လေ့လာတီထွင်မှုကိုဆက်လုပ်ပါ

in #myanmar8 years ago (edited)


မင်္ဂလာပါဗျ။
ကျွန်တော်တို့တွေ အင်တာနက်ဆိုတာကြီးနဲ့ ရင်းနှီးကျွမ်းဝင်ရှိလာတာနဲ့အမျှ အင်တာနက်ကနေ ရရှိလာတဲ့ ကောင်းခြင်း ဆိုးခြင်းတွေလည်း ကူးစက်ကုန်ပါတယ်။ အင်တာနက်ဆိုတာကြီးက အင်မတန်ကျယ်ပြန့်ပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုနေတာကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အင်တာနက်ကို အသုံးပြုပီးတော့မှ ဘာတွေရကြလည်း လို့ ပြန်မေးမိတဲ့အခါရှိကြမလားတော့မသိပါဘူး။ ကျွန်တော့အနေနဲ့ကတော့ရှိပါတယ်။ ဘာပြန်ရလည်း လို့မေးမိပါတယ် မိမိကိုယ်ကို။ အဲ့လိုမေးတဲ့အခါတိုင်း ပြန်စဉ်းစားမိပါတယ်။ အချိန်တွေပေးရတယ် ငွေတွေကုန်တယ်။ အဓိကကတော့ အဲ့၂ခုကုန်ပါတယ်။ နောက်ပီး ကိုယ်လုပ်စရာရှိတာတွေ နှောင့်နှေးလာတယ်။ သူငယ်ချင်းမိတ်ဆွေတွေနဲ့မတွေ့ဖြစ်တာတွေရှိလာတယ်။ အင်တာနက်ကဂိမ်းတွေပဲဆော့ပီး မိတ်ဆွေတွေနဲ့မတွေ့ဖြစ် မလည်ဖြစ်တော့ပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ချိန်းပီး တွေ့တယ်ဆိုရင်တောင်မှ ကိုယ့်ရဲ့ဖုန်းကို ကိုယ်ပွတ်နေတာတွေပဲများပါတယ်။ ။
အင်တာနက်ကို သုံးရင်ဘာတွေရလည်း လို့ပြန်တွေးလိုက်တဲ့အခါ.. ပျော်ရွှင်မှုတွေကို အနည်းနဲ့အများရပါတယ်။ နည်းပညာတွေ၊ ပညာရပ်တွေကို လေ့လာဆည်းပူးလို့ရပါတယ်။ အချိန်ပေးနိုင်ရင်ပေးနိုင်သလို ဗဟုသုတတွေရပါတယ်။ ကုန်ကျစာရိတ်တွေတော့ရှိတာပေါ့။ အင်တာနက်ခ မီတာခ စတဲ့ ကုန်ကျစာရိတ်တွေကို အကုန်အကျခံနိုင်တယ်ဆိုရင်တော့ အင်တာနက်ကနေ အများကြီး ပြန်ယူလို့ရပါတယ်။ ခုဆိုရင် အင်တာနက်ကနေ မိမိရဲ့ အတွေးအမြင်လေးတွေကို အများမြင်သာအောင် ပြောပြတာတွေ၊ မိမိ အတွေ့အကြုံလေးတွေကို မျှဝေပေးတာတွေ၊ မိမိဝါသနာပါတဲ့ အရာတွေကို အများကို မျှဝေတာတွေ၊ မိမိ သိထားတဲ့ သတင်းအချက်အလက်တွေ မျှဝေပေးတာတွေကနေမှ မိမိတို့အတွက် တစ်ပိုင်တစ်နိုင်ဝင်ငွေလေးတွေရှာလို့ရနေပါပီ။ ။
နောက်ပီး အင်တာနက်ကိုအသုံးပြုပီးတော့ တစ်ယောက်နဲ့တစ်ယောက် နီးစပ်နိုင်ပါတယ်။ ကမ္ဘာကြီးရဲ့ တစ်ဖက်ကနေမှ နောက်တစ်ဖက်ကို အင်တာနက်အသုံးပြုပီး အလွယ်တကူ ဆက်သွယ်နိုင်ပါပီ။ မိတ်ဆွေဖွဲ့နိုင်ပါပီ။ ပညာရပ်တွေ အမျိုးမျိုးကိုလည်း မျှဝေပေးကြပီး လေ့လာနိုင်ပါပီ။ ယဉ်ကျေးမှုတွေကိုလည်း မျှဝေပီး ခံစားနိုင်ပါပီ။ အင်တာနက်က ရွာကြီးတစ်ရွာလို့တောင် တင်စားခေါ်ဝေါ်ကြပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် နီးစပ်နိုင်သလို နည်းပညာတွေလည်း မျှဝေနိုင်ပါသေးတယ်။ အဲ့ဒါတွေတင်မကပဲ စီးပွားရေးလည်း လုပ်နိုင်ပါသေးတယ်။ မိမိရဲ့ရောင်းကုန်ကို အင်တာနက်ပေါ် တင်ပေးပီး ဈေးနှုန်းသက်မှတ်ပြလိုက်ရုံနဲ့ ဝယ်ချင်တဲ့သူက မိမိကို ဆက်သွယ်လာပီး မိမိရဲ့ ရောင်းကုန်ပစ္စည်းကို ဝယ်ယူကြပါတယ်။ အဲ့ဒါကြောင့် စီးပွားရေးအခွင့်အလမ်းတွေလည်း တိုးလာပါတယ်။
