ပြန်​​တွေးဖြစ်​ခဲ့သည့်​ ​နေ့ရက်​များ

in #myanmar6 years ago

FB_IMG_1507098759364.jpg

အတိတ်​ဆိုတာတခါတ​လေ ပြန်​​တွေးရင်
ကြည်​နူးရသလို နာကျင်​ရတာ​တွေလည်း
ရှိတယ်​။ အနိမ့်​မြင့်​အတက်​ကျများလွန်း
တဲ့ဘဝမှာရင်​နာစရာ​တွေကများပါဘိနဲ့ ။
ကိုယ့်​ဘဝကိုယ်​ ​ကျေနပ်​ခဲ့ရတာရှိသလို
မ​ကျေမနပ်​နဲ့ ဘဝကိုခရီးဆက်​​နေရတာ​တွေလည်း ရှိတယ်​။

အောင့်​​မေ့တမ်းတခြင်း​ကင်းသောအတိတ်​ဆိုတာ​တော့မရှိသ​လောက်​ပါပဲ ။ တွေးတတ်​၊ ယူတတ်​ မယ်​ဆိုရင်​​တော့ အတိတ်​ဟာ အတုယူစရာ​တွေ ကြိုးစားစရာ​တွေသင်​ခန်းစာ တွေတပုံ တပင်​ ကြီးပါ။ ချ​ရေးတိုင်းစာမဖြစ်​သလို​တွေးတိုင်းလည်း အတိတ်​မဖြစ်​ပါဘူး။

လွမ်းစရာ​ဆွေးစရာ ၊ အတူ​နေခွဲခွာ ချစ်​ကြိုက်​ ပြီးအ​ကြောင်းတစုံတရာ​ကြောင့်​ခွဲခွာခဲ့ရတာ​တွေက ဝမ်းနည်းစရာပိုများ
သလိုပဲ ။

ကျ​နော့်​အတွက်​ တချိန်​ကအမှတ်​ရစရာ ၊ မှတ်​မှတ်​ရရ အတိတ်​​လေးတခုက​တော့
ဆယ်​တန်း​ကျောင်းသားဘဝက အချိန်
လေးပါပဲ ။ ဆယ်​တန်းပထမတစ်​နှစ်​ကျ​တော့ မိဘ​တွေက ငါ့သား ဒီမှာ​နေရင်
အ​ပေါင်းသင်းစုံတယ်​ ဒီနှစ်​​တော့
မြို့ မှာဘော်​ဒါ​ဆောင်​​ပြောင်းတက်​​တော့ဆိုပြီး မြို့ ကိုပို့ တယ်​ ။

လွမ်းပြီ​လေ ...
ရွာနဲ့တခါမှမခွဲဖူး၊မိဘနဲ့ဆို​ပိုဆိုး
ဘယ်​လိုမှမ​ပျော်​ ။ ​ဘော်​ဒါ​ဆောင်​ဆို​တော့ သိတဲ့အတိုင်း အပြင်​ထွက်​ချင်​တိုင်း
မထွက်​ရ ​ရောက်​​ရောက်​ခြင်း ပညာကစမ်း​သေးတာဒီ​ကျောင်းသား ပညာအရည်​အချင်းဘယ်​​လောက်​ရှိလဲ၊ ဉာဏ်​ရည်​ ဘယ်​​လောက်​​ကောင်းလည်း၊ စည်းကမ်း ဘယ်​​လောက်​​သေဝပ်​လည်း သူတို့ ဘာ​တွေ ထိန်းသိမ်းဖို့ လိုလည်း စသဖြင့်​​ပေါ့ ပြီးရင်​ ဘာသာစုံ အ​မေးအမြန်း အဖတ်​အရှူ့ မ​ပေး တခါတည်းတန်းပြီးစာ​မေးပွဲစစ်​တာ
..
ကျ​နော်​ကလည်း ကံ​ကောင်းတဲ့ ဘ​မောင်​ပဲ​လေ ချက်​ဆို နားခွက်​ကမီး​တောက်​ပြီးသားအ​စောကြီးထဲက အဲ့သတင်းကြားပြီး အိမ်​က ထွက်​​ပြေးမိလို့ စာ​မေးပွဲမ​ဖြေဖြစ်​လိုက်​တဲ့စာ​တွေ ပြန်​​နွေးပြီးမှသွားတာ။(ရွာ​တော့သိက္ခာကျမခံဘူး။ ဒီရွာက​ကျောင်း သား​တော်​တယ်​ဆိုတာပဲ
ဖြစ်​ချင်​တာ။) စာ​မေးပွဲ စစ်​​တော့ ဘာသာ
စုံအထိအခိုက်​မရှိ လွတ်​လွတ်​ကျွတ်​ကျွတ်​​အောင်​ပွဲဆင်​နိုင်​ခဲ့တယ်​။ ဘာသာစုံ​အမှတ်​​ကောင်းနဲ့​အောင်​မြင်​​အောင်​​ဖြေနိုင်​​တော့ ကိုယ်​​တွေးတာက ငါ​တော့ဖြင့်​ အဆင်​​ပြေပြီ​ပေါ့ ။အခွင့်​​ရေး​လေးဘာ​လေးရပြီ​ပေါ့ ။

