဖွဲ့ထားပါတယ် ခံစားကြည့်ကြပါအုံးဗျာ ။

DQmNXrRD9HoXUdopRsBzasgW5nyoCqz9bybhdRvD4uhCUTD.png

တန်ဘိုးရှိသောပုံပြင်လေးများ (valuable Stories_Old Tiger Gives Golden Bangle) Episode 4

18 . မြန်မာစာပေ ကို ထိမ်းသိမ်းတတ်စေရန် စေတနာဖြင့် ရေးသားထားသောစာ လေးလဲဖြစ်ပါတယ် မြန်မာစာပေ ပျောက်ပိက်မှာကို စိုးရွှံ့မိကြောင်း ရေးသားထားတာပါ facebook မှာ တွေ့မြင်နေရသော စာအပျက်များကို လိုက်ရင် ကျွှန်တော်ပင် ရောယောင်သွားခဲ့ဖူးပါသည် ။ မြန်မာစာပေ မပျောက်ပျက်ဖို့ ကျွှန်တော်တို့ မြန်မာလူမျိုးတိုင်း လ်ုက်နာသင့်တာကြောင့် ဖတ်ပြီး လိုက်နာနိုင်ကြပါစေ

ပျက် ပျောက်

19 . မြို့မှ ဘုန်းကြီးကျောင်းသားလေးတစ်ယောက် ရွှာကိုအပြန်မှာ ခံစားချက် ရွှာမှ ကြီးတော်အား ဘုရားဖူးခေါ်လာတဲ့လအတွေ့အကြုံလေးတွေကို ပထမပိုင်း အနေနဲ့ရေးထားပါတယ်

ကျွန်တော်နှင့်ကြီးတော်

20 . ရွှေကို ဘယ်လိုရှာမယ်ဆိုတဲ့ နည်းလမ်း ရွှေမှော်မှာရှာတဲ့နည်း မဟုတ်ပါ အောင်မြင်ရေးနည်းလမ်းနဲ့ ပတ်သက်တဲ့ အတွေးအမြင်လေးတွေပါ ။

ရွှေရဲ့ နည်းလမ်းများ

22 . လမ်းအမျိုးအစများနှင့် လမ်းခင်းခြင်းအကြောင်း ဘယ်လိုလမ်းက ဘယ်လိုသင့်တေယ်တယ်ဆိုတာတွေကို ဖော်ပြပေးထားပါတယ် လူတိုင်း ခရီးသွားဖူးပြီး လမ်းတွေနှင့် ရင်းနီးနေတာကြောင့် လမ်းအကြောင်းကလည်း သိထားထိုက်ပါတယ် ။

သယ်ယူပို့ဆောင်ရေးကဏ္ဍ (Highway)

23 . ဖားကလေးများအရောင်ပြောင်းလဲကဲ့သို မိမိ နေထိုင်ရာ ပေါင်းသင်းဆင်ဆံရာတွင် လိုက်လျှောညီထွေဖြစ်အောင် ပြောင်းလဲ ဆက်ဆံသင့်ကြောင်း လူမှုဆက်ဆန်ရေး ပညာပေးဆောင်စပါးလေးတစ်ပုဒ်ပါ

ဖားတစ်ကောင်လိုကျင့်ကြံပါ

24 .ဒါလေးလဲ အပိုင်းဆက်လေးတစ်ခုပါဘဲဗျာ ဆယ်တန်းကျောင်းသားဘဝတုန်းက ခံစားချက်လေးကို ပြန်လည် ခံစားတင်ပြထားတာပါ

ပန်​​တွေးဖြစ်​ခဲ့သည့်​ ​နေ့ရက်​များ

25 . တန်ဆောင်တိုင် သွားရောက်ခဲ့တဲ့ အတွေ့အကြုံလေးကို ပြန်လည် ဖော်ပြထားပါတယ် ။ အပိုင်းဆက်နဲ့ ခပ်တိုတို လာထားပါတယ် စာတိုတိုကြိုက်သူများ ခဏလေးနဲ့ ပြီးစေမှာပါ စာလုံးက screen rotate လုပ်ပြီးမှ အဆင်ပြေတာကြောင့် ဖုန်းလေးစောင်းဖတ်ဖို့ သတိပေးလိုက်ပါရစေ ခဏလောက် အချိန်ပေး ဖတ်လိုက်ကြပါအုံးဗျာ

ကျွန်​​တော်​​နှင့်​ပြင်​ဦးလွင်​တန်​​ဆောင်​တိုင်​ အပိုင်း (၃)

post အားလုံးအတွက်လည်း တစ်ခုလောက်ပြောချင်တာလေးက comment လေးတွေ သူများ post ဖတ်တာလေးတွေ ပြန်နည်းသွားသလိုပါ ပုံထည့်တဲ့သူတွေလည်း နည်းလာပါတယ် ထင်မြင်ချက်လေတွေပြောတာပါဗျာ

MSC . 9

Photos credit; Google Image

domelay (အတွေးမျှင်လေးများ)

Sort:  

Thank for your sharing

welcime ပါ

ဟားးး တော်တော်အလုပ်ဖြစ်နေတယ်ပေါ့လေ

ဒါပေါ့် ဒါပေါ့်

@minnowpond1 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

thanks for your support

very good post ..

Now i can see all post from this creative.

Thank for knowledge!

thank you thank you / thank you သာပြောရတယ် ကိုယ်လဲ ကောင်းကောင်းနားမလည်ဘူး ဟီးဟီး

ကံကောင်းလျှင်တစ်ချက် စိတ်ကူးကောင်းတော့ တစ်သက်

အဲ ဆိုပါလား

အလုပ်အကိုင်တွေကောင်းနေတယ်ပေါ့လေ ဒိုဒို ခ်ခ်ခ်ခ်

အဲ ကိုသာအေးကြီးဆီက သသ်ယူရပါအုံးမယ် အများကြီး

review က နေ နည်းစနစ်တစ်ခုရသွားတယ်ပေါ့လေ

အကို့ post မှာရွှေးထားတဲ့လေ ကောင်မလေးတွေကို အနောက်က ပင့်ရိုက်ထားတဲ့ပုံလေး ကြိုက်လို့ ပြန်သုံးထားတယ်နော်

ငါ့ဟာမှမဟုတ်တာသုံးစေဗျား

@alchemage has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

😱😱😱

😀😀😀

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64512.68
ETH 2615.54
USDT 1.00
SBD 2.82