အဲ့ဒါဆိုကောင်းပီ နည်းပညာတွေ ဗဟုသုတတွေ က မျှဝေလာတာကြာပီ ခုဆိုကုန်နေလောက်ပီဆိုပီး မိတ်ဆွေထင်ပါသလား။ ကျွန်တော်ကတော့မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ နည်းပညာတွေ ဗဟုသုတတွေဆိုတာ အချိန်ရှိတာနဲ့အမျှ အသစ်အသစ်တွေ ထွက်ပေါ်နေလို့ပါ။ လူသားတွေက တီထွင်တာတွေကို ဘယ်တော့မှ ရပ်တန့်မသွားပါဘူး။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့တွေ ခုလိုအခြေအနေကိုရောက်လာကြတာပါ။ ပညာရပ်တွေကလည်း ရိုးမသွားသွားပါဘူး။ လူသားတွေအမြဲမွေးဖွားနေတာကြောင့် ပညာရပ်တွေသင်ကြားဖို့လိုအပ်ပါတယ်။ ဘယ်ပညာရပ်မဆို သင်ကြားလို့ ဆုံးသွားတယ်ဆိုတာမရှိပါဘူး။ ဥပမာအားဖြင့် မုန့်လုပ်ငန်းကိုပဲမြင်ကြည့်ပါ။ မုန့်တစ်ခုပြုလုပ်ပါတယ်။ ပီးရင် အဲ့ဒီမုန့်ကို အရသာကောင်းမွန်အောင်ပြုလုပ်ရပါတယ်။ ပီးရင် အသွင်အပြင်ကြည့်ကောင်းအောင်ပြုလုပ်ရပါတယ်။ နောက်ပီး ဈေးနှုန်းသင့်တင့်အောင်သက်မှတ်ရပါတယ်။ အဲ့ဒါတွေပီးရင် ရောင်းချဖို့နေရာရှာဖွေရပါတယ်။ ဒါဆိုရင်တော့ အကြမ်းအားဖြင့် ပီးသွားပါပီ။ ။
ကျွန်တော်ပြောခဲ့သလိုပဲ လူသားတွေက တီထွင်မှုတွေကို ရပ်မထားပါဘူး။ ဒီမုန့်တစ်ခုကနေ နမူနာယူပီး နောက်ထပ် မုန့်တစ်ခုကိ တီထွင်ဖန်တီးပါတယ်။ ဒီအခါ ဘယ်လိုအရသာဖြစ်အောင်လုပ်မယ်၊ ဘယ်လိုပုံစံလုပ်မယ်၊ ဘယ်လိုလူတွေကြိုက်တတ်လည်း၊ အရွယ်အစား ဘယ်နှစ်မျိုးထုတ်လုပ်မလည်း စတဲ့ စဉ်းစားတွေးခေါ် တီထွင်မှုတွေနဲ့ အသစ်အသစ်တွေဖြစ်လာမှာဖြစ်ပါတယ်။ ဒါက မုန့်ကိုပဲ ပြောပြတာရှိပါသေးတယ်။ နောက်ထပ် ပြောရရင် အများကြီးအများကြီး ကျန်ပါသေးတယ်။ မိတ်ဆွေတို့လည်း အနည်းနဲ့အများတော့ တွေးမိကြမယ်ထင်ပါတယ်။ မိမိနဲ့နီးစပ်ရာနီးစပ်ရာတွေကိုပေါ့။ ပညာတစ်ခုဟာ တတ်မြောက်တာနဲ့ မပီးဆုံးသွားပါဘူး။ အမြဲလုပ်ဆောင်နေရပါမယ်၊ အမြဲတီထွင်နေရပါမယ်၊ အမြဲဆန်းသစ်နေရပါမယ် အဲ့ဒါမှ တိုးတက်မှုဆိုတာရှိလာမှာပါ။ လူတိုင်းကတိုးတက်ချင်ပါတယ်။ ဒါပေမဲ့ တိုးတက်အောင်လုပ်တဲ့နည်းလမ်းတွေမတူကြပါဘူး။ အဓိက ကတော့ မိမိမှာ တိုးတက်ချင်တဲ့စိတ်ရှိဖို့ပဲလိုပါတယ်။ အဲ့ဒါမှပဲတိုးတက်အောင် တွေးတော ကြံဆလာကြမှာဖြစ်ပါတယ်။