အ​တွေး နဲ့လက်​​တွေ့ တက်​တက်​စင်​​အောင်​လွဲမှန်း​နောက်​ပိုင်းမှ သိလာရတယ်​။ဘော်​ဒါ​အောင်​ချက်​​ကောင်းပြီး ဂုဏ်​ထူးရှင်​ များများထွက်​​အောင်​ train ​ပေးချင်​လို့ တမင်​တကာ ဉာဏ်​ရည်​စစ်​တဲ့ စာ​မေးပွဲ
တဲ့  ။

သေ​ရော​လေ .. အဲ့မှာစ​တွေ့ တာ ကိုယ်​ကပညာအရည်​ချင်းဆို ဘွဲ့ ရ​တော်​ပြီပဲမှန်း တာ။ ဆရာဝန်​လည်း မဖြစ်​ချင်​ ၊ အင်​ဂျင်​နီ
ယာ ဆို​ဝေး ဝါသနာပါတာ ဘာမှကိုမရှိတာ။ အိမ်​ကတက်​ခိုင်း လို့သာ တက်​​နေရတာ ရွာမှလည်း ဆယ်​တန်း​အောင်​အ​ရေအတွက်​က လက်​ဆယ်​​ချောင်း​တောင်​ မပြည့်​​သေး​တော့ ရွာကလူ​တွေက လည်း ​အောင်​​စေချင်​တယ်​ ။ အား​​ပေး ကြ တယ်​ ။

images (4).jpg

ကိုယ်​ကလည်းသွားသာတက်​​နေရတာ
တောင်​​ပေါ်တက်​ ရွှံ့ ခွာ၊လောက်စာလုံးလုံး၊ငှက်​ပစ်​ ။ ပင်​လယ်​ထဲဆင်းငါးဖမ်း၊​ရေငုပ်​ တရွာနဲ့တရွာ ချိန်းပြီး​ဘောကန်​ ၊ခြင်းခတ်​ ၊ ပွဲ​ လန်းသဘင်​တွေရှိရင်​ အဖွဲ့ လိုက်​သွားမယ်​ မိန်းမပိုးမယ်​ ၊ အရက်​ခိုး​သောက်​​၊​ဆေးလိပ်​ခိုး​သောက်​ နဲ့ပဲ ​ပျော်​​မွေ့ ​နေချင်​ခဲ့တာ​လေ ။

ဒါ​ပေမယ့်​ ငယ်​ငယ်​ထဲက အဲ့​အ​တွေး​တွေ စိတ်​ကူး ထဲပဲရှင်​သန်​​နေခဲ့ရတယ်​ ။
က​လေးဘဝရယ်​လို့ လွတ်​လပ်​ခွင့်​အပြည့်​အဝ မရခဲ့ ။ အ​​မေ၊ အ​ဖေ ​တွေထက်​အ​ဒေါ်​တွေ အဖိုးအဖွား​တွေကပိုဆိုး ဟိုမသွားရဒီမသွားရ နဲ့​လှောင်​ချိုင့်​ထဲကငှက်တစ်​​ကောင်​လိုပဲ စိတ်​ညစ်​စရာအပြည့်​ ။