writer caesarsupaimin
MSC-025

Sort:  

We must let go of the life we have planned, so as to accept the one that is waiting for us.

You got a 13.29% upvote from @slimwhale courtesy of @caesarsupaimin!

Did you know you can make a passive income by simply delegating steem power?
@slimwhale offers the best return on your investment, sharing 100% of the bidding pool rewards, daily, proportional to your investment.
Let's grow together, start earning now by clicking the following links: 10SP, | 50SP | 500SP, | any amount |
For more information, see here or join me on Discord

လေ့လာတီထွင်မှု ဆက်လုပ်နေမှ တိုးတတ်မှု ရှိမှာပေါ့။

မှန်ပါတယ်ဗျ

You got a 20.00% upvote from @upyou thanks to @caesarsupaimin! Send at least 0.1SBD or 0.1STEEM to get upvote for next round.

ပြီးပြည့်​စုံသွားတယ်​ဆိုတာမရှိပါဘူး စဉ်​ဆက်​မပြက်​ ​လေ့လာသင်​ယူ​နေရတာပါ ​သေဆုံးသွားမှပဲ သင်​ယူမှူက ရပ်​တန့်​သွားမှာပါ

That's right bro

လေ့လာတီထွင်မှုတွေ ရပ်ထားရင်တော့ ဒီနေ့ ခေတ်မီပစ္စည်းတွေသုံးရမှာမဟုတ်ဘူး လေ့လာမှုတွေ မရပ်ခြင်းအကျိုးကျေးဇူးတွေပေါ့ဗျာ

မှန်​ပ ဗျာ

အွန်လိုင်းကနေများစွာသောအလုပ်တွေကိုလုပ်ကိုင်လို့ရနေတာပါပဲ
လိုအပ်ချက်တွေတော့ရှိသေးတယ်
ကိုယ်တေက မသိနားမလည်ရင်တော့ အဆင်မပြေဘူး
ဂိမ်းပဲဆော့နေရင်လည်း အဆင်မပြေဘူး။
အမြဲလေ့လာနေတဲ့သူတ်ေတောင်လေ့လာလို့မကုန်နိုင်တဲ့အချိန်ကာလမှာ တချို့တွေဂိမ်းအသားကုန်ဆော့ကျတာ စိတ်မကောင်းစရာပါပဲ။ခဏတာပျော်ရွှင်မှုကနေ ဘဝတွေပျက်နိုင်တဲ့အထိဖြစ်သွားနိုင်တယ်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.080
BTC 62014.14
ETH 1664.68
USDT 1.00
SBD 0.47