ကိုယ်​​နေချင်​သလိုမ​နေရ သွားချင်၊ ​သလိုမသွားရ စားချင်​သလိုမစားရအရာရာချုပ်​ချယ်​​နေကြ​တော့ က​လေးသဘာဝ စိတ်​ညစ်​ရသည်​​ပေါ့ ။

မြို့ ​ရောက်​ပြန်​​တော့ အပီကဲမဟဲ့ ဆိုပြီး
ကျိတ်​​ပျော်​လာတာ မြို့ ရောက်​ပြန်​​တော့
မှန်းချက်​နဲ့ နှမ်းထွက်​မကိုက်​ အစားအစာက စ​ကေးနဲ့  ​လေတာ​ပေါ့ အိမ်​ကိုအလွမ်း ဆုံးအချိန်​ကို​ပြောပါဆိုရင်​အဲ့အချိန်​ပဲ ။

အစားအစာစ​ကေးနဲ့  အိပ်​ရာထချိန်​ကအ​စောကြီး ညအိပ်​ရာဝင်​ချိန်​က ​နောက်​ကျ
စိတ်​ညစ်​တာဗျာ ..ပြန်​​ပြေးချင်​စိတ်​ကို
ပေါက်​တယ်​ ။

အိမ်​မှာ​နေတာထိုင်​တာမလွတ်​လပ်​တာက
တမျိုး ​ဘော်​ဒါ​ရောက်​​တော့ ​နေရတာပိုဆိုး
ပြီ​လေ ။ '' ကျားက ရှင်​ထက်​ဆိုးတယ်​'' ဆိုတာ လက်​​တွေ့ ယုံလိုက်​မိတယ်​။

ဘော်​ဒါတက်​​နေရင်း သူငယ်​ချင်း​သုံး​ယောက်​နဲ့ စိတ်​တူကိုယ်​တူ​ပေါင်းမိတယ်​။

download (2).jpg

သူတို့က​တော့ကျ​နော့်​ထက်​​ ​ဘော်​ဒါ​ရောက်​တာတစ်​ပတ်​​လောက်​​စောတယ်​။ ကျ​နော်​အပါအဝင်​ဆို​တော့ ​လေး​ယောက်​ ..

လေး​ယောက်​​ပေါင်း​တော့ ​လောင်း​ကျော်​ပြီ​လေ ။ ​နေ​သေားမကျခင်​ညဉ်းညူ​နေကြ​ပေမယ့်​ ​နေသားကျလာကြ​တော့ ...

ဆက်​လက်​​ရေးသားပါဦးမည်​ ..။
...
Steemit member ဝင်​ ညီအစ်​ကို​မောင်​နှစ်​မများအားလုံး ကိုယ်​ချမ်းသာစိတ်
ကျန်းမာလိုရာဆန္ဒပြည့်​ဝကြပါ​စေ ။
...

Author by @ahkhayar
Image by google

Sort:  

လွမ်းမိတယ်ဗျာ တက္ကသိုလ်ကျောင်းသားအချိန်ကို ကျွန်တော်တို့က နှစ်ယောက်ပေါင်း ဝါးလုံးကျော်ခဲ့ကြတာ မဝင်ရ ဝါးလုံးတားထားတဲ့နေရာ ဘူမှမဝင် ကျော့်တို့နှစ်ယောက်ဘဲ ဆိုင်ကယ်နဲ့ ကျော်ဝင်ခဲ့တာဗျာ ပြန်တွေး ခုထိ လွမ်းမိတုန်းဘဲ

ပြန်​မရနိုင်​​တော့တဲ့ အတိတ်​​တွေ

Thank you 😃

ကျောင်းသားဘ၀ ပြန်လိုချင်မိတယ်

ငယ်​ရည်းစားရှိခဲ့လား 😃

Good Post Bro! I like this post.

Thank for you support.

Congratulations @ahkhayar! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ဒီအချိန်ကျောင်းတော်ကြီးရဲ့အလယ်မှာ စိန်ပန်းတွေလည်းပွင့်နေပီကွာ အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ လွမ်းရယ်မပြေဘူးကျောင်းသားဘ၀ ငါတို့ကျောင်းသားဘဝ

အ​ရော အ​ရွေှာတ်​​ကောင်းဗျာ 😁😁

👍👍👍

